ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်း တစ်ရွက်ကို သိန်းချီတန်နေတဲ့ ရှားပါး မြန်မာ့ငွေစက္ကူတွေအကြောင်း

စံလင်းနဲ့ မောင်ကောင်း ပိုက်ဆံက ရှားလည်း ရှားတယ်။ ဈေးလည်း အများကြီး ပိုရတယ်ဗျ။ ဒီနှစ်ခုမှာတောင် မောင်ကောင်းက ပိုရှားတယ်။ကျွန်တော်လည်း တစ်ခါနှစ်ခါလား တွေ့ဖူးသေးတယ်” ဟု ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ နေထိုင်တဲ့ ရှေးဟောင်းငွေစက္ကူ အရောင်းအဝယ် ပြုလုပ်သူ ကိုမျိုးနိုင် (အမည်လွှဲ) က ပြောပြပါတယ်။မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်ကနေပြီး အခုလက်ရှိ အချိန်အထိ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ ငွေစက္ကူ အမျိုးအစား များစွာ ရှိခဲ့ပြီး ခေတ်အလိုက် နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ အပေါ် မူတည်ကာ ထုတ်ဝေတဲ့ ငွေစက္ကူတွေရဲ့ပုံသဏ္ဌာန် အပြောင်းအလဲ များစွာ ရှိခဲ့ပါတယ်။

တစ်ချိန်က အသုံးပြုခဲ့ပေမဲ့ လက်ရှိအချိန်မှာ တရားဝင် ငွေစက္ကူအဖြစ် တည်ရှိနေခြင်း မရှိတော့တဲ့ ငွေစက္ကူ အမျိုးအစား များစွာရှိခဲ့ပြီး ထုတ်ဝေခဲ့တဲ့ ခုနှစ်သက်တမ်း ကြာမြင့်မှုအပေါ် မူတည်ပြီး ရှေးဟောင်းငွေစက္ကူ ရောင်းဝယ်ရေးဈေးကွက်မှာတော့ တန်ဖိုးကြီးမြင့်မှုနှုန်း ကွာခြားတတ်ပါတယ်။ဒီလိုမျိုး ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ ငွေစက္ကူ အမျိုးအစားတွေထဲကမှာ စစ်ဝတ်စုံနဲ့ ဦးထုပ်ဝတ်ဆင်ထားပြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတဲ့ ၁၉၅၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူအမျိုးအစားကတော့ ရှေးဟောင်းငွေစက္ကူရောင်းဝယ်ရေး ဈေးကွက်မှာ ပေါက်ဈေး ကောင်းကောင်းရနေတဲ့ ငွေစက္ကူ အမျိုးအစား ဖြစ်နေခဲ့ပါတယ်။အခြားသော မြန်မာကျပ်ငွေ ငွေစက္ကူ အမျိုးအစားတွေနဲ့ မတူညီတဲ့ အချက်ကတော့ ၁၉၅၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ပုံပါ ငွေစက္ကူတွေမှာ ငွေစက္ကူထုတ်ရာ ဌာနတိုင်းနဲ့ တူညီတဲ့တန်ဖိုးဖြင့် လဲလှယ်ခွင့်ရှိကြောင်း အာမခံချက် ပေးထားတဲ့ စာသားပါဝင်ခြင်းနှင့်အတူ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် ကိုယ်စားအုပ်ချုပ်ရေးမှူး စံလင်းရဲ့ လက်မှတ်ပါဝင်နေခြင်းပဲ ဖြစ်ပါတယ်။

ရှေးဟောင်း ငွေစက္ကူဈေးကွက်မှာ စံလင်းပိုက်ဆံလို့ ခေါ်ဝေါ်ကြတဲ့ ၁၉၅၈ ခုနှစ်ထုတ် မြန်မာကျပ်ငွေ စက္ကူတွေဟာ အဲဒီအချိန်တုန်းက တန်ဖိုးမြင့်မားပြီး ကမ္ဘာ့ငွေကြေးလောကမှာလည်း မျက်နှာမငယ်ခဲ့ရတဲ့ ငွေစက္ကူ ဖြစ်ပါတယ်။၁၉၅၂ ခုနှစ်မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေကို အဲဒီအချိန်က နိုင်ငံတော်သမ္မတ ဦးဘဦးက လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့ပြီးတဲ့နောက် ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ စံလင်း ပိုက်ဆံလို့ ခေါ်ကြတဲ့ ဒီငွေစက္ကူအမျိုးအစားတွေထဲက ၁ ကျပ်တန်၊ ၅ ကျပ်တန်၊ ၁၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်များကို စတင်ထုတ်ဝေခဲ့ပါတယ်။အဲဒီနောက် ၁၉၅၈ ခုနှစ် သြဂုတ်မှာတော့ ၂၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်တွေကို ဆက်လက်ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာ ဈေးကောင်းရနေတဲ့ စံလင်းပိုက်ဆံ အမျိုးအစားထဲမှာတောင် တန်ဖိုးကွာခြားမှုတွေ ရှိနေပါသေးတယ်။ စံလင်းပိုက်ဆံ ၅၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်တွေဟာ ပိုမို ရှားပါးစွာတွေ့ရတဲ့ ငွေစက္ကူ အမျိုးအစားတွေဖြစ်ပြီး ဒီငွေစက္ကူတွေဟာ တစ်ရွက်ကို ကျပ်သိန်းဂဏန်းအထိ ပေးဝယ်ယူမှသာလျှင် အရောင်းအဝယ် ဖြစ်နိုင်မယ့် ငွေစက္ကူ အမျိုးအစားတွေ ဖြစ်တယ်လို့ သိရပါတယ်။ဒါပေမဲ့ အခြားသော စံလင်းပိုက်ဆံတွေဟာလည်း အနည်းဆုံး ကျပ်တစ်သောင်းဝန်းကျင် ဈေးပေါက်နေတာကြောင့်ရှေးဟောင်းငွေစက္ကူ ဈေးကွက်မှာ အမေရိကန် ဒေါ်လာထက်ပင် ပိုမိုတန်ဖိုးမြင့်မားတဲ့ ငွေစက္ကူ အမျိုးအစားတွေလည်း ဖြစ်နေပါတယ်။

“စံလင်းပိုက်ဆံတွေမှာ တစ်ရာတန်တွေ ငါးဆယ်တန်တွေက ပိုရှားတယ်။ အဲဒါတွေဆို တစ်ရွက်ကို သိန်းချီ တန်တယ်။ ကျန်တဲ့ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ နှစ်ဆယ်တန်တွေကလည်း ဈေးမနည်းဘူး။ အနည်းဆုံးတော့ တစ်သောင်းဝန်းကျင်ပေါက် ဈေးရှိတာပေါ့။ဒါပေမဲ့ အုပ်လိုက်ဆိုရင် ပိုပြီး ဈေးရတယ်။ တစ်ရွက်ချင်းထက် စာရင် အများကြီး ပိုပြီးတော့ပေါ့” ဟု ကိုမျိုးနိုင်က ဆိုပါတယ်။ဒီလိုမျိုး တစ်ရွက်ကို သိန်းချီတန်နေတဲ့ ၁၉၅၈ ခုနှစ်ထုတ် မြန်မာကျပ်ငွေ တစ်ရာတန်နဲ့ ငါးဆယ်တန်တွေဟာ အဲဒီခေတ် အချိန်အခါတုန်းက ရွှေတစ်ကျပ်သား ကျပ်နှစ်ရာ ပေါက်ဈေးနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီစံလင်းပိုက်ဆံတွေရဲ့ တန်ဖိုးမြင့်မားပုံကို မှန်းဆကြည့်နိုင်ပါတယ်။ဒါပေမဲ့ အာဏာသိမ်းအစိုးရဖြစ်တဲ့ တော်လှန်ရေးကောင်စီ လက်ထက်နဲ့ အဲဒီကနေ အသွင်ပြောင်းသွားတဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်မှာတော့ ဒီစံလင်းပိုက်ဆံ တစ်ရာကျပ်တန်နဲ့ ငါးဆယ်တန်တွေကို လက်ဝယ် ပိုင်ဆိုင်ထားရှိခြင်းဟာ အမြင့်ဆုံး သေဒဏ်အထိ ချမှတ်နိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

၁၉၆၄ ခုနှစ် မေ ၁၇ ရက်မှာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ကျပ်တစ်ရာတန်နဲ့ ငါးဆယ်တန် ငွေစက္ကူတွေကို အရင်းရှင် လူတန်းစားများက ပြည်ထောင်စု မြန်မာနိုင်ငံ၏ စီးပွားရေးကို ကမောက်ကမ ဖြစ်စေရန်၊ လုပ်သားပြည်သူများ၏ စားသောက်နေထိုင်ရေးကို ကျဆင်းအောင် ပြုလုပ်ရာတွင် အသုံးချမည့်ပစ္စည်းများအဖြစ် သတ်မှတ်သည်ဟုဆိုကာ ယင်းငွေစက္ကူများကို တရားဝင်ငွေ အဖြစ်မှ ရပ်စဲခဲ့ပါတယ်။ဒီလိုရပ်စဲခဲ့တဲ့ အမိန့်စတင် အသက်ဝင်မယ့် ၁၉၆၄ ခုနှစ် မေ ၁ရရက် ည ၇ နာရီနောက်ပိုင်း ဒီငွေစက္ကူတွေကို တရားဝင်ငွေအဖြစ် အသုံးပြုခြင်း၊ မိမိပိုင် မဟုတ်ဘဲ မိမိပိုင်ဖြစ်ကြောင်း ဖော်ပြခြင်း၊ မိမိပိုင်ကို အခြားသူ တစ်ဦးပိုင်အဖြစ် ဖော်ပြခြင်းတွေဟာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး သေဒဏ်အထိ အပြစ်ပေးခံရနိုင်တဲ့ အကြောင်းရင်းတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတော့တယ်။

အဲဒီနောက်ပိုင်းမှာတော့ ယခင် ပါလီမန် ဒီမိုကရေစီခေတ်တစ်လျှောက် တန်ဖိုးမြင့်မား ခိုင်မာခဲ့တဲ့ မြန်မာကျပ်ငွေဟာ တဖြည်းဖြည်း တန်ဖိုး ကျဆင်းလာခဲ့ရပြီးငွေကြေး ဖောင်းပွမှု အခြေအနေတွေ ဆိုးရွားစွာ ဖြစ်ပေါ်လာခဲ့ရာကနေ တိုင်းပြည်ဟာလည်း ဖွံ့ဖြိုးမှု အနောက်ကျဆုံး နိုင်ငံအဖြစ်သို့ ရောက်သွားစေခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်သွားခဲ့ရပါတယ်။နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက် ကြာမြင့်ခဲ့ပြီးနောက်မှာတော့ တရားမဝင် ငွေစက္ကူဖြစ်ခဲ့ရတဲ့ စံလင်း ပိုက်ဆံတွေဟာ ရှေးဟောင်းငွေစက္ကူ ဈေးကွက်မှာတော့ တန်ဖိုးကြီး ရှားပါးငွေစက္ကူတွေ အဖြစ်ကို ပြောင်းလဲလာခဲ့ပြီလည်း ဖြစ်ပါတယ်။ရှေးဟောင်းငွေစက္ကူ ရောင်းဝယ်ရေး ဈေးကွက်မှာ စံလင်းပိုက်ဆံထက် ပိုပြီး တန်ဖိုးကြီးရှားပါးတဲ့ နောက်ထပ်ငွေစက္ကူ အမျိုးအစား တစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ ၁၉၅၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေ ပြဋ္ဌာန်းခြင်း မရှိသေးခင် လွတ်လပ်ရေးခေတ်ဦးကာလမှာ ထုတ်ဝေခဲ့တဲ့ မောင်ကောင်းပိုက်ဆံလို့ ဈေးကွက်အတွင်းခေါ်ဝေါ်ကြတဲ့ ငွေစက္ကူတွေပဲ ဖြစ်ပါတယ်။

မောင်ကောင်းပိုက်ဆံတွေကတော့ ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာတောင် တစ်ခါတစ်ရံမှ ရှားရှားပါးပါး တွေ့မြင်ရတဲ့ ငွေစက္ကူ အမျိုးအစားတွေဖြစ်တယ်လို့ သိရပါတယ်။စံလင်းပိုက်ဆံနဲ့ မောင်ကောင်းပိုက်ဆံ ငွေစက္ကူ အမျိုးအစား နှစ်ခုမှ ကွာခြားချက် အနေနဲ့ မောင်ကောင်း ငွေစက္ကူဟာ ဒေါင်းပုံ၊ ခြင်္သေ့ပုံ၊ ဆင်ပုံ၊ ရက်ကန်းရက်နေတဲ့ အမျိုးသမီးငယ်ပုံတို့ ပါဝင်ရိုက်နှိပ် ထုတ်ဝေထားခြင်း ဖြစ်ပြီး စံလင်းပိုက်ဆံကတော့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ထုတ်ဝေထားတာ ဖြစ်ပါတယ်။ဒါ့အပြင် ဒီငွေစက္ကူ အမျိုးအစားနှစ်ခုကို အမည်ပေးထားပုံကလည်း ငွေစက္ကူတွေမှာ ပါဝင်တဲ့ စံလင်းနဲ့ မောင်ကောင်းတို့ရဲ့ လက်မှတ်တွေကြောင့် ဖြစ်ပြီး မောင်ကောင်းပိုက်ဆံမှာတော့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေ မပြဋ္ဌာန်းမီက ထုတ်ဝေခြင်း ဖြစ်တာကြောင့် ဗမာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ ကိုယ်စားဆိုပြီး ဦးကောင်းရဲ့ လက်မှတ် ပါဝင်မှာ ဖြစ်ပါတယ်။

လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာနိုင်ငံမှာ ၁၉၄၈ ခုနှစ်ကနေ ၁၉၅၂ ခုနှစ်အတွင်း ဒေါင်းပုံ၊ ခြင်္သေ့ပုံပါတဲ့ ၁ ကျပ်တန်၊ ၅ကျပ်တန်၊ ၁၀ ကျပ်တန်နဲ့ ၁၀၀ ကျပ်တန်ငွေစက္ကူတွေကို ထုတ်ဝေခဲ့ကြောင်း ၂၀၁၆ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ဖြေကြားခဲ့ဖူးပါတယ်။ဒီလွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာနိုင်ငံမှာ ငွေစက္ကူထုတ်ဝေမှုတွေကို တာဝန်ယူ လုပ်ဆောင်ခဲ့တာဟာ ဗမာနိုင်ငံ ငွေကြေးအုပ်ချုပ်မှုအဖွဲ့ ဖြစ်တဲ့အတွက် အဲဒီအချိန်က ထုတ်ဝေခဲ့တဲ့ မောင်ကောင်းပိုက်ဆံလို့ ခေါ်ကြတဲ့ ငွေစက္ကူတွေဟာ စံလင်းပိုက်ဆံထက် ပိုပြီးရှေးကျတဲ့ ငွေစက္ကူ အမျိုးအစားတွေလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၁၉၅၂ ခုနှစ် ဇူလိုင် ၁ ရက်တွင်စပြီး အသက်ဝင်ခဲ့တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေ ပြဋ္ဌာန်း ပြီးချိန်မှသာလျှင် လက်ရှိအသုံးပြုနေတဲ့ ဒသမစိတ် ငွေကြေးစနစ်ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်ကာလမှာ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေကတော့ ကိုလိုနီခေတ် ဗြိတိသျှအစိုးရလက်ထက်မှာ အသုံးပြုခဲ့တဲ့ နည်းစနစ်အတိုင်း တွက်ချက်အသုံးပြုကြတာ ဖြစ်တယ်လို့ သိရပါတယ်။ဒသမစိတ် ငွေကြေးစနစ် မစတင်မီကာလ ကိုလိုနီခေတ်မှ လွတ်လပ်ရေးခေတ်ဦးအထိ မြန်မာနိုင်ငံ ပြည်တွင်းမှ အသုံးပြုခဲ့တဲ့ ရူပီးငွေနဲ့ ကျပ်ငွေကို ဗြိတိသျှငွေကြေးစနစ် စတာလင်ပေါင် စနစ်အတိုင်း တွက်ချက်အသုံးပြုခဲ့ကြတာဖြစ်ပြီး တစ်ရူပီးဟာ မြန်မာကျပ်ငွေ ၁၆ ပဲ ၆၄ ပြားနဲ့ ညီမျှတယ်လို့ သိရပါတယ်။

ဒသမစိတ် ငွေကြေးစနစ်ဟာ မြန်မာဘုရင်တွေ လက်ထက်က အသုံးပြုခဲ့တဲ့ ငွေကြေးစနစ်ဖြစ်ပြီး ဒီစနစ်ကို ပြန်လည်အသုံးမပြုမီ လွတ်လပ်ရေးခေတ်ဦးကာလက ထုတ်ဝေခဲ့တဲ့ မောင်ကောင်း ငွေစက္ကူတွေမှာ စံလင်းပိုက်ဆံတွေနဲ့ ကွာခြားမှုအနေနဲ့ကတော့ Union Bank of Burma စာသားအစား ဗမာနိုင်ငံအစိုးရ ဒါမှမဟုတ် Government of Burma စာသားများ ပါဝင်နေမှာ ဖြစ်ပါတယ်။စံလင်းပိုက်ဆံတွေကတော့ မောင်ကောင်း ပိုက်ဆံတွေ နေရာမှာ အစားထိုး ဝင်ရောက်ခဲ့တဲ့ ငွေစက္ကူတွေဖြစ်ပြီး ယနေ့ခေတ်နဲ့ ဥပမာပြရရင် ခြင်္သေ့ပုံပါ တစ်သောင်းကျပ်တန် ငွေစက္ကူတွေနေရာမှာ အသုံးပြုရန်အတွက် အသစ်ထပ်မံ ထုတ်ဝေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါ တစ်သောင်းကျပ်တန် ငွေစက္ကူတွေကဲ့သို့ ဖြစ်ပါတယ်။ဒါကြောင့် စံလင်းပိုက်ဆံထက် ပိုမိုရှေးကျတဲ့ မောင်ကောင်းပိုက်ဆံတွေဟာ ရှေးဟောင်းငွေစက္ကူ ဈေးကွက်မှာတော့ တန်ဖိုး အလွန်မြင့်မားလှပြီး တစ်ရွက်ကို ဈေးကစားနိုင်မှုအပေါ်မူတည်ကာ ကျပ်သုံးသိန်းကျော်အထိ ပေါက်ဈေး ရှိတယ်လို့ သိရပါတယ်။

ဒီမောင်ကောင်း ပိုက်ဆံတွေဟာ လျှော့ဈေးနဲ့ ရောင်းချသူများ၏ ဈေးနှုန်းအရပင် မောင်ကောင်းပိုက်ဆံ တစ်ဆယ်ကျပ်တန်နဲ့ ငါးကျပ်တန်တွေဟာ တစ်ရွက်လျှင် ငါးသောင်းကျပ်လောက်အထိ ပေါက်ဈေး ရှိနေခဲ့တာကို တွေ့ရပါတယ်။ မောင်ကောင်းပိုက်ဆံတွေထဲကမှ တစ်ရာကျပ်တန်တွေကတော့ မရှိသလောက် ရှားပါးလှပြီး မြင်တွေ့ဖူးသူပင် မရှိသလောက် နည်းပါးတယ်လို့လည်း သိရပါတယ်။မောင်ကောင်း ပိုက်ဆံတွေက ကိုယ်ကိုင်နိုင်ရင် ကိုင်နိုင်သလောက် ဈေးက တောင်းလို့ ရတယ်။ တစ်ရွက်ကို သုံးသိန်းကျော်လောက်အထိ ရနိုင်တယ်။ ကျွန်တော်တွေ့ဖူးတာက ငါးကျပ်တန်၊ တစ်ဆယ်တန်လောက်ပဲ ရှိမယ်။ တစ်ရာတန်ကိုတော့ မတွေ့ဖူးဘူး။ ဈေးကွက်ထဲမှာလည်း မမြင်ရဘူး။ အဲဒါတွေကတော့ တကယ့်ဆရာကြီးတွေဆီမှာပဲ ရှိနိုင်မယ်။ တန်ကြေးကလည်း တော်တော်ကြီး များလောက်မယ်။ ရှားတာကလည်း မရှိသလောက်ကို ရှားတာကိုး” ဟု ကိုမျိုးနိုင်က ပြောပြပါတယ်။

ရှေးဟောင်း ငွေစက္ကူဈေးကွက်အတွင်း နောက်ထပ် ထပ်မံပြီး ဈေးကောင်းရတတ်တဲ့ အမျိုးအစားကတော့ ငွေဒင်္ဂါးပြားများဖြစ်ပြီး ငွေဒင်္ဂါးပြားများထဲမှ ဗိုလ်ချုပ်အောင်ဆန်း ဦးခေါင်းပုံနှစ်ဖက်ပါသည့် Error ပြားဟု ဈေးကွက်တွင် ခေါ်ဝေါ်ကြတဲ့ ဒင်္ဂါးပြားများကတော့ ရောင်းတဲ့အခါ ကြိုက်နှစ်သက်တဲ့ ဈေးနှုန်းကို ဆိုနိုင်တဲ့အထိ တန်ဖိုးမြင့်တယ်လို့ သိရပါတယ်။ ဒီ Error ပြားတွေက သွန်းလုပ်စဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဦးခေါင်း ပုံကို နှစ်ဖက်စလုံးမှာ သွန်းလုပ်မိသွားတဲ့ ဒင်္ဂါပြားမျိုးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။Error ပြားလို့ ခေါ်တာပေါ့ဗျာ။ ဒီလိုမျိုး ဗိုလ်ချုပ်ခေါင်းက နှစ်ဖက်စလုံးမှာ ပါလာရင် ဈေးက ကြိုက်သလိုတောင်းပဲ။ သူက ထုတ်တုန်းက ဘယ်လိုကြောင့် နှစ်ဖက်စလုံး ခေါင်းတွေချည်း ဖြစ်သွားလဲတော့ မသိပေမဲ့ အဲဒါမျိုးက ဈေးကွက်မှာ လုံးဝရှားပါးပဲ။ ဈေးက သုံးသိန်းဆိုလည်းရတယ်။ လေးသိန်းဆိုလည်း ရတယ်” လို့ ကိုမျိုးနိုင်က ဆိုပါတယ်။

ဒါတွေအပြင် ဒီရှေးဟောင်း ငွေစက္ကူဈေးကွက်မှာတော့ ၁၉၄၆ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒေါင်းတံဆိပ် ရေစာအမှတ်အသားနဲ့ Legal Tender in Burma Only စာသားပါ မြန်မာနိုင်ငံပြည်တွင်းတွင်သာ အသုံးပြုခွင့်ရှိတဲ့ ရူပီး ငွေစက္ကူတွေဟာလည်း ဈေးကောင်းရတတ်တဲ့ ငွေစက္ကူအမျိုးအစားတွေ ဖြစ်တာကို တွေ့ရပါတယ်။ဒီရူပီးငွေတွေကတော့ ကိုလိုနီခေတ် မြန်မာပြည်မှာ အသုံးပြုဖို့အတွက် ထုတ်ဝေခဲ့တဲ့ ငွေစက္ကူတွေဖြစ်ပြီး လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာ ဒီရူပီးငွေတွေကို Government of the Union of Burma ဆိုတဲ့ စာသားနဲ့ ပြောင်းလဲထုတ်ဝေခဲ့ဖူးကြောင်းလည်း သိရပါတယ်။လက်ရှိရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာ တရားမဝင်ငွေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ စံလင်းနဲ့ မောင်ကောင်း ပိုက်ဆံတွေဟာ တန်ကြေးအမြင့်ဆုံး အခြေအနေမှာ ရှိနေပေမဲ့ မဆလ အစိုးရလက်ထက်မှာ ထုတ်ဝေခဲ့ပြီး ၁၉၈၇ စက်တင်ဘာ ၅ ရက်မှာ ရုတ်တရက် တရားဝင် ငွေကြေးအဖြစ်မှ ရပ်စဲခဲ့ပြီး ပြည်သူများစွာကို ဆင်းရဲတွင်း သက်ဆင်းစေခဲ့တဲ့ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်တွေကတော့ တန်ကြေးနည်းပါးလှပြီး အရွက်တစ်ရာပါ ငွေစက္ကူတစ်အုပ်မှ ကျပ်တစ်သိန်းဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။

ခေတ်အဆက်ဆက် မြန်မာနိုင်ငံမှာ အသုံးပြုခဲ့တဲ့ ငွေစက္ကူတွေဟာ နှစ်ကာလ ကြာမြင့်ခြင်းနဲ့ ရှားပါးခြင်းတွေအပေါ် မူတည်ကာ တန်ကြေးမြင့်မားလေ့ ရှိတာကို တွေ့ရပြီး တန်ကြေးမြင့် ရှေးဟောင်းငွေ စက္ကူအများစုကတော့ လက်ရှိအချိန်မှာ တရားဝင်ငွေကြေးအဖြစ် တည်ရှိ မနေတော့တာကို တွေ့ရပါတယ်။ဒါပေမဲ့ တရားဝင်ငွေကြေးအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်တဲ့ ခေတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ တစ်ကျပ်တန်၊ ငါးကျပ်တန်၊ ငါးမူးတန်၊ တစ်ဆယ်ကျပ်တန်၊ ၄၅ ကျပ်တန်နဲ့ ၉၀ ကျပ်တန် ငွေစက္ကူတွေဟာလည်း ပြင်ပငွေကြေး လှည့်လည်မှုတွေမှာ တန်ဖိုးမရှိသလောက် ဖြစ်နေသလို အသုံးမပြုကြတော့ပေမဲ့ ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာတော့ တန်ဖိုးတစ်ခု ရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တရားဝင် ငွေကြေးအဖြစ် တည်ရှိနေဆဲဖြစ်တဲ့ ငွေစက္ကူတွေကို အကျိုးအမြတ် ရယူလိုခြင်းနဲ့ ရောင်းဝယ်ဖောက်ကားခြင်းဟာ လက်ရှိဗဟိုဘဏ် ဥပဒေအရ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်နှစ်နှစ်အထိ ဖြစ်စေ သို့မဟုတ် ဒဏ် နှစ်ရပ်လုံးအထိဖြစ်စေ ပြစ်ဒဏ် ချမှတ်ခံရနိုင်ပြီး ရဲအရေးပိုင်တဲ့ ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ထားတာကိုလည်း သတိချပ်စေလိုပါတယ်။မည်သို့ပင်ဖြစ်စေ တစ်ချိန်က ခိုင်မာခဲ့တဲ့ မြန်မာကျပ်ငွေတွေရဲ့ တန်ဖိုးဟာ ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်းမှာလည်း ဆက်လက်တန်ဖိုး မြင့်မားနေဆဲဖြစ်ပြီး သမိုင်းမှတ်တမ်းအဖြစ် ထားလိုသူ၊ ရှေးဟောင်းပစ္စည်း စုဆောင်းသူ၊ အမှတ်တရ ဖြစ်ရပ်တွေအတွက် သိမ်းထားလိုသူတွေကတော့ ဒီရှေးဟောင်းငွေစက္ကူတွေကို တန်ဖိုးကြီးပေး ရှာဖွေဝယ်ယူလျက် ရှိနေပါတယ်။

Unicode

မူရင်းရေးသားသူအားလေးစားစွာ Credit ပေးပါသည် ပြန်လည်မျှဝေခြင်းသာ

Be the first to comment on "ရှေးဟောင်းငွေစက္ကူ ဈေးကွက်အတွင်း တစ်ရွက်ကို သိန်းချီတန်နေတဲ့ ရှားပါး မြန်မာ့ငွေစက္ကူတွေအကြောင်း"

Leave a comment

Your email address will not be published.

*