ဘိုလီဗီးယားမွာျဖစ္ပြားခဲ့တဲ့ ေအာ့အန္ျခင္း၊ ေသြးထြက္ျခင္းအစရွိတာေတြကို ျဖစ္ပြားေစတဲ့ ရွားပါးဗိုင္းရပ္စ္ဟာ လူတစ္ဦးကေန တစ္ဦးကို ကူးစက္ေစနိုင္တယ္လို႔ သိပၸံပညာရွင္ေတြက ေတြ႕ရွိခဲ့ၾကပါတယ္။ အဆိုပါဗိုင္းရပ္စ္ဟာ အီဘိုလာဗိုင္းရပ္စ္နဲ႔အလားသ႑ာန္တူညီၿပီး ကူးစက္ခံရသူ ငါးဦးမွာ သုံးဦးအထိ ေသဆုံးေစနိုင္တဲ့အထိ ဆိုးက်ိဳးျဖစ္ပြားေနတယ္လို႔ သိရပါတယ္။
ႂကြက္ကတဆင့္ကူးစက္တဲ့ ဒီဗိုင္းရပ္စ္ကို ၂၀၀၄ ခုႏွစ္က ဘိုလီဗီးယားၿမိဳ႕ေတာ္ လာပါ့ဇ္ရဲ့ အေရွ႕ဘက္ မိုင္ ၃၇၀ အကြာက Chapare ေက်းလက္ေဒသမွာ ေတြ႕ရွိခဲ့တာျဖစ္ၿပီး အဆိုပါနာမည္ကိုပဲ ေပးခဲ့ကာ Charpare Virus လို႔ ေခၚတြင္ခဲ့ပါတယ္။ သုတသနအသစ္ေတြျပဳလုပ္ခ်က္အရဆိုရင္ လူနာအမွတ္သုညက အစျပဳပ်ံ႕ႏွံ့ခဲ့ပုံေတြနဲ႔ ေသေစနိုင္မွုေတြကို ေဖာ္ထုတ္နိုင္ခဲ့ပါတယ္။
၂၀၁၉ ခုႏွစ္အတြင္းက အဆိုပါဗိုင္းရပ္စ္ဟာ ဘိုလီဗီးယားနိုင္ငံတြင္းမွာ outbreak ျဖစ္ပြားခဲ့ၿပီး အီဘိုလာနဲ႔ မတူကြဲျပားေပမယ့္လည္း ေသြးလြန္တုပ္ေကြးေရာဂါကို ျဖစ္ေပၚေစသလို အသက္အႏၲရာယ္စိုးရိမ္ရတဲ့ ကိုယ္တြင္းအဂၤါပ်က္စီးျခင္းနဲ႔ ေသြးထြက္ေစျခင္းေတြကို ျဖစ္ပြားေစနိုင္တယ္လို႔ သုေတသီေတြက အတည္ျပဳနိုင္ခဲ့ပါတယ္။
လက္ရွိမွာေတာ့ ဒီဗိုင္းရပ္စ္ကို ကုသဖို႔အတြက္ အေထာက္အကူျပဳေစာင့္ေရွာက္မွုနဲ႔ ေသြးသြင္းျခင္းကလြဲၿပီး က်န္ကုသနည္းမရွိေသးဘူးလို႔ သိရပါတယ္။ ေနာက္ထပ္ေရာဂါေဝဒနာေတြအျဖစ္ ဖ်ားနာျခင္း၊ ေခါင္းကိုက္ျခင္း၊ ဗိုက္နာျခင္း၊ အဖုအပိန႔္ထြက္ျခင္းနဲ႔ သြားဖုံးေယာင္ရမ္းျခင္းေတြ ျဖစ္ပြားတတ္တာကို ေတြ႕ရွိခဲ့ရၿပီး ႂကြက္ရဲ့ ဆီး ဒါမွမဟုတ္ ျပင္းထန္တဲ့အဆိပ္ေတြကို ထိေတြ႕မွုကေန ကူးစက္ခံရတယ္လို႔ ယုံၾကည္ရပါတယ္။
အေမရိကန္ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးစင္တာက ေဒါက္တာ Caitlin Cossaboom က သူမရဲ့ သုေတသေနေတြ႕ရွိခ်က္ေတြကို တနလၤာေန႔က ျပဳလုပ္ခဲ့တဲ့ အေမရိကန္အပူပိုင္းေဒသေဆးပညာနဲ႔ တစ္ကိုယ္ေရသန႔္ရွင္းေရးႏွစ္ပတ္လည္အစည္းအေဝးမွာ တင္ျပခဲ့ပါတယ္။ အသက္ ၆၅ ႏွစ္အရြယ္ လယ္သမားႀကီးတစ္ဦးက လူနာအမွတ္သုညအျဖစ္သတ္မွတ္ခံခဲ့ရၿပီး သူ႔ဆီကတဆင့္ အသက္ ၂၅ ႏွစ္အရြယ္ ဆရာဝန္တစ္ဥိးကို ထပ္မံကူးစက္ခဲ့ကာ စတင္ျပန႔္ပြားခဲ့တယ္လို႔ သူမရဲ့ တင္ျပခ်က္မွာ ပါရွိခဲ့ပါတယ္။
သတင္းေကာင္းတစ္ခုအျဖစ္ကေတာ့ အဆိုပါဗိုင္းရပ္စ္ပိုးဟာ အပူနဲ႔ ပိုးသတ္ေဆးေတြေၾကာင့္ အလြယ္တကူထိခိုက္လြယ္တဲ့အတြက္ ကမၻာလုံးဆိုင္ရာကူးစက္ျပန႔္ပြားမွုမျဖစ္နိုင္ဘူးလို႔ ကၽြမ္းက်င္ပညာရွင္ေတြက မွတ္ခ်က္ျပဳခဲ့တာပဲျဖစ္ပါတယ္။
———-
ဘိုလီဗီးယားမှာဖြစ်ပွားခဲ့တဲ့ အော့အန်ခြင်း၊ သွေးထွက်ခြင်းအစရှိတာတွေကို ဖြစ်ပွားစေတဲ့ ရှားပါးဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါဗိုင်းရပ်စ်ဟာ အီဘိုလာဗိုင်းရပ်စ်နဲ့အလားသဏ္ဍာန်တူညီပြီး ကူးစက်ခံရသူ ငါးဦးမှာ သုံးဦးအထိ သေဆုံးစေနိုင်တဲ့အထိ ဆိုးကျိုးဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကြွက်ကတဆင့်ကူးစက်တဲ့ ဒီဗိုင်းရပ်စ်ကို ၂၀၀၄ ခုနှစ်က ဘိုလီဗီးယားမြို့တော် လာပါ့ဇ်ရဲ့ အရှေ့ဘက် မိုင် ၃၇၀ အကွာက Chapare ကျေးလက်ဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါနာမည်ကိုပဲ ပေးခဲ့ကာ Charpare Virus လို့ ခေါ်တွင်ခဲ့ပါတယ်။ သုတသနအသစ်တွေပြုလုပ်ချက်အရဆိုရင် လူနာအမှတ်သုညက အစပြုပျံ့နှံ့ခဲ့ပုံတွေနဲ့ သေစေနိုင်မှုတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်းက အဆိုပါဗိုင်းရပ်စ်ဟာ ဘိုလီဗီးယားနိုင်ငံတွင်းမှာ outbreak ဖြစ်ပွားခဲ့ပြီး အီဘိုလာနဲ့ မတူကွဲပြားပေမယ့်လည်း သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်ပေါ်စေသလို အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုယ်တွင်းအင်္ဂါပျက်စီးခြင်းနဲ့ သွေးထွက်စေခြင်းတွေကို ဖြစ်ပွားစေနိုင်တယ်လို့ သုတေသီတွေက အတည်ပြုနိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ဒီဗိုင်းရပ်စ်ကို ကုသဖို့အတွက် အထောက်အကူပြုစောင့်ရှောက်မှုနဲ့ သွေးသွင်းခြင်းကလွဲပြီး ကျန်ကုသနည်းမရှိသေးဘူးလို့ သိရပါတယ်။ နောက်ထပ်ရောဂါဝေဒနာတွေအဖြစ် ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ အဖုအပိန့်ထွက်ခြင်းနဲ့ သွားဖုံးယောင်ရမ်းခြင်းတွေ ဖြစ်ပွားတတ်တာကို တွေ့ရှိခဲ့ရပြီး ကြွက်ရဲ့ ဆီး ဒါမှမဟုတ် ပြင်းထန်တဲ့အဆိပ်တွေကို ထိတွေ့မှုကနေ ကူးစက်ခံရတယ်လို့ ယုံကြည်ရပါတယ်။
အမေရိကန်ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာက ဒေါက်တာ Caitlin Cossaboom က သူမရဲ့ သုတေသနေတွေ့ရှိချက်တွေကို တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်အပူပိုင်းဒေသဆေးပညာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးနှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ အသက် ၆၅ နှစ်အရွယ် လယ်သမားကြီးတစ်ဦးက လူနာအမှတ်သုညအဖြစ်သတ်မှတ်ခံခဲ့ရပြီး သူ့ဆီကတဆင့် အသက် ၂၅ နှစ်အရွယ် ဆရာဝန်တစ်ဥိးကို ထပ်မံကူးစက်ခဲ့ကာ စတင်ပြန့်ပွားခဲ့တယ်လို့ သူမရဲ့ တင်ပြချက်မှာ ပါရှိခဲ့ပါတယ်။
သတင်းကောင်းတစ်ခုအဖြစ်ကတော့ အဆိုပါဗိုင်းရပ်စ်ပိုးဟာ အပူနဲ့ ပိုးသတ်ဆေးတွေကြောင့် အလွယ်တကူထိခိုက်လွယ်တဲ့အတွက် ကမ္ဘာလုံးဆိုင်ရာကူးစက်ပြန့်ပွားမှုမဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက မှတ်ချက်ပြုခဲ့တာပဲဖြစ်ပါတယ်။
Be the first to comment on "ကြွက်မစင်ကနေ ကူးစက်တဲ့ ဗိုင်းရပ်စ်အသစ်တမျိုး လူကိုလည်း ကူးစက်နိုင်ကြောင်း တွေ့ရှိ"