ညဈေးတန်းကနေ လက်ပက်နာရီဟောင်းလေးတစ်ခုကို ဝယ်ယူခဲ့ရာမှ နာရီကြိုးလေးက ရွှေအစစ်တွေနဲ့ပြုလုပ်ထားတာကိုသိရှိခဲ့ပြီး ကံကောင်းသွားသည့် အမျိုးသား

လူသားတို့ရဲ့ဘဝမှာ မထင်မှတ်ထားသည့်အရာများစွာနဲ့ ကြုံတွေ့ရတတ်ပြီး တစ်ခါတစ်ရံ ကံကောင်းခြင်းတွေနဲ့ကြုံရသလို တစ်ခါတစ်လေတော့လည်း မမျှော်လင့်ထားပေမယ့် အဆိုးတွေနဲ့ ကြုံရတတ်သည်။

ယခုတွင်လည်း မလေးရှားနိုင်ငံက အမျိုးသားတစ်ဦးသည် ခရီးသွားများကြား နာမည်ကြီးသော ညဈေးတန်းတစ်ခုမှာ လက်ပက်နာရီဟောင်းလေးတစ်လုံးကို စမြင်ချင်းမှာပဲ သဘောကျသွားပြီး ငွေတစ်ဆယ်နဲ့ ဝယ်ယူခဲ့သည်။

အမျိုးသားသည် အိမ်ရောက်သောအခါ ထိုလက်ပက်နာရီလေးအား သေချာပြန်ကြည့်ပြီးနောက် ထူးခြားနေ၍ မသင်္ကာတာနဲ့ စမ်းသပ်မှုပြုလုပ်ခဲ့ရာကနေ နာရီကြိုးက ရွှေအစစ်နဲ့လုပ်ထားကိုသိရှိခဲ့သည်။

အမျိုးသားသည် ဝမ်းသာအားရနဲ့ နာရီကြိုးလေးတွေကို တစ်စစီဖြုတ်၍ ရွှေနဲ့ပြုလုပ်ထားသော အပိုင်းအစလေးတွေကို အလေးချိန်ချိန်ကြည့်ခဲ့ရာ ၂၄.၉၁ဂရမ်ရှိခဲ့ပြီး ငွေတစ်ဆယ်တန်လက်ပက်နာရီက ရင်းဂစ်၇၅၀၀တန်ကြေးရှိနေခဲ့၍ ကံကောင်းသွားခဲ့သည်။

Unicode

Credit

Be the first to comment on "ညဈေးတန်းကနေ လက်ပက်နာရီဟောင်းလေးတစ်ခုကို ဝယ်ယူခဲ့ရာမှ နာရီကြိုးလေးက ရွှေအစစ်တွေနဲ့ပြုလုပ်ထားတာကိုသိရှိခဲ့ပြီး ကံကောင်းသွားသည့် အမျိုးသား"

Leave a comment

Your email address will not be published.

*