လွန်ခဲ့သောနှစ်ပေါင်း ၉၉ သန်းကျော်က ဒိုင်နိုဆောေသွး စုပ်ထားတဲ့ လှေး မြန်မာပြည်က ပယင်းကျောက်ထဲမှာ ရှာတွေ့ (ရုပ်သံ)

လွန်ခဲ့တဲ့ နှစ်သန်း ၉၉ သန်းတုန်းက ရှင်သန်ခဲ့တဲ့ ဒိုင်နိုဆောရဲ့ ေ.သွ.းကိုစုပ်ခဲ့တဲ့ လှေးတွေကို မြန်မာပြည်က ပယင်းကျောက်ထဲမှာ သိပ္ပံပညာရှင်တွေ ရှာတွေ့ခဲ့ပါတယ်။ မြန်မာပြည် ဟူးကောင်းချိုင့်ဝှမ်းကထွက်တဲ့ ဒီပယင်းကျောက် (Amber) ထဲမှာတွေ့ရတဲ့ လှေးတွေဟာ ရှေးဒိုင်နိုဆောရဲ့

အမွှေးကို တွယ်လျက်သားတွေ့ရတာပါ။ ဒါဟာလွန်ခဲ့တဲ့ အတိတ်ကာလက ဒီလှေးတွေဘာစားသုံးပြီး ဘယ်လိုအသက်ရှင်ခဲ့တယ်ဆိုတာ ပထမဆုံးဖော်ပြလိုက်တဲ့ တိကျတဲ့ သက်သေအထောက်အထား ဖြစ်ပါတယ်။ ဒီလှေးကို ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့

အောက်ဆဖို့တ်တက္ကသိုလ် သဘာဝသမိုင်းပြတိုက်က ရီကာဒို ပီယဲ ဖွန်တေးကတော့ ဒါဟာသဘာဝသမိုင်း ပညာရှင်တွေအတွက် အိပ်မက်တစ်ခုပါပဲလို့ ကဗျာဆန်ဆန် ပြောသွားပါတယ်။ အခုတွေ့ရတဲ့ ပယင်းကျောက်မှာ လှေးတွေဟာ တစ်ချိန်က ဒိုင်နိုဆောတွေရဲ့ ေ.သွ.းကို စုပ်ယူစားသုံးပြီး

အသ.က်ရှင်သန်ခဲ့တယ်ဆိုတာ ညွှန်ပြနေတဲ့သဲလွန်စတွေ အများအပြားပါဝင်ပါတယ်။ အထင်ရှားဆုံးတစ်ခုကတော့ ဒီလှေးဟာ ဒိုင်နိုဆောရဲ့အတောင်မွှေးကို ဖက်တွယ်ထားတာပဲ ဖြစ်ပါတယ်။ အခုအတောင်မွှေးဟာ နောင်ငှက်တွေဖြစ်လာမယ့် ဒိုင်နိုဆောရဲ့ အတောင်ပံမွှေးဖြစ်ပါတယ်။

နောက်သဲလွန်စကတော့ ဒိုင်နိုဆောရဲ့အသိုက်ထဲမှာ နေထိုင်ခဲ့တဲ့ ချေးပိုးထိုးကောင်သားလောင်းရဲ့ အမွေးကို လှေးနှစ်ကောင်ကိုယ်ပေါ်မှာ ကပ်နေတာ တွေ့ရတာပါ။ အခုလိုမျိုးလှေးနဲ့ သူေ.သွ.းစုပ်တဲ့အကောင်တို့ကို အတူတကွတွေ့ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမျိုးဟာ အလွန်ရှားပါးပြီး

တွေ့ရခဲလှပါတယ်။ အခုကျောက်ဖြစ်ရုပ်ကြွင်းဟာ တစ်ချိန်က လှေးတွေ ဒိုင်နိုဆောေ.သွ.း စုပ်ခဲ့တယ်ဆိုတာပြနေတဲ့ ပထမဆုံး အထောက်အထား ဖြစ်ပါတယ်။ “လှေးတွေဟာ အခုမှ ငှက်တွေရဲ့ေ.သွ.းကို စုပ်ယူစားသုံးနေတာ မဟုတ်ပါဘူး။ ရှေးယခင်ကတည်းက အခုခေတ်ငှက်တွေရဲ့

ဘိုးဘေးတွေကို ေ.သွ.း.စု.ပ်ခဲ့တာပါ” လို့ သူကဆက်ပြောပါတယ်။ အခုတွေ့ရှိချက်ကို ပြီးခဲ့တဲ့ ၂၀၀၇ ဒီဇင်ဘာလထုတ် Nature Communication သိပ္ပံဂျာနယ်မှ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီလှေးတွေတွေ့ရတဲ့ ပယင်းကျောက်ဟာ မြန်မာပြည် ဟူးကောင်ချိုင့်ဝှမ်းက နှစ် ၉၉ သန်း

သက်တမ်းရှိတဲ့ မယင်းကျောက်တွင်းက ထွက်ရှိတာဖြစ်ပါတယ်။ ပယင်းကျောက်ဖြစ်ရုပ်ကြွင်း စုဆောင်းသူ ဝါသနာရှင်တစ်ဦးက ပယင်းပွဲစားဆီမှာတွေ့ရှိလို့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီအောက်စဖို့ သဘာဝသမိုင်းပြတိုက်ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ တွေ့ရတဲ့လှေးတွေထဲက တစ်ကောင်ဟာ

၅ မီလီမီတာလောက်ရှိပြီး ေ.သွ.းတွေနဲ့ ဖောင်းကားနေပါတယ်။ မူလကတော့ ပညာရှင်တွေက ဒီလှေးကနေ ဒိုင်နိုဆော DNA ထုတ်လို့ရနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဒိုင်နိုဆောရဲ့မူလ DNA က ပျ.က်.စီ.းနေပြီဖြစ်လို့ လှေးတွေကိုပဲ အသေးစိတ်လေ့လာခွင့်

ရခဲ့ကြပါတယ်။ အခုတွေ့ရတဲ့လှေးဟာ အရင်ကမတွေ့ဘူးသေးတဲ့ မျိုးစိတ်သစ်တစ်ခုဖြစ်ပြီး သိပ္ပံအမည် Deinocroton draculi လို့ အမည်ပေးထားပါတယ်။ မြန်မာလိုတော့ “ဒ.ရ.က်ကူ.လ.ာရဲ့ေ.ကြ.ာ.က်စရာ လှေး” လို့ အဓိပ္ပါယ်ရပါတယ်။

Unicode

Credit

Be the first to comment on "လွန်ခဲ့သောနှစ်ပေါင်း ၉၉ သန်းကျော်က ဒိုင်နိုဆောေသွး စုပ်ထားတဲ့ လှေး မြန်မာပြည်က ပယင်းကျောက်ထဲမှာ ရှာတွေ့ (ရုပ်သံ)"

Leave a comment

Your email address will not be published.

*