ထိုင်းထီ အမြင့်ဆုံးဆုကြီး ဘတ်(6)သန်းဆုကို မော်လမြိုင်မြို့မှ ဇနီးမောင်နှံ ဆွတ်ခူး

30-12-2020 ရက်နေ့ထုတ် ထိုင်းအစိုးရထီ အမြင့်ဆုံးဆုကြီး ဘတ်(6)သန်းဆုကို မွန်ပြည်နယ် မော်လမြိုင်မြို့မှ ကိုထက်အောင်ကိုနှင့်မစန္ဒာထွန်း ဇနီးမောင်နှံ မှ ဆွတ်ခူးသွားပါတယ်။

ထီထွက်တဲ့ရက်မှာပဲ ထီပေါက်တာ သိပြီးနောက်AAC ဒါရိုတ်တာဦးခိုင်နှင့် ကိုရဲမင်းထံ မက်ဆင်ဂျာမှ စာပို့ဆက်သွယ်ခဲ့ပေမယ့် AAC ဘက်က စာတွေမဖတ်နိုင်ခဲ့သဖြင့် အချိန်ကြန့်ကြာခဲ့သလို အခြားသူများကို ထီဆုငွေ လိုက်ထုတ်ခိုင်းပေမယ့် ထီဆုငွေအပြည့်အဝမရခဲ့လို့ ထီလက်မှတ် သိမ်းထားပြီး

ထိုင်းမှ သူငယ်ချင်းများမှ တဆင့် ကူညီမှုဖြင့်AAC နှင့် ချိတ်ဆက်မိခဲ့ပြီး AAC မှ ယနေ့ ထီဆုငွေများအား ထိုင်းဘတ်မှ ကျပ်ငွေပြောင်း၍ စုစုပေါင်းကျပ်သိန်း(2,500)ကျော်အား မြန်မာပြည် ကမ္ဘောဇဘဏ်သို့ နေ့တွင်းချင်း ရောက်ရှိအောင် AAC မှ”အခမဲ့ ” ကူညီဆောင်ရွက်ပေးခဲ့ပါသည်။

ထီလက်မှတ် လက်ကျန်အုပ်ထဲမှ ထိုင်းထီ ၃ လုံးတူနှစ်စောင် ၂ လုံးတူ တစ်စောင် ဘတ်(6)သန်းဆုဆုလေးဆု ဆွတ်ခူးခဲ့သော ထိုင်းထီကံထူးရှင် ဇနီးမောင်နှံမှ မေတ္တာတုံ့ပြန်သောအားဖြင့်AAC အား ပြန်လည်လှူဒါန်းခဲ့ပေမယ့်ဘယ်လောက်လှူလဲ ဆိုတာ ဖော်ပြခွင့်မပြုပါ။

AAC မှ ထိုင်းထီပထမဆုကြီးများအား အခမဲ့ထုတ်ယူပေးခဲ့တာ (25)ဦး မြောက်ဖြစ်ပါကြောင်း….ယခုလို ထိုင်းမြန်မာ အဝင်အထွက်တွေ ပိတ်ဆို့ထားချိန်မှာ မြန်မာပြည်က ထီလက်မှတ်ကို ဘန်ကောက်ကို ယူပြီး ထီဆုငွေတွေ ထုတ်ပေးပြီး

နေ့တွင်းချင်း ပြည်တွင်းကို ငွေချက်ချင်းရောက်အောင်ပို့နိုင်ဖို့ဆိုတာ တော်ရုံ စကေးနဲ့တော့ မရဘူးလေ နော. ၊

ရဲမင်း(AAC မဟာမိတ်အဖွဲ့)

ထိုင်းအခြေစိုက်အလုပ်သမားကူညီစောင့်ရှောက်ရေး

Be the first to comment on "ထိုင်းထီ အမြင့်ဆုံးဆုကြီး ဘတ်(6)သန်းဆုကို မော်လမြိုင်မြို့မှ ဇနီးမောင်နှံ ဆွတ်ခူး"

Leave a comment

Your email address will not be published.


*