တချိန်က တကမ္ဘာလုံး ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ အင်္ဂါဂြိုလ်ပေါ်က လူမျက်နှာကြီး အကြောင်း

အင်္ဂါဂြိုလ်ပေါ်က မျက်နှာကြီး၊ အချိန်က ၁၉၇၆ ခုနှစ်အတွင်း ဖြစ်ပါတယ်။ နေရာကတော့ အင်္ဂါဂြိုလ် ပါတ်လမ်း တစ်နေရာမှာပါ။ ပါဝင်တဲ့သူကတော့ ဗွိုင်ရေဂျာ-၁ အာကာသယာဉ် ဖြစ်ပါတယ်။

အင်္ဂါဂြိုလ်ပါတ်လမ်းကနေ ဂြိုလ်မျက်နှာပြင်ကို ဓါတ်ပုံရိုက်နေခဲ့တာပါ။ ရိုက်ကူးထားတဲ့ ပုံတွေကို ကမ္ဘာပေါ်က နာဆာ သိပ္ပံပညာရှင်တွေ ပြန်စစ်ကြည့်ချိန်မှာတော့ ဘယ်လိုမှ ထင်မှတ်မထားတဲ့ ဓါတ်ပုံတစ်ပုံက အားလုံးကို အံ့အားသင့် သွားစေခဲ့ပါတယ်။

ဒီဓါတ်ပုံ ထဲမှာ တွေ့ရတာကတော့ ဗွိုင်ယေဂျာရဲ့ ကင်မရာကို မျက်လုံးကြီး ပြူးပြီးစိုက်ကြည့်နေတဲ့ ဧရာမ လူ့မျက်နှာကြီးပဲ ဖြစ်ပါတယ်။ ဒီမျက်နှာကြီးကို အင်္ဂါဂြိုလ်ပေါ်က ဆိုင်ဒိုးနီးယား (Cydonia) ဒေသမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မျက်နှာကြီးဟာ အကျယ်အဝန်းအားဖြင့် နှစ်မိုင်ခန့် ကျယ်ဝန်းပါတယ်။ ဒီဓါတ်ပုံ တွေ့ရှိရပြီးနောက် နာဆာက ပညာရှင်တွေ အကြားမှ အတော်လေး လှုပ်ခတ်သွားကြပါတယ်။ ဒါပေမယ့် ရက်အနည်းငယ် အကြာမှာတော့ နာဆာက အာကာသ ပထဝီ ဘူမိဗေဒ ပညာရှင်တွေက သေချာလေ့လာပြီးနောက် ဒါဟာ ကျောက်သားပြင်မှာ ဖြစ်နေတဲ့ သဘာဝ အမှတ်အသားသာ ဖြစ်ပြီး နေရောင်ကျရောက်နေတဲ့ ဒေါင့်ကြောင့် မျက်နှာပုံ ဖြစ်ပေါ်နေ ရတာသာ ဖြစ်တယ် ဆိုတဲ့ အကြောင်းကို ရှင်းပြခဲ့ပါတယ်။

ဒါပေမယ့် ဒီရှင်းပြချက်ကို လူအများကတော့ သိပ်မယုံကြည် ခဲ့ကြပါဘူး။ ဒီမျက်နှာပုံ ပါတဲ့ ဓါတ်ပုံကို နာဆာက ထုတ်ပြန်ခဲ့ပြီးတဲ့ အချိန်ကစလို့ ဒီဓါတ်ပုံဟာ လူထုကြားမှာ အထူးပဲ ရေပန်းစားခဲ့ပါတယ်။ သတင်းစာတွေ၊ ရေဒီယိုတွေ၊ တီဗီတွေကနေ ဒီမျက်နှာနဲ့ ပါတ်သက်တဲ့ မှတ်ချက်တွေ သုံးသပ်ချက်တွေ ပေးကြပါတယ်။

ဟောလီးဝုတ် ကလဲ ရုပ်ရှင်ကားတွေ ရိုက်ကူးခဲ့ ကြပါတယ်။ လူအချို့ကလဲ ဒါဟာ အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိတွေ ရှိနေတယ် ဆိုတဲ့ ခိုင်လုံတဲ့ သက်သေဖြစ်တယ်လို့ ယူဆကြပါတယ်။ နာဆာအဖွဲ့ကြီးက ဘတ်ဂျက်တွက်တဲ့ ဌာနက ဝန်ထမ်းတွေကတောင် အင်္ဂါဂြိုလ်ပေါ်မှာ အဆင့်မြင့်တဲ့ ရှေးဟောင်း သက်ရှိ မျိုးနွယ်တွေ ရှိဖို့ ဆုတောင်းခဲ့ ကြတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင် အများစုကတော့ ဒီ အင်္ဂါဂြိုလ်က မျက်နှာကြီးဟာ တခြားကမ္ဘာက သက်ရှိတွေ ထားရစ်ခဲ့တဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဖြစ်တယ်လို့ မယုံကြည် ကြပါဘူး။ ဒါပေမယ့်လဲ ၁၉၉၇ ခုနှစ် စက်တင်ဘာလမှာ နာဆာက လွှတ်တင်တဲ့ Mars Global Surveyer ယာဉ် အင်္ဂါဂြိုလ်ကို ရောက်သွားတဲ့ အချိန်ကျတော့ အဆိုပါ ဆီဒိုးနီးယား ဒေသကို ပထမဆုံး သွားပြီး ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ အဲဒီအခါမှာတော့ သာမန် ကျောက်တောင်တခု ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

Unicode

Credit

Be the first to comment on "တချိန်က တကမ္ဘာလုံး ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ အင်္ဂါဂြိုလ်ပေါ်က လူမျက်နှာကြီး အကြောင်း"

Leave a comment

Your email address will not be published.

*