ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ ကုန်းဘောင်ခေတ် မြန်မာ့ လူမျောက်မိသားစုရဲ့မျိုးဆက် တဖန် ပြန်ပေါ်လာပြီလား…?

မှတ်ချက်။ ။ ၁၉ ရာစုနှစ်မှာ ခန္ဓာကိုယ် ထူးဆန်းစွာ ဖြစ်ပေါ်နေတဲ့ လူများကို ရုံသွင်းပြီး အထူးအဆန်းအဖြစ် ပြစားလေ့ ရှိတဲ့အလေ့အထ အနောက်နိုင်ငံတွေမှာ ရှိခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ လူ့အခွင့်အရေးနဲ့ မလျော်ညီတဲ့အတွက် အဲဒီလို ပွဲမျိုးတွေ မရှိကြတော့ပါဘူး။

မြန်မာပြည်ရဲ့ ထူးဆန်းတဲ့ မိသားစုဖြစ်တဲ့ ဦးရွှေမောင် မိသားစုကိုယခင်ခေတ်က သုံးနှုန်းခဲ့တဲ့အတိုင်း လူမျောက်ဟု သုံးစွဲထားခြင်းဟာ စာရဲ့မူလအာဘော်မပျက်အောင် သုံးနှုန်းထားခြင်းသာ ဖြစ်ပြီး နှိမ့်ချ စော်ကားလိုတဲ့သဘောနဲ့ ခေါ်ဆိုခြင်းမဟုတ်ကြောင်း ဒီနေရာကနေ ရှင်းပြလိုပါတယ်။

စာတည်း ပထမဆုံးလူမျောက်ဖြစ်တဲ့ ဦးရွှေမောင်ကို ၁၇၉၆ခုနှစ်မှ သံလွင်မြစ်(သို့) မုတ္တမြစ် ဘေးကလောနိုင်ငံ မိုင်းရုံးကြီးနယ်မှာ မွေးဖွားခဲ့တယ်။( ပထဝီအခြေအနေနဲ့ အခေါ်အဝေါ်အရ အဲဒီ ဒေသဟာ အခုထိုင်းနိုင်ငံထဲက Mae Yong ပဲ ဖြစ်ဖို့များပါတယ် )

အဲဒီဒေသကို အပိုင်စားတဲ့ စော်ဘွားတစ်ယောက်က ထူးထူးဆန်းဆန်း အမွေးအမျှင်တွေနဲ့ကလေးငယ်ကို မြန်မာဘုရင်ထံ အထူးအဆန်းလက်ဆောင်ပဏ္ဏာအဖြစ်နဲ့ ဆက်သလိုက်တာမို့ သူ့အသက်ငါးနှစ်သားအရွယ်မှ ာအင်းဝဘုရင်ထံကို ရောက်လာပါတယ်။

သူ့တစ်ကိုယ်လုံးမှာ အမွေးနုနုလေး တွရှည်လျားစွာပေါက်နေတယ်။ သူ့မျက်လုံး၊ အသားအရေပုံစံ စတာတွေက မြန်မာတွေနဲ့မတူဘူးလို့ဆိုပါတယ်။ (ဒီအဖြစ်အပျက်တွေကို ၁၈၂၆ မှာ ပထမဆုံးမှတ်တမ်းတင်နိုင်ခဲ့တဲ့ အင်္ဂလိပ်သံအဖွဲ့က ကရောဖို့ (ဒ်) မှတ်တမ်းကို လူထုဒေါ်အမာဆောင်းပါးထဲမှာ ဖတ်နိုင်ပါတယ်။)

ရွှေမောင်ဟာ အဲဒီကတည်းက နန်းတွင်းမှာပျော်တော်ဆက်အဖြစ်နဲ့ ကြီးပြင်းလာခဲ့တယ်။ မျောက်တွေလို ကပြ ဖျော်ဖြေရပါသတဲ့။ သူ့မိဘတွေမှာရော သူတို့ မျိုး နွယ်စုထဲမှာပါ… သူ့လိုအမွေးအမျှင်တွေ မရှိဘူးလို့… သူက ပြောပါတယ်။ လူပျိုအဖြစ်ကို အသက်၂၀ အရွယ်မှ ရောက်ပါတယ်တဲ့။

အသက်၂၂ မှာတော့ ဘုရင်က(ဘကြီးတော်ဘုရား ) သူ့ကို လှတဲ့နန်းတွင်းသူတစ်ယောက်နဲ့ လက်ထပ်ပေးပါတယ်။ သူတို့ကလေးလေးယောက်ရခဲ့တယ်။ အားလုံးက မိန်းခလေးတွေချည်းပါပဲ။ နှစ်ယောက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါး သွားခဲ့ပြီး… တတိယသမီးလေးက မိခင်ဖြစ်သူနဲ့ အတော်ကိုတူပါသတဲ့။

နောက်ဆုံး ၂ နှစ်အရွယ် ကလေးတစ်ယောက်ကတော့ သူ့လိုပဲ… အမွေး အမျှင်တွေနဲ့ ဖြစ်လာတယ်။ အဲဒီ အငယ်ဆုံးသမီးက ရွှေမောင်ရဲ့ အမွေကို ဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။ ကရောဖို့(ဒ်)ရဲ့စာအုပ်ထဲမှာ

ကိုရွှေမောင်နဲ့ သမီး မဖုံးရဲ့ ပုံဆိုပြီး ဖေါ်ပြ ခဲ့ရာမှာ… ကိုရွှေမောင်ရဲ့ပုံက ဟုတ်ပေမယ့် မဖုံးရဲ့ ပုံက မှားနေတယ်လို့ နောက်ပိုင်းမှာ ဟင်နရီနယူး(လ်)က ထောက်ပြ ခဲ့ပါတယ်။

အဲဒီနောက်… ၁၈၅၅မှာ အင်းဝကို ကပ္ပတိန်ဟင်နရီယူး(လ်) ရောက်လာခဲ့ပါတယ်။ သူတို့ ရောက်လာချိန်မှာတော့ ကိုရွှေမောင့်သမီး မဖုံးဟာ အသက်၃၁အရွယ် ရှိနေပါပြီ။ သူ့ကို အီတလီလူမျိုးတစ်ယောက်က လက်ထပ်ပြီး နိုင်ငံခြားကို ခေါ်သွားဖို့ ကြိုးစားပါသေးတယ်။

ဒါပေမယ့် မြန်မာမင်းက ခွင့်မပြုခဲ့ပါဘူး။ နောက်ဆုံးတော့ မဖုံးကို ဘုရင်ကပဲ သာမန်အရပ်သားတစ်ယောက်နဲ့ လက်ထပ်ပေးခဲ့တာလို့ ဆိုရပါမယ်။ ဟင်နရီယူး(လ်)တို့ လာရောက်ချိန်မှာ မဖုံးမှာသားလေး နှစ်ယောက်တောင်ရနေပါပြီ။

ဦးရွှေမောင်ကတော့ လူဆိုး ဓာ-းပြတွေ သ-တ်ဖြ-တ်လို့ ကွယ်လွန် ပြီးခဲ့ပြီလို့ သိရပါတယ်။ မဖုံးဟာလည်း သူ့အဖေ ဦးရွှေမောင်လိုပဲ တစ်ကိုယ်လုံးကို အမွေးရှည်တွေနဲ့ ဖုံးလို့ နေပါတယ်။

မဖုံးကနေသားသမီးသုံးယောက် မွေးဖွားခဲ့ပြီး အဲဒီအထဲက မောင်ဖိုးဆက်နဲ့ မမိတို့ဟာ မဖုံးလိုပဲ တစ်ကိုယ်လုံးမှာအမွေးတွေနဲ့ ဖြစ်ပါတယ်။

သူတို့မိသားစုဟာ သူတို့ကို အထူးအဆန်းလာကြည့်တဲ့ နိုင်ငံခြားသားတွေဆီကနေ အခကြေးငွေကို ကောက်ခံပြီး အသက်မွေးဝမ်းကျောင်းမှု ပြုခဲ့တယ်။ သူတို့ဟာ ကြည့်ရှုသူ တစ်ယောက်ချင်းစီကနေ ရူပီးငွေ လေးဆယ်ယူတယ်လို့ သိရပါတယ်။

နာမည်ကြီး ဖျော်ဖြေတင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ဘာနမ်ဟာ ၁ ၈၇၁ ခုနှစ်ကတည်းက သူတို့ကို အမေရိကန် ခေါ်ပြီး သူ့ရဲ့( Greatest Show On Earth )ဆိုတဲ့ ဆပ်ကပ်ပွဲကြီးမှာပြစားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘုရင်ကခွင့်မပြု ခဲ့ဘူး။

၁၈၈၅ မှာတော့ သီပေါမင်း နန်းကျပြီး နန်းတွင်းရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ… မဖုံးတို့ မိသားစု ဟာ နေပြည်တော်ကနေ တောတွင်း တစ်နေရာကို ထွက်ပြေး ခဲ့ကြတယ်။

မောင်ဖိုးဆက်ဟာ မျက်စိမကောင်းတော့တဲ့ မိခင်မဖုံးကို ကျောမှာပိုးပြီး ထွက်ပြေး ခဲ့တယ်လို့ ဆိုပါတယ်။ တောထဲမှာ သူတို့ဒုက္ခရောက်နေစဉ်မှာပဲ သီပေါမင်းထံမှာ အမှုထမ်းခဲ့ဖူးတဲ့

အီတလီ လူမျိုး အရာရှိ ကပ္ပတိန် ပေပါနိုက ( Captain Paperno ) သူတို့ကို ရှာတွေ့ပြီး ကယ်တင်ခဲ့တယ်။ ပြီးတော့ သူတို့ကို ဥပရောကိုပို့ဖို့ စီစဉ်ခဲ့ပါတယ်။

၁၈၈၆ ဇွန်လထဲမှာ မမိ ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်

အသက်၂၃ နှစ် အရွယ်လောက်မှာ ဖြစ်ပါလိမ့်မယ်။ ၁၈၈၆ နွေရာသီမှာတော့ သူတို့ကိုလန်ဒန်မြို့ပီကာဒလီလမ်းပေါ်က Egyptian Hall မှာပြန်လည် တွေ့မြင်ရပါတယ်။ ၁၈၈၆ ခုနှစ် နွေရာသီမှာ မဖုံး နဲ့ မောင်ဖိုးဆက်တို့ အင်္ဂလန်ကိုရောက်လာခဲ့ပါတယ်။

အဲဒီအချိန်မှာ မဖုံးအသက်က ၆၂ နှစ် လောက်ရှိနေပြီ ဖြစ်ပြီး မျက်စိလည်း ကွယ်နေပါပြီ။ ဘာနမ် လည်း သူတို့ ရှိရာ အင်္ဂလန်ကို လိုက်လာပါတယ်။ သူ့အကြံက အမေရိကားမှာ စီစဉ်တင်ဆက်နေ တဲ့

သူ့ရဲ့ပွဲထဲမှာ မဖုံးတို့သားအမိ နှစ်ယောက်ကို ပြသဖို့ပါပဲ။ ဒါပေမယ့် သူ့ထက် အရင်လာပြီး စည်းရုံး နေတဲ့ အခြားသော ပွဲ စီစဉ်နေသူ တွေလည်း အဲဒီကို ကြိုရောက်နေတာ ကို တွေ့ခဲ့ ရတယ်။

နောက်ဆုံးမှာတော့ ဘာနမ်ဟာ အခြားသူတွေပေးတဲ့ ဈေးထက် အများကြီး ပိုပေးပြီး သူတို့ မိသားစုကို ၁နှစ်စာချုပ်နဲ့ သူ့ဆီမှာ ပြသဖို့ သဘောတူညီချက် ရရှိခဲ့ပါတယ်။

မဖုံး နဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာ လန်ဒန် ကနေ ပြင်သစ်နိုင်ငံက နာမည်ကျော် Folies Bergere ကို လည်းရောက်သွား ခဲ့ပါသေးတယ်။

အဲဒီနောက် သူတို့ဟာ ဘာနမ်နဲ့ သဘောတူညီချက်အရ အမေရိကန်က ဘာနမ်ရဲ့ဆပ်ကပ်ပွဲ တွေမှာ လိုက်ပါဖျော်ဖြေခဲ့ကြတယ်။ စာချုပ်သက်တမ်း မကုန်ဆုံးမီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလ မှာတော့ မဖုံးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကွယ်လွန်ခဲ့တယ်။

၁၈၅၅ ကပ္ပတိန် ဟနရီယူး(လ်) လာတုန်းက သူမအသက်က ၃၁နှစ် ဆိုခဲ့တော့ ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်လို့ မှတ်ယူရပါတယ်။ သူ့ ဈာပနကို ဝါရှင်တန်ဒီစီ သင်္ချိုင်းမှာပဲ မြန်မာထုံးတမ်းစဉ်လာ အတိုင်း

သဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။ မဖုံး ကွယ်လွန်သွားပေမယ့် မောင်ဖိုးဆက်ဟာ သူ့မိန်းမနဲ့ အတူ ဆက်ပြီး ပွဲတွေ ပြသခဲ့တယ်လို့ ယူဆရပါတယ်။ သူ့မိန်းမဟာ တချိန်က နန်းတွင်းအပျိုတော်တစ်ဦး ဖြစ်ပါ တယ်။ မောင်ဖိုးဆက်ဟာ

တစ်ကိုယ်လုံး အမွေးတွေ ဖုံးနေပေမယ့် ခါးကနေစပြီး ဒူးအထိ မင်ကြောင်အပြည့် ထိုးထားတယ်။ နူးညံ့သိမ်မွေ့ပြီး ဉာဏ်ရည်လည်း မနိမ့်ကျသလို… ဆက်ဆံရေး ကောင်းမွန် တယ်လို့ J.J. Weir ဆိုသူကလည်း မှတ်တမ်းတင်ခဲ့တယ်။

မောင်ဖိုးဆက်အကြောင်း နောက်ဆုံး တွေ့ရတာက ၁၈၉၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ World’s Columbian Dental Congress, Volume 1 မှာပါ။ အဲဒီအထဲက ဆရာဝန်တစ်ယောက်ဟာ

မောင်ဖိုးဆက်ကို ၁၈၉၁ မှာ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ သွားတွေကို စစ်ဆေးကြည့်ဖို့ ကြိုးစား ပေမယ့်… ပွဲ စီစဉ်သူ တွေက ခွင့်မပြု ခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီ နောက်ပိုင်းမှာတော့ သူတို့ ရဲ့သတင်းတွေ ပျောက်ကွယ်သွားခဲ့တယ်။ ထိုကဲ့သို့ မြန်မာပြည်ရဲ့ လူမျောက် မိသားစုမျိုးဆက်များ ထူးဆန်းစွာ ပျောက်ကွယ်သွားပေမယ့် ယနေ့အချိန်မှာတော့

ဦးရွှေမောင်ရဲ့ မျိုးဆက်လို့ ယူဆရတဲ့ ကလေးငယ်တဦး ရှမ်းပြည်န် ရွာငံမှာ ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ဦးရွှေမောင်ရဲ့ မျိုးဆက်လို့ သေချာမပြောနိုင်ပေမယ့်လည်း ရွာငံက

ကလေးငယ်ကတော့ တကိုယ်လုံးနီးပါး အမွှေးအမျှင်တွေ ဖုံးအုပ်ထားတာကို ထူးဆန်းစွာ တွေ့မြင်ရပါတယ်။ ပညာရှင်များအနေနဲ့ လေ့လာကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ရွာငံမြို့က ထူးဆန်းကလေးငယ်ရဲ့သတင်းကိုအောက်မှာ ဖော်ပြလိုက်ပါတယ်…
ရွာငံမြို့နယ်တွင် မွေးရာပါ တစ်ကိုယ်လုံး အမွှေးအမျှင်များပါနေသော ကလေးငယ်ကို စိတ်ဝင်စားသူများနေဟုဆို… ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် ၊ အလယ်ချောင်ကျေးရွာတွင်

မွေးရာပါတစ်ကိုယ်လုံး အမွှေးအမျှင်များပါနေသော အသက် ၁ နှစ် ၈ လအရွယ် ဓနုတိုင်းရင်းသား ကလေးငယ်ကို စိတ်ဝင်စားသူများနေကြောင်း ၎င်း၏ မိခင်ဒေါ်စမ်းမြင့်မေက ပြောသည်။

အဆိုပါ ကလေးငယ်၏ အမည်သည် မောင်ထင်ရှားအောင်ဖြစ်ပြီး မျက်ခုံးမွှေး၊ ပါးသိုင်းမွှေး ၊ မျက်တောင်မွှေး နှင့် နဖူးပြင်တစ်ခုလုံးတွင် မွှေးညှင်းနုများပေါက်နေသည့်အပြင်ကျောပြင်တွင်လည်း

အမွှေးအမျှင်များထူပိန်းနေသည့်အတွက် ဒေသခံများနှင့် စိတ်ဝင်စားသူများလာရောက် ကြည့်ရှူ့လေ့ရှိကြောင်းသိရသည်။“ဆရာဝန်တွေကတော့ ဟိုမုန်းဓာတ်များလို့ လို့ပြောတယ်။

ကိုယ်ဝန်ရှိစဉ်အချိန်က အားဆေးတွေ အမျိုးမျိုးစားလို့ ဖြစ်တာလို့ပြောကြတယ်။ ကလေးရဲ့ကျန်းမာရေးကတော့ ကောင်းပါတယ်။ တစ်ခါတစ်လေ နာစေး၊ချောင်းဆိုးတာ လောက်ပဲရှိပါတယ်”ဟု ၎င်းကပြောသည်။

ကလေးငယ်၏ ဖခင် အသက် ၅၀ အရွယ် ဓနုတိုင်းရင်းသား ဦးမျိုးဇော် နှင့် ဇနီးဖြစ်သူ မငယ် (ခ) မစန်းမြင့်မေ တို့သည် ယခုအခါ အိမ်ထောင်သက် သုံးနှစ်သာ ရှိသေးကြောင်းနှင့် ကလေးငယ်ရှေ့ရေးအတွက် လူပုံအလယ်တွင်

မျက်နှာငယ်မည်ကို စိုးရိမ်မူရှိကြောင်းသိရသည်။ “အစတုန်းကတော့ ရွာသားတွေက ကလေးကို လူဝင်စားတယ်။ ဘာဖြစ်တယ်လို့ အမျိုးမျိုးပြောကြတော့ မိခင်တစ်ယောက်အနေနဲ့ အရမ်းခံစားရပါတယ်။

နောက်ပိုင်း လူသိများလာတော့… ဂရုစိုက်မူ ခံလာရတော့ ပြန်ဝမ်းသာရပါတယ်”ဟု ၎င်းက ထပ်မံပြောသည်။ ကလေးငယ်တွင် ဖြစ်ပေါ်နေသော အမွှေးအမျှင်များသည် အချိန်တန်အရွယ်ရောက်ကာဟိုမုန်းဓါတ် ပြောင်းလဲလာပါက အမွှေးအမျှင်များ လျော့နည်းလာနိုင်ကြောင်း သိရသည်။

(မှတ်ချက်။ ၁၉ ရာစုနှစ်မှာ ခန္ဓာကိုယ် ထူးဆန်းစွာ ဖြစ်ပေါ်နေတဲ့ လူများကို ရုံသွင်းပြီး အထူးအဆန်းအဖြစ် ပြစားလေ့ ရှိတဲ့အလေ့အထ အနောက်နိုင်ငံတွေမှာ ရှိခဲ့ပါတယ်။

ယနေ့ခေတ်မှာတော့ လူ့အခွင့်အရေးနဲ့မလျော်ညီတဲ့အတွက် အဲဒီလို ပွဲမျိုးတွေ မရှိကြတော့ပါဘူး။ မြန်မာပြည်ရဲ့ ထူးဆန်းတဲ့ မိသားစုဖြစ်တဲ့ ဦးရွှေမောင် မိသားစုကို ယခင်ခေတ်က သုံးနှုန်းခဲ့တဲ့အတိုင်း လူမျောက်ဟု သုံးစွဲထားခြင်းဟာ စာရဲ့ မူလအာဘော်

မပျက်အောင်သုံးနှုန်းထားခြင်းသာ ဖြစ်ပြီး နှိမ့်ချစော်ကားလိုတဲ့ သဘောနဲ့ ခေါ်ဆိုခြင်း မဟုတ်ကြောင်း ဒီနေရာကနေ ရှင်းပြလိုပါတယ်။ စာတည်း)

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Unicode

Be the first to comment on "ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တဲ့ ကုန်းဘောင်ခေတ် မြန်မာ့ လူမျောက်မိသားစုရဲ့မျိုးဆက် တဖန် ပြန်ပေါ်လာပြီလား…?"

Leave a comment

Your email address will not be published.

*