ဆင်းရဲလို့ ပန်းရောင်းရပေမယ့် ကောက်ရတဲ့ iPhone ကို ရဲစခန်းလာအပ်တဲ့မောင်နှမ

သတ္တလောကကြီးမှာ သတ္တဝါတွေရဲ့ ကံတွေဟာ ထပ်တူမကျနိုင်ပါဘူး။ ချမ်းသာလွန်းသူ၊ ဆင်းရဲလွန်းသူ၊ ပစ္စည်းဥစ္စာ အတန်အသင့် ရှိသူဆိုပြီး ဘဝပေးကံတွေက ကွဲပြားသွားတယ်။ ဒီလိုပဲ စိတ်ဓာတ်တွေကလည်း အောက်တန်းကျသူ၊ မြင့်မြတ်သူ၊ ကူညီသူ၊ နှောက်ယှက်သူဆိုပြီး ကွဲပြားသွားကြပါတယ်။

အခုလည်း ဘဝပေးအခြေနေအရ ကျောင်းတက်ရမယ့်အရွယ်မှာ ကျောင်းမတက်နိုင်ပဲ၊မိသားစုစားဝတ်နေရေးအတွက် လမ်းတကာလှည့်ကာအာရေဗျစံပယ်ပန်းရောင်းနေရတဲ့ မောင်နှမနှစ်ယောက်ရဲ့ စိတ်နေစိတ်ထားလေးဟာ ဘဝအခြေနိမ့်ပေမယ့် စာရိတ္တမနိမ့်ဘူးဆိုတာကို မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။

Richele Aringo နဲ့ Cael Hepe တို့ မောင်နှမနှစ်ယောက်ဟာ ပန်းရောင်းဖို့အတွက် ဘက်စ်ကားတစ်စီးပေါ်ကို တက်စီးရင်း ခရီးသွားတစ်ယောက်ကျန်ခဲ့တဲ့ အဖိုးတန် iPhone တစ်လုံးကို ကောက်ရခဲ့ပါတယ်။ ဒါကို ကားစီးတဲ့ ခရီးသည်အမြောက်အများက မြင်ခဲ့ပြီး သူတို့ကို အဲဒီ iPhone ပြန်ရောင်းဖို့ ကမ်းလှမ်းကြပါတယ်။

iPhone တစ်လုံးရဲ့ တန်ဖိုးဟာ သူတို့မိသားစုအတွက် တစ်လစာလောက်တော့ အေးအေးဆေးဆေး လုံလုံလောက်လောက် ထိုင်စားလို့ရတယ်ဆိုတာ အားလုံးအသိပါဘဲ။ ဒါပေမယ့် Aingo နဲ့ Hepe တို့က ဖုန်းကို မရောင်းနိုင်ဘူးလို့ ဆိုပါတယ်။ အနီးဆုံးရဲစခန်းကို ဆင်းပြီး iPhone ကို အပ်နှံခဲ့ပါတယ်။

Lucena City Police ရဲစခန်းမှ ရဲမှူးကြီး Joel de Mesa က ကလေးနှစ်ယောက်ရဲ့ စာရိတ္တအတွက် ဂုဏ်ပြုငွေသားတွေ ပြန်လည်ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။ သူတို့မောင်နှမနှစ်ယောက်ဟာ သူတို့ရောင်းချတဲ့ စံပယ်တွေလိုပဲ ဖြူစင်ပြီး စာရိတ္တမွေးပျံ့တဲ့ လူသားလေးတွေပါဘဲ။

Unicode

Credit

Be the first to comment on "ဆင်းရဲလို့ ပန်းရောင်းရပေမယ့် ကောက်ရတဲ့ iPhone ကို ရဲစခန်းလာအပ်တဲ့မောင်နှမ"

Leave a comment

Your email address will not be published.

*