ပြည်သူတွေ ညီရင် ဒုစရိုက်သမားတွေကို တွန်းလှန်နိုင်ကြောင်း သက်သေပြလိုက်နိုင်တဲ့ အဖြစ်

၈-၁၁-၂၀၂၂ ဒီမနက် ပြည်သူတွေရဲ့ ကူညီပေးမှုနဲ့အတူ လုယက်သုံးကောင်မိတယ်။ မနက်စောစော ၆ နာရီလောက် ကျမခွေးစာကျွေးနေတုန်း မျက်စိရှေ့မှာဖြစ်သွားတာပါ။ လူ ၃ ယောက်ကို နောက်က အသက် ၂၀ လောက်ရှိတဲ့ ကလေးတစ်ယောက်က ငါ့ပိုက်ဆံပြန်ပေးဆိုပြီး လိုက်တောင်းတယ်။

အဲဒီအချိန် ပရိုဘောက်အဖြူတစ်စီးက ရပ်တော့ ၃ ယောက် ကားပေါ်တက်သွားတာကို ကလေးက ကားတံခါးအတင်းဖွင့်ပြီး ဟိုလူတွေကို ဆွဲချတာ ကားကရပ်မပေးဘူး။ ကလေးက သတ္တိရှိလိုက်တာ၊ ကားသွားနေတာကို အတင်းတရွတ်ဆွဲပြီး လိုက်သွားတယ်။ ပထမတော့ ဘေးကလူတွေက ဘာမှန်းမသိတော့ ကြည့်နေကြတာ။

နောက်တော့ကလေးက ကားနောက်တရွတ်တိုက်သွားရင်း ကျတော့်ပိုက်ဆံနဲ့ ဖုန်းတွေ လိမ်သွားပါတယ် ကျတော့်ကိုကူညီကြပါလို့ ဆက်တိုက်အော်မှ ဘေးကလူတွေပြေးလိုက်ကြတာ။ ကားကမောင်းနေတာလုံးဝမရပ်ဘူး။ ကားရှေ့ကပိတ်ရပ်တော့မှကားရပ်ပေးတယ်။

ကားပေါ်ကလူတွေကို ဆွဲချပြီးထိုင်ခိုင်းတာ ငလိမ်ကောင်တွေက ဒေါင့်မကျိုးဘူး။ လက်နက်မပါလို့တော်သေးတယ်။ ကလေးက ဘေးကလူတွေကို ထိုင်ရှိခိုးပြီး ကျတော့်ပိုက်ဆံနဲ့ဖုန်း၂ လုံးယူသွားလို့ ကူညီပေးကြပါဗျာလို့ ထိုင်ကန်တော့တာ။

လူအုပ်ကဝိုင်းထားတော့မှ ပိုက်ဆံနဲ့ဖုန်းနဲ့ပြန်ပေးတာ။ ကလေးက ဖုန်းက၂ လုံးဆိုတော့ ဟိုလူကနောက်တယောက်ကို ဖုန်းဆက်ပြီး မင်းယူသွားတဲ့ဖုန်းလာပေး ဒီမှာပြသနာတက်နေပြီလို့ပြောတော့ ဟိုဘက်က ဖုန်းပိတ်ပစ်တယ်ထင်တယ်။

နောက်တယောက်ကို ထပ်ဆက်ပြီး လာခဲ့ဖို့ခေါ်တယ်။ ဟိုကဘယ်လာမလဲ။ အဲဒါနဲ့ ကလေးကို သူ့ဖုန်းယူပါလို့ပေးတယ်။ ကလေးကပြောတယ်။ သူ့ဖုန်းက သူတို့ဖုန်းတွေထက် တန်ဖိုးကြီးတယ်တဲ့။ အဲဒါနဲ့ ဘေးကလူတွေက အဲဒီ ၃ ယောက်ကို ကြိုးနဲ့တုတ်ပြီး ရဲမလာခင် လမ်းအလယ်က ဓာတ်တိုင်မှာ ချည်ထားကြတယ်။

ကလေးက အဝေးပြေးဂိတ်ကနေ ပတ်စပို့ရုံးကို တန်းလာတာ။ ဟိုလူတွေကလည်း တစ်ယောက်ထဲသမားကိုရွေးပြီးအနိုင်ကျင့်တာ။ အခုတော့ ရဲစခန်းကို ခေါ်သွားပါပြီ။ အနားကလူတွေကလည်း တော်တော်လေးစားဖို့ကောင်းတယ်။ ဝိုင်းကူကြတယ်။ ထမင်းချိုင့်လေးနဲ့ကောင်လေးတစ်ယောက်လည်း ဝိုင်းကူညီတဲ့ထဲပါတယ်။ အလုပ်တော့နောက်ကျမှာပေါ့။ လူသားအားလုံးဘေးရန်ကင်းကြပါစေ။ မှတ်ချက်။ ။ မူရင်းတွေ့မြင်ပို့စ်တင်သူထံမှ ခွင့်ပြုချက်နဲ့ ဒီပို့စ်ကို ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။ (Aung Htoo Naing)

Unicode

Be the first to comment on "ပြည်သူတွေ ညီရင် ဒုစရိုက်သမားတွေကို တွန်းလှန်နိုင်ကြောင်း သက်သေပြလိုက်နိုင်တဲ့ အဖြစ်"

Leave a comment

Your email address will not be published.

*