စာရေးဆရာ အကြည်တော် ကွယ်လွန်

စာရေးဆရာ အကြည်တော် ကွယ်လွန်

စာရေးဆရာ အကြည်တော်သည် နိုဝင်ဘာ ၉ ရက် ည ၈ နာရီ ၂၃ မိနစ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။

စာရေးဆရာ အကြည်တော်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်က ဘန်ကောက်မြို့ Bumrungrad ဆေးရုံ၌ လေပြွန်ထဲ Stunt ထည့်ကာ ကုသမှုခံယူခဲ့သည်။

ထို့နောက် ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံကြီးတွင် အရေးပေါ်အခြေအနေဖြင့် အောက်တိုဘာလ ဒုတိယပတ်အတွင်းက တက်ရောက်ဆေးကုသနေရခြင်းလည်း ဖြစ်သည်။

အကြည်တော်၏ နာမည်ရင်းမှာ စောကြည်ဖြူဖြစ်ပြီး အဖ ဦးထွန်းနိုင် ဒေါ်ယုနွယ်တို့၏ မွေးချင်း ခုနစ်ယောက်အနက် ခြောက်ယောက်မြောက်သားလည်း ဖြစ်သည်။

၁၉၈၈ ခုနှစ်မှစ၍ ကိုကိုကြီး ကလောင်အမည်ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အကြည်တော် အမည်ဖြင့် လုံချင်းဝတ္ထုများ စတင်ရေးသားခဲ့သည်။

စာရေးဆရာ အကြည်တော်သည် ဟာသစာပေတစ်ခေတ်တွင် အလွန်အောင်မြင်ခဲ့သည့် စာရေးဆရာတစ်ဦးဖြစ်ပြီး ၎င်း၏ ဝတ္ထုများအနက် ဇော်က ကနေသည်၊ ဘီလူး၊ ရွှေမိုးသည်း၊ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း၊ နတ်နေကိုင်း၊ ချစ်လို့စတာ နာတယ်၊ ကဝေပျိုရဲ့နိဒါန်း စသည်တို့မှာ ထင်ရှားပြီး ယင်းဇာတ်လမ်းများအနက် အချို့ကို ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများအဖြစ် ပြန်လည်ရိုက်ကူးရာတွင်လည်း ပရိသတ်များအကြား နှစ်သက်အားပေးမှုများစွာရရှိခဲ့ပြီး အောင်မြင်သည့် ဇာတ်ကားများလည်း ဖြစ်ခဲ့သည်။

စာဖတ်ပရိသတ်များအကြားတွင် အောင်မြင်ခဲ့သည့် လုံးချင်းဝတ္ထုများစွာကို ဖန်တီးရေးသားခဲ့သူ စာရေးဆရာ အကြည်တော်သည် စက်တင်ဘာလကုန်ပိုင်းကလည်း Music POEM Album ကို ဖြန့်ချိခဲ့သည်။

ယင်း Album တွင် ကဗျာနှင့်ဂီတကို Orchestra တီးဝိုင်းနဲ့အတူ ပေါင်းစပ်ဖန်တီးထားပြီး စာရေးဆရာ အကြည်တော်ကိုယ်တိုင် ကဗျာများကို ဖန်တီးရွတ်ဆိုထားကာ တေးသံရှင်များအနေဖြင့် အောင်ထက်၊ စံမီမီ၊ ဖြိုးဖြိုး၊ ညီသူ၊ ထက်လူ၊ လင်းထက်၊ ဂျူးဆက်၊ ဗညား၊ ဇင်ကြီး၊ ဇူးလူး တို့က ပါဝင်အားဖြည့်သီဆိုထားသည်။

ပရိတ်သက်ကို ပျော်ရွင်မှုပေးခဲ့တဲ့ စာရေးဆရာအကြည်တော်ဟာ ကွယ်လွန်ခဲ့ရပြီဖြစ်ပါတယ်။

စာရေးဆရာ အကြည်တော် ကောင်းရာ သုဂတိလားပါစေ.. မိသားစုနဲ့ ထပ်တူဝမ်းနည်း ကြေကွဲရပါသည်။

Unicode

Credit

Be the first to comment on "စာရေးဆရာ အကြည်တော် ကွယ်လွန်"

Leave a comment

Your email address will not be published.

*