ကုသလို့ မပျောက်ဆုံးနိုင်တော့မဲ့ ရောဂါ ကြီးအတွက် စာအိတ်သုံးစောင်

သူဌေးကြီးတစ်ဦး ကုသလို့ မပျောက်ဆုံးနိုင်တော့မဲ့ ရောဂါ ကြီးကြီး တစ်ခု ခံစားနေရပါတယ်။ သိပ်မကြာတော့တဲ့ အချိန်ကာလမှာ သေတော့မယ် ဆိုတာကိုလည်း ကိုယ့်ကိုယ်ကို သိနေတယ်။

သူဌေးကြီးက စိတ်ဆင်းရဲ ဒုက္ခကို တော်တော်လေး ခံစားနေ ရပါတယ်။ အစတော့ အစိုးရဆေးရုံ၊…ပြီးတော့ နာမည်ကြီးတဲ့ ပန်းလိူင်ဆေးရုံ၊ နောက်ဆုံးတော့ ဘန်ကောက်ဆေးရုံ၊

ဘန်မူဂရက်ဆေးရုံ၊ စင်္ကာပူ၊ ထိုင်ဝမ် အစရှိတဲ့ ကမ္ဘာကျော်ဆေးရုံတွေပါ မကျန် သွားရောက်ကုသ ပါတော့တယ်။ နောက်ဆုံး မပျောက်ဆုံးတော့တာနဲ့၊ သူများတွေမိတ်ဆက်လို့၊

ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသ၊ တိုင်းရင်း သမားတော်ကြီးတစ်ဦးဆီကို ရောက်ရှိသွားခဲ့ပါတယ်။ သမားတော်ကြီးက လိုအပ်တဲ့ အကြောင်းအရာတွေကို မေးမြန်းပြီး၊ သူဌေးကြီးကို အောက်ပါ အတိုင်းပြောပြ လိုက်ပါတယ်။

” ခင်ဗျားရဲ့ ရောဂါဟာ မီးစာလိုပဲ တော်တော်လောင်ကျွမ်းနေပြီ၊ အဲဒီရောဂါကို ကုသနိုင်ဖို့ နောက်ဆုံး နည်လမ်း တစ်လမ်းပဲ ကျန်တော့ တယ်။ ဆေးအညွန်း စာအိတ်သုံးအိတ်ပေးလိုက်မယ် အစီအစဉ်အတိုင်းပဲ

တစ်အိတ်ပြီးမှ တစ်အိတ်ကို ဖေါက်ဖတ်ရမယ်။ စာထဲပါ ညွန်ကြားချက်အတိုင်းကို တိတိကျကျ လိုက်နာရမယ်။ ဆရာ့ဆီ မှာ လည်းကုသဖို့ ဒီလမ်းပဲ ကျန်တော့တယ်။ သူဌေးကြီးအိမ်ပြန်လာတယ်။

အစီအစဉ်အတိုင်း.ပထမစာအိတ်ကို ဖေါက်ဖတ်လိုက်တယ်။ ” အပန်းဖြေကမ်းခြေ တစ်ခုကို သွားပါ.နေ့တိုင်း အနည်းဆုံး ကမ်းခြေရဲ့ သဲသောင်ပြင်ပေါ်မှာ မိနစ် ၃၀ ခန့် လှဲလှောင်းအနားယူပါ။ ဆက်တိုင် ၂၁ ရက်ပြုကျင့်ပါ” တဲ့ ။

သူဌေးကြီးက မယုံရဲယုံရဲနဲ့ သေမထူးရှင်မထူး ဖြစ်မဲ့အတူတူ သမားတော်ကြီးရဲ့ အကြံအဉာဏ်ကို လိုက်နာဆောင်ရွက် ပါတော့တယ်။ ကမ်းခြေမှာ လဲလှောင်း လိုက်တာနဲ့ နေ့စဉ်နေတိုင်း အနားယူချိန် ၂ နာရီထက်ကျော် သွားတယ်။

တစ်သက်လုံး မနားတမ်း လုံးပမ်းလာခဲ့တယ်။ လောဘစိတ်၊ မောဟစိတ်၊ ဒေါသစိတ်…..အတ္တမာနစိတ်တွေနဲ့ တစ်သက်လုံး အသက်ရှင် ရပ်တည် လာခဲ့တယ်။ တကယ် စိတ်မောလူမောဖြစ်နေ ပါပြီ။

၂၂ ရက်မြောက်တဲ့နေ့မှာ .သူဌေးကြီးက ဒုတိယ စာအိတ်ကို ဖေါက်ဖတ်လိုက်ပါတယ်။” နေ့စဉ်နေ့တိုင်း ကမ်းစပ်မှာရှိတဲ့ အသက်ရှင်နေသေးတဲ့ ငါး၊ပုဇွန် အစရှိတဲ့သတ္တဝါ အနည်ဆုံး ငါးကောင်ကို ကောက်ပြီး၊ ပင်လယ်ထဲကို ပြန်လွတ်လိုက်ပါ” တဲ့။

သံသယစိတ်အပြည့်နဲ့ သူဌေးကြီးဟာ စာထဲပါ ညွန်ကြားချက် အတိုင်း ဆောင်ရွက်ပါတော့တယ်။ သူထူးထူးခြားခြားတွေ့ရှိ လိုက်တာက ငါးတွေ ပုဇွန်တွေ ပင်လယ်ထဲကို ပြန်လွတ်ချတဲ့ အချိန်မှာ စိတ်အလွန် ကြည်လင်အေးချမ်းနေခြင်းပဲ ဖြစ်တယ်။

ဒီလိုခံစားမှုမျိုး သူတစ်ခါမှ မခံစားမိ ခဲ့ဖူးဘူး။ နံပါတ် ၄၃ ရက်နေ့ သူဌေးကြီး နောက်ဆုံးစားအိတ်ကို ဖေါက်ဖတ် လိုက်ပါတယ်။ ” သစ်ကိုင်းသစ်ခက် တစ်ခုကို ရှာလိုက်ပါ။ ကမ်းစပ်ပြင်ပေါ်မှာ သင့် မကျေနပ်ချက် အားလုံးကို ၊ တစ်ချက်ချင်း ရေးချလိုက်ပါ” တဲ့၊

သူဌေးကြီး ဒီတစ်ကြိမ် မှာတော့…..တုန့်ဆိုင်းမှုလုံးဝ မရှိတော့ ပါ။ မဆိုင်းမသွပဲ မကျေနပ်ချက်အားလုံး၊ ညီးညူစရာ အကြောင်းအရာများ အားလုံးကို တစ်ချက်ချင်း ရေးချပါတော့တယ်။

သူဌေးကြီးက ရေးတယ်၊ လိူင်းရေတွေ တက်လာတော့ ဖုန်းလွမ်းပျောက်ဆုံး သွားတယ်။ ထပ်ရေးတယ်.ထပ်ရေလွမ်းတယ် ထပ်ပျောက်ဆုံး တယ်။ သူဌေးကြီး အတွင်းစိတ်ရဲ့ တည်ငြိမ်မှုရှိတဲ့ စိတ်ရဲ့ တစ်နေရာမှာ၊ အကြောင်းအရာ တစ်ခုခု ကို စိတ်အသိနဲ့ သိလိုက်သလို ခံစားလိုက် ရပါတယ်။

ခံစားရလွန်းလို့၊ သူဌေးကြီး မျက်ရည်စီးကျ လာပါတော့ တယ်။ အဲဒီအချိန်မှာ သူ့ကိုယ်သူ ပြန်မေး လိုက်တယ်။ ငါ့ရောဂါ ဘယ်ရောက် သွားပြီလဲတဲ့ သူဌေးကြီးရလိုက်တဲ့ ရောဂါဟာ လောဘမောဟ ဖုန်းလွှမ်းနေတဲ့ စိတ်ဖိစီးမှု လွန်ရောဂါ တစ်မျိုးပါ။

စိတ်အလိုမကျ ရောဂါတစ်မျိုးပါ။ ရလေရလေ ငတ်မပြေတဲ့ ရောဂါ တစ်မျိုးပါ။ အခုတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံး သွားသလိုလို စိတ်ကြောင့်သေ၊ လက်ကြောင့်ကျေဆိုတာ.. သူဌေးကြီး စဉ်းစားခန်းထဲ ဝင်နေ ပါ တယ် ။

Unicode

Credit မူရင်းရေးသားသူ

Be the first to comment on "ကုသလို့ မပျောက်ဆုံးနိုင်တော့မဲ့ ရောဂါ ကြီးအတွက် စာအိတ်သုံးစောင်"

Leave a comment

Your email address will not be published.

*