မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သားဖြစ် သူကို ပါဝင်ဆောင်ရွက်တာ မပြုစေဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နိုင်ငံရေးဆိုင်ရာသဘောထားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအ ဝေး ပြုလုပ်နိုင်တဲ့ကာလတစ်ခုမှာ အဖွဲ့ဝင်အားလုံးရဲ့ သ ဘောထားတွေကို သိရှိပြီးမှသာ ထုတ်ဖော် ပြောဆိုမယ်လို့ သူမနဲ့တွေ့ခဲ့သူ တချို့ကို မကြာခင်က ပြောလိုက်ပါတယ်။

NLD ဗဟိုကော်မတီဝင်တစ်ဦးက “ သူ့ရဲ့ကိုယ်ပိုင်သဘောထားတွေနဲ့ ရန်ကုန်ရုံးချုပ်ကို ရွေးကောက်ပွဲကော်မရှင်က ပို့တဲ့စာတွေကို လူတစ်ဦးကတဆင့်ပေးပို့ခဲ့ရာမှာ ဒေါ်အောင် ဆန်းစုကြည်က နောက်ကို အဲဒီလိုပေးပို့တာတွေကို ယူ ဆောင်မလာဖို့လည်း” တားမြစ်ခဲ့ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်စေ ဗဟိုကော်မတီဝင်ဖြစ်စေ တစ်ဦးချင်းရဲ့ သဘောထားအမြင် ပြောဆိုချက်တွေကို လက်ခံနားထောင်လိုခြင်းမရှိဘဲ စကားသယ်ဆောင်လာသူတွေကိုလည်း နောက်ကို အဲဒီလို စကားတွေ သယ်မလာဖို့နဲ့ ပေးတဲ့စာတွေကိုလည်း လက်မခံဖို့ တားမြစ်လိုက်တယ်လို့ သိရပါတယ်။

နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လက် ရှိ နိုင်ငံခြားတိုင်းပြည်တွေမှာ လုပ်ဆောင်နေကြတဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သူ့ရဲ့သားဖြစ်သူ ကိုထိန်လင်းကို ပါဝင်ဆောင်ရွက်တာ မပြုစေဖို့ သက်ဆိုင် သူတွေကို ပြောလိုက်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီး NUG၊ NUCC၊ PDF၊ EAOs စတဲ့ အဖွဲ့အစည်းတွေရဲ့လှုပ် ရှားမှုတွေ၊ ပြည်တွင်း ပြည်ပ ဆောင်ရွက်မှုတွေ၊ စ-စ်တပ်ရဲ့ လူမဆ-န်မှုတွေကို တစ်စုံတစ်ရာအတိုင်းအတာအထိ သိရှိနေတယ်လို့ သတင်းရပါတယ်။

သူမကို လက်ရှိမှာ ရေဒီယို၊ ကွန်ပျူတာ အင်တာနက် စတဲ့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ မပေးဘဲ စ-စ်ကေ-ာင်စီက သူတို့ထုတ်တဲ့ သတင်းစာတွေကိုတော့ ပို့ပေးနေတယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး တစ်ခါတစ်ရံ ခေါင်းမူးတတ်တာလောက်ပဲရှိတယ်လို့လည်း တွေ့မြင်ရသူတွေကပြောပါတယ်။

လေအေးစက်မရှိတဲ့ တိုက်တစ်လုံးမှာ ထောင်ကကျွေးတဲ့ အစားအစာနဲ့ ပြင်ပက ပေးပို့တဲ့ အစားအစာ တချို့ကို ပေါင်းပြီးစားသောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစားအစာတွေကို ပြင်ပကနေ တကူးတက မှာယူခြင်းတော့ မရှိဖူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေကို လက်ရှိတွေ့ဆုံခွင့်ပေးတဲ့အခန်းမှာ စ-စ်ကေ-ာင်စီက CCTV ကင်မရာတပ်ဆင်ပြီး စောင့်ကြည့်နေပါတယ်။

အမှုကို စ-စ်ဆေးနေတဲ့ တရားရုံးဟာ နေပြည်တော်ထေ-ာင်ဗူးဝအနီးမှာရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူ နေထိုင်ရတဲ့ အဆောက်အဦးကနေ ကားတစ်စီးနဲ့ ခေါ်လာလေ့ရှိတယ် လို့လည်း ထေ-ာင်တွင်းက သတင်းတွေအရ သိရပါတယ်။

Source RFA

Unicode

Be the first to comment on "မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သားဖြစ် သူကို ပါဝင်ဆောင်ရွက်တာ မပြုစေဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား"

Leave a comment

Your email address will not be published.

*