မင်းတုန်းမင်း ဆောင်တော်ကူးရာမှ စတင်ပေါ်ပေါက်လာဟန်ရှိတဲ့ မှတ်မှတ်သားသား ဗန်းစကားများ (ဗဟုသုတတွေလဲ ရပါတယ်)

မင်းတုန်းမင်းကြီး ခမျာ မိဖုရား ၊ မောင်းမ၊ မိဿံ ကိုယ်လုပ်တော်တွေက ၁၉၆ ယောက်။ တစ်နှစ်ကို ၃၆၅ ရက်။ တစ်နှစ်နေလို့ မိဖုရားတစ်ပါးဆီ နှစ်ကြိမ် ဆောင်တော်ကူး နိုင်ဖို့တောင် မလွယ်။ “ဆောင်တော်ကူး” ဆိုတဲ့စကားကလည်း အဲသည်က အစပြုခဲ့တာ။

ယောက်ျားများ မိန်းမရှုပ်ပြီဆိုရင် ယဉ်ယဉ်ကျေးကျေးနဲ့ ပြောချင်တဲ့အခါ “ဆောင်တော်ကူး” နေပြီလို့ ပြောကြတယ်။ တစ်ချို့ မောင်းမငယ်၊ ကိုယ်လုပ်တော်ငယ်တွေများ ဘုရင့်အနားမှာ တော်ကောက်ခံရ ၊ လာဘ်ထိုးခံရ၊ ဆက်သခံရ လို့သာ ရောက်လာရတာ… ဘာမှ,ကို နားလည်သေးတာ မဟုတ်။

ဒီတော့လည်း …လူပျိုတော်သား တချို့နဲ့ ငြိစွန်းကြတာပေါ့။ မင်းတုန်းမင်းကြီး သိတော့ အမိန့်ထုတ်လိုက်တယ် “အနောက်ဆောင်သို့ ကူးသော ယောက်ျား ဟူသမျှ -တ်စေ”….ဆိုပြီး တစ်ချက်လွှတ် အမိန်တော် ထုတ်ပြန်လိုက်တယ်။ အဲ့ဒိနောက် … လူပျိုတော်သားတွေကလည်း ဘာရမလဲ မိန်းမလို ဝတ်ပြီး အနောက်ဆောင်ကို ဝင်ကြ ထွက်ကြသပေါ့။

မင်းတုန်းမင်းကြီး သိသွားပြန်တော့ အမိန့်ထပ်,ထုတ်လိုက်တယ်။ အနောက်ဆောင် အဝင်မှာ သစ်သားဘောင်ကို တန်းထိုးစေပြီး “အနောက်ဆောင် အဝင် ၊ အထွက်ပြု သူဟူသမျှ ထို ဘောင်တန်းမှ ကျော်ခွ၍ ဝင်စေထွက်စေ”…ဆိုပြီး အမိန့်ထုတ်လိုက်ပြန်တယ်။

ဘောင်တန်းအား …သင်းကွပ် ( ဟိုအစေ့ အထုတ်ခံထားရသောမင်းမှုထမ်း)ဓားထမ်း နှစ်ဦးမှ နေ့ ညဉ့်မပြတ် ခစား ထမ်းရွက်စေပါတယ်။ရှေးတုန်းက အမျိုးသမီးတွေ ဝတ်တဲ့ ထဘီ ဆိုတဲ့ဟာကလည်း ဗြန့်ထဘီ(အကွင်းမဟုတ်)သိတော်မူတဲ့ အတိုင်းပဲ။ဘောင်တန်းကို ခွကျော်လိုက်တာနဲ့ ဒူးအထက် ပေါင်တွင်းသားကို လှစ်ကနဲ မြင်ရသတဲ့။

ရှေးခေတ် ယောက်ျား ဆိုတာကလည်း ထိုးကွင်းမင်ကြောင်က ဒူးအထက် ပေါင်တံတစ်လျှောက် အပြည့်ထိုးထားရတာဆိုတော့ကား ဘောင်တန်းကို ခွကျော်လို့ ပေါင်တွင်းသားကို လှစ်ကနဲ မြင်ရတဲ့ချိန် ထိုးကွင်း မင်ကြောင် မြင်တာနဲ့သင်းကွပ် အစောင့်များက ဖ-မ်းသ-တ်လိုက်ရော။

အဲသည်က အစပြု လို့…အချင်းချင်းပြဿနာ တစ်စုံတစ်ရာတက်ကြရင်…”ဟေ့ကောင်….မင်း စကားပြောတာ ကြည့်ပြော””ဘောင်ကျော် မလာနဲ့…တန်းကျော် မလာနဲ့””မင်း စကားတွေက ဘောင်ကျော်နေပြီ။ tay သွားမယ်။ ငါ့ ဘာမှတ်နေလဲ” ဆိုတဲ့ စကားပေါ်လာပြန်ရော။

အချစ်ဆိုတာကလည်း ခက်တယ် ခိုးစားရတဲ့ အသီးက ပိုချို တယ်ဆိုတဲ့ စကားအခံက ရှိနေလေတော့ လူပျိုတော်သားအချို့ဟာ အတော် ဒုက္ခများကုန်တယ်။ မိန်းမလို ဝတ်ပြီးတော့ အနောက်ဆောင်ကို ဝင်လို့ကလည်း မရတော့ဘူးလေ။ ဒါပေမဲ့…လူဆိုတာ ကြံရင်း tayရတယ်မို့လား မောင်းမ ကိုယ်လုပ်တော်တွေ ရေချိုးတော့ နန်းတော်ဆောင်ရဲ့ မြောက်ဘက်မှာ မြောက်ဥယျာဉ်တော်ကန်တောင်ဘက်မှာ ဘုတ်တလုတ်ကန် ရှိတယ်။

အဲသည်ကန်တွေက အခုသာ ဘာမှ မရှိတာရယ် ဘုရင်ခေတ်တုန်းက ပန်းမန်ဥယျာဉ်တွေနဲ့ အတော်လေးသာယာဆိုပဲဗျ။ ကန်ထဲမှာကလည်း ကြာမျိုးစုံပန်း တွေနဲ့ ဝေဆာလှပပြီးနေတာပေါ့။

အခုပြောချင်တာက အဲသည်မှာ စတာပဲ။ မောင်းမ ကိုယ်လုပ်တော်တွေ ရေချိုးဆင်းချိန် နီးရင် လူပျိုတော်သားတွေက ရေကန်ထဲက ကြာရွက်တွေ အောက်မှာ ပုန်းရင်း စောင့်နေကြရတယ်။

မောင်းမ ကိုယ်လုပ်တော်တွေက ကြာရွက်အောက်က စောင့်နေဖို့ပြောလို့မလွယ်လို့ မျက် စောင်းကလေးထိုးပြီး မျက်နှာရိပ် မျက်နှာကဲနဲ့ အချက်ပြတာကို “ကြာကြည့် ကြည့်တယ်”လို့ ပြောကြတယ်။

မောင်းမတွေ ရေထဲဆင်းပြီ ဆိုတော့မှ… ဆိုင်ရာ ဆိုင်ရာ ကြာရွက်အောက်မှာ ခိုပြီး ချိန်းတွေ့ကြရသပေါ့လေ။ အဲသလို…အဲသလို ကြာရွက်အောက်မှာ ခိုပြီး ချိန်းတွေ့ကြရာကနေပြီး ကြာခို တယ် ဆိုတဲ့ စကားလုံး ပေါ်လာရတယ်။

အဲသလို ကြာရွက်လေးအောက် ခိုရင်း မောင်းမတွေနဲ့ ကူလီကူမာ စကားတွေ ဆိုကြရာက..

“ကြာကူလီ” ဆိုတဲ့ စကားလုံး ပေါ်လာခဲ့ပါကြောင်းခင်မျာ..

Unicode

Credit

Be the first to comment on "မင်းတုန်းမင်း ဆောင်တော်ကူးရာမှ စတင်ပေါ်ပေါက်လာဟန်ရှိတဲ့ မှတ်မှတ်သားသား ဗန်းစကားများ (ဗဟုသုတတွေလဲ ရပါတယ်)"

Leave a comment

Your email address will not be published.

*