စင်ကာပူမှာ သရဲ အခြောက်ဆုံး ဘူတာရုံ (၆) ခု အကြောင်း (ရွှေမြန်မာများ သိထားနိုင်ဖို့ပါ)

စင်ကာပူမှာ သူရဲခြောက်တယ်လို့ လူပြောများ စွပ်စွဲခံရတဲ့ MRT ဘူတာရုံ 6 ခု ရှိပါတယ်။ (၁) Bishan MRT, Bishan MRT က ယခင် Pek San Teng လို့ခေါ်တဲ့ သင်္ချိူင်းမြေပေါ် မှာ ဘူတာရုံ နဲ့ အတူ ပိုမိုကြီးမားတဲ့ Bishan ဖြစ်လာဖို့ ရှင်းလင်းတည်ဆောက်ခဲ့တာပါ။

ပြောဆိုချက်တွေအရ Bishan MRT ဘူတာရုံ ရှိ ပလက်ဖောင်းများတွင် နောက်ဆုံးရထား အချိနိဝန်းကျင် လူခြေတိတ်တဲ့ အချိန်မျိူးတွေမှာ ဦးခေါင်းမပါတဲ့ ကိုယ်ကြီးကို တွေ့မြင်ရတတ်တယ် ဆိုပါတယ်။

Bishan MRT နှင့် Novena MRT ကြားမှာ အလောင်းတွေကို သယ်ယူပို့ဆောင်နေတဲ့သူတွေကိုလဲ ရထားလမ်း ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းများက တွေ့ရှိခဲ့ကြောင်း သတင်းပေးပို့ထားတာမျိူးလဲ ရှိတယ်လိုဆိုပါတယ်။

ဟိုးလေးကျော်သွားတဲ့ ဖြစ်ရပ်ကတော့ Bishan MRT က ရထားပေါ် မှာ လူငယ်တစ်ဦးက သူ နှင့် ဆန့်ကျင်ဘက် ထိုင်နေသည့် အမျိုးသမီးတစ်ဦးဟာ သူ့ခေါင်းကို အေးအေးဆေးဆေး ဖယ်ကာ သူမ၏ ပေါင်ပေါ်တွင် တင်လိုက်တာကိုတွေ့ရပြီး အဲ့ လူငယ် ဟာ ထိတ်လန့်တုန်လှုပ်စွာနဲ့ ရထားပေါ်မှ အချိန်မီ ပြေးထွက်ခဲ့ရတဲ့ အကြောင်းပါ။

(၂) Novena MRT, Bishan MRT လိုပဲ Novena MRT ကိုလည်း သုသာန် ပေါ်မှာ တည်ဆောက်ခဲ့တာပါ။ နောက်ဆုံး ရထားများပေါ်တွင် ဦးခေါင်းမပါသော အသွင်အပြင် ခရီးသည်များကို တွေ့တတ်ကြတယ်လို ဆိုပါတယ်။

(၃) Woodleigh MRT, Woodleigh MRT က Bidadari သုသာန်အောက်မှာရှိတာပါ။ MRT က ၂၀၀၃ ခုနှစ်တွင် ပြီးစီးခဲ့သော်လည်း ရှစ်နှစ်အကြာ ၂၀၁၁ မှ ဖွင့်နိုင်ခဲ့တာပါ။ အဲ့ဒီနှစ်များတစ်လျှောက်လုံးမှာ North East Line (NEL) မှရထားများက Serangoon MRT မှ Potong Pasir MRT ဘူတာသို့ သွားရာလမ်းတွင် ပြီးစီးသွားတဲ့ woodleigh mrt ကို အရှိန်ပြင်းပြင်း နဲ့ ကျော်ဖြတ်သွားခဲ့ရတာပါ။ အရင်က ရထား အရှိန်ပြင်းပြင်းဖြင့် ဖြတ်သွားစဉ် ဘူတာရုံပလပ်ဖောင်း မှာ သရဲတစ္ဆေအဖြူအဆင်းသဏ္ဍာန်ကို မြင်တွေ့ရကြောင်း ပြောဆိုကြပါတယ်။

(၄) Toa Payoh MRT, Toa Payoh MRT က သင်္ချိုင်းမြေပေါ်မှာ ဆောက်ထားတာ မဟုတ်ပေမယ့် ကျောင်းဝတ်စုံဝတ်ထားသည့် မိန်းကလေးတစ်ဦးကို ပလက်ဖောင်းပေါ်တွင် မကြာခဏ တွေ့ဖူးကြောင်း ပြောဆိုတာတွေရှိပါတယ်။ အဲ့ မိန်းကလေး နား ကပ်သွားရင် သူက ကိုယ့်ကို စိုးရွံ့သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ လေထဲတွင် ကွယ်ပျောက်သွားတယ်လို့ ဆိုကြပါတယ်။

(၅) Outram Park MRT, Outram park mrt က ယခင် Outram အကျဉ်းထောင်နှင့် Outram မူလတန်းကျောင်းအောက်တွင် တည်ဆောက်ထားတာပါ။ အဲဒီ MRT မှာ ဆင်ရဲနွမ်းပါးဟန် အဘွားအိုတစ်ဦးဟာ ဘူတာရုံတွင် ထူးထူးခြားခြား ပေါ်လာတတ်ပြီး ပျောက်ကွယ်သွားရင် ဘာသဲလွန်စများ လုံးဝမကျန်တော့အောင် ရှိတယ်လို့ဆိုပါတယ်။

(၆) Lakeside MRT, Lakeside MRT က Chinese Garden ရှိ ရေကန်နှင့် နီးပါတယ်။ ကောလဟာလတွေအရ သဘာဝလွန်မြင်ကွင်းအချို့ကို ဘူတာရုံတစ်ဝိုက်မှာ မကြာခဏ တွေ့မြင်ရတတ်တယ်ဆိုပါတယ်။ MRT အနီးရှိ သစ်ပင်တစ်ပင်ပေါ်တွင် အဖြူထည်ဝတ်စုံ တစ်ထည်ရှိတတ်ကြောင်း အချို့က ပြန်ပြောကြပါတယ်။ လူတစ်ယောက်က ဓာတ်ပုံရိုက်ဖို့ လုပ်နေတဲ့အချိန်မှာ ကင်မရာကို စိုက်ကြည့်နေတဲ့ အနီရောင်မျက်လုံးရဲရဲကြီး တစ်စုံကို တွေ့ရှိခဲ့ပါတယ်လို့ဆိုထားပါသေးတယ်။ (Michael Maw)

Unicode

Credit

Be the first to comment on "စင်ကာပူမှာ သရဲ အခြောက်ဆုံး ဘူတာရုံ (၆) ခု အကြောင်း (ရွှေမြန်မာများ သိထားနိုင်ဖို့ပါ)"

Leave a comment

Your email address will not be published.

*