လူ့အသက်ပေါင်း ၆၅၀၀ ကျော်စတေးခဲ့ရတဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား

လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရထားတဲ့ ကာတာနိုင်ငံရဲ့ ဘောလုံးကွင်းတွေဟာ တကယ့်ကို ကမ္ဘာ့အဆင့်မီပြီး ထူးခြားခမ်းနားလှတဲ့ ကွင်းတွေအဖြစ် မြင်တွေ့ရပါတယ်။

ဒီလိုလှပတဲ့ ဘောလုံးကွင်းတွေကို တည်ဆောက်ခဲ့ရာမှာတော့ အလုပ်သမား စုစုပေါင်း ၆၅၀၀ ကျော်အထိ အသက်သေဆုံးခဲ့ရတယ်ဆိုတာကိုတော့ အားလုံးက သိနိုင်လိမ့်မယ်မထင်ပါဘူး။

၂၀၂၂ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရခဲ့ပြီးနောက်မှာတော့ ကာတာဟာ ၂၀၁၀ ခုနှစ်ကနေ စတင်ပြီး ဘောလုံးကွင်းတွေ၊ လမ်းအသစ်တွေ၊ လေဆိပ်အသစ်တွေ အစရှိတဲ့ လုပ်ငန်းပေါင်းများစွာကို အရှိန်မြှင့်တည်ဆောက်ခဲ့ရာမှာတော့

အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နဲ့ သိရိလင်္ကာတို့လိုနိုင်ငံတွေကို အလုပ်သမားတွေကို အဓိက ခေါ်ယူခဲ့ပါတယ်။

ဂါးဒီးယန်းကဖော်ပြချက်မှာတော့ စတင်တည်ဆောက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေ ၂၀၂၀ အတွင်းမှာ အဆိုပါနိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားပေါင်း ၆၅၀၀ ကျော် မတော်တဆမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ဒါဟာ ပျမ်းမျှအားဖြင့် တစ်ပတ်မှာ လူ ၁၂ ယောက်အထိ သေဆုံးခဲ့တဲ့ နှုန်းထားလည်းဖြစ်ပါတယ်။အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ နဲ့ သီရိလင်္ကာတို့က စုစည်းထားတဲ့ အချက် အလက်တွေအရ ဆယ်နှစ်အတွင်းမှာ သူတို့နိုင်ငံသား ၅၉၂၇ ယောက်သေဆုံးခဲ့တယ်လို့ ဖော်ပြခဲ့ပြီး

ကာတာမှာရှိတဲ့ ပါကစ္စတန်သံရုံးရဲ့ ဖော်ပြချက်မှာလည်း ပါကစ္စတန်အလုပ်သမား ၈၂၄ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။တကယ်တော့ အခုမြင်တွေ့နေရတဲ့ လှပတဲ့ဘောလုံးကွင်းတွေဖြစ်လာဖို့အတွက် အသက်ပေါင်းများစွာ စတေးခဲ့ရတာဖြစ်ပြီး၊

ကာတာနိုင်ငံရဲ့ အလုပ်သမားတွေအပေါ် အခွင့်အရေးချိုးဖောက်ခိုင်းစေမှုတွေ၊ နစ်နာမှုတွေအတွက် ဝေဖန်မှုတွေအများအပြားကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

လေးစားစွာဖြင့်Creditပေးပါတယ်

Unicode

Be the first to comment on "လူ့အသက်ပေါင်း ၆၅၀၀ ကျော်စတေးခဲ့ရတဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား"

Leave a comment

Your email address will not be published.

*