တချိန်က မြန်မာ့ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသား တစ်ဦးဖြစ်ခဲ့တဲ့ “တာတေကြီး”အကြောင်း … လေ့လာမိ သလောက်…

တချိန်က မြန်မာ့ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသား တစ်ဦးဖြစ်ခဲ့တဲ့ “တာတေကြီး”အကြောင်း … လေ့လာမိ သလောက်။

တာတေကြီးအကြောင်းကို ကျနော် မမှီလိုက်ပါဘူး။

သူ့ရုပ်ရှင်တွေလည်း မကြည့်ခဲ့ဘူးပေမယ့် လေ့လာမိသ လောက် အနည်းငယ်ကို ဗဟုသုတ အဖြစ် ဖေါ်ပြလိုက် ရပါတယ်။

“တာတေကြီး”ဆိုတဲ့…ရုပ်ရှင်မင်းသားကြီး တယောက် ဟာ သူ့ခေတ်သူ့အခါက ပြိုင်စံရှား မင်းသား တစ်ဦးပါ။

ကိုလိုနီခေတ်က မင်းသားတွေထက်ကို ပိုပြီးတော့ ဝင်ငွေကောင်းတဲ့ မင်းသား တစ်ယောက်လဲဖြစ်ပါတယ်။

သူ့ရဲ့ ထူးခြားတဲ့ရုပ်ရည်ကြောင့် သိုက်နန်းစောင့်၊ဘီလူး၊ သရဲကား၊စုန်းကားတွေမှာ အရမ်းအောင်မြင်ကျော်ကြား ခဲ့ပြီး ထိုခေတ်က အရမ်းနာမည်ကြီးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ မူလရုပ်အသွင်မှာ ရုပ်ရှင်ထဲကလို မဟုတ်ပါဘူး ။ ချောမောပြီး…”ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်” လို့လည်း သိရှိရပါတယ်။

သို့ပေမဲ့ “တာတေ”ဟာ အရပ်လေးတော့ ပု ပါတယ်။ သူဟာ သူ့အရပ်အမောင်းကို စိတ်တိုင်းမကျ ဘဲ အရပ်ရှည်ချင်မိပါတယ်။

ထိုခေတ်အခါက ဆေးရုံ နဲ့ ဆေးခန်းတွေမှာကလည်း ယနေ့ခေတ်လို ခေတ်မှီ တဲ့ ဆေးဝါးတွေက မတိုးတက်သေးတော့…”တာတေ”ဟာ ရမ်းသမ်းပြီး ဆေးတွေ မထိုးရဲ မသုံးရဲဖြစ်နေခဲ့ပါသည်။

တနေ့မှာတော့ “တာတေ”နေထိုင်တဲ့ ရွာကို နာမည်ကြီး ဆေးဆရာတစ်ဦး ရောက်လာခဲ့ပါတယ်။

ဒီဆေးဆရာရဲ့ ဆေးက စွမ်းတာကိုလည်း “တာတေ” က ကြားသိထား တော့…ဆေးဆရာထံ သွားရောက် ပြီး ကုသလို့…

ဆရာ က ဆေးဖော်ပြီး ပေးလိုက်တဲ့အခါ ကိုယ်လုံးကိုယ်ထည် ကြီးမားဖို့နဲ့ အရပ်ရှည်ချင်တဲ့ ဇောတွေကြောင့်…သူဟာ “တန်ဆေး၊လွန်ဘေး” ဆိုတဲ့…စကားအတိုင်း…ဆေးကို လိုတာထက် ပိုပြီးတော့ သောက်ခဲ့မိပါတော့တယ်။

ဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ “တာတေ”ဟာ… သာမာန်လူတဦးထက် ကြီးထွားလာခဲ့တဲ့အပြင် သူ့ရဲ့… မျက်နှာကလည်း ရှည်လာခဲ့ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ် သွားခဲ့ရရှာပါတော့တယ်။

သူ့ရဲ့ လက်ရှိရုပ်ရည် ကြောင့် စိတ်ဓာတ်တွေကျပြီး ဘဝ ကို အဆုံးသတ်လိုက်ချင်ပေမဲ့…

ကံ အားလျှော်စွာနဲ့ပဲ… ဒီဆိုးဝါးတဲ့ ရုပ်ရည်ရဲ့အကျိုးကြောင့် တခြားမင်းသားများ ထက် “တာတေ့”ကို ပိုပြီး နာမည် ကျော်ကြားလာစေခဲ့ သလို

ဝင်ငွေကောင်းသော မင်းသားတစ်လက်အဖြစ်လဲ သူ့ခေတ် သူ့အခါက အရမ်း အောင်မြင်ခဲ့ပါတော့တယ် ။

ဖတ်ဖူး၊ကြားဖူးသမျှတွေကို ဗဟုသုတ အဖြစ်ပြန်ပြီး… ရေးသားထားတဲ့အတွက် လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါတယ်။

Unicode

Credit – NyiMin (From Reality Show) လေးစားစွာ ခရက်ဒစ်

Be the first to comment on "တချိန်က မြန်မာ့ရုပ်ရှင်လောကရဲ့ နာမည်ကြီး မင်းသား တစ်ဦးဖြစ်ခဲ့တဲ့ “တာတေကြီး”အကြောင်း … လေ့လာမိ သလောက်…"

Leave a comment

Your email address will not be published.

*