နိုင်ငံ၏ သဘာဝ သယံဇာတ အရင်း အမြစ်များကို ထုတ်ရောင်းလာတဲ့ မင်းအောင်လှိုင်

မြန်မာ စစ်တပ် သည် မူဝါဒ ရေးရာ တွင် အလယ်ဗဟိုတည့်တည့်၌ ဝိရောဓိ ဖြစ်နေသည်။ ၎င်းတို့မှ အချုပ်အခြာ အာဏာ၊ လွတ်လပ်ရေး နှင့် ပြည်တွင်းအားသည် ပြည်တွင်းမှာ ရှိသည်ဟု ရေရွတ်နေကြသော်လည်း ၎င်းတို့ မဆုပ်မနစ် ကျင့်သုံးလာနေသော မူဝါဒများကြောင့် နိုင်ငံသည် အင်အား ချည့်နဲ့လာနေပြီး အခြားနိုင်ငံများ အပေါ် မှီခိုလာနေရပြီ ဖြစ်သည်။

အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် သိသာထင်ရှားလာခဲ့သည်။ စစ်ကောင်စီသည် နိုင်ငံ၏ သယံဇာတများကို အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေး အတွက် အသုံးပြုရမည့်အစား ရှိသမျှ ကို ထုတ်ရောင်းနေသည့်အတွက် ဓါတ်အား ပြတ်တောက်မှု များ နှင့် ကြုံနေရပြီး အိမ်နီးချင်း နိုင်ငံများ အပေါ် မှီခိုလာရပြီ ဟု “The military is the main obstacle to Myanmar’s energy security” ခေါင်းစဉ် ဖြင့် မြန်မာ စွမ်းအင်ရေးရာ ကျွမ်းကျင်သူ နှင့် ယခင် အရပ်သား အစိုးရ၏ အကြံပေးလည်း ဖြစ်သော Guillaume de Langre မှ Frontier Myanmar တွင် ယခုလို သုံးသပ်တင်ပြထားသည်။

ပထမဦးစွာ ဓါတ်ငွေ့ အကြောင်း တင်ပြရမည်ဆိုလျှင် မြန်မာသည် ၁၉၈၀ အလွန် နှစ်များ အလယ်ပိုင်းလောက် တွင် ဧရာဝတီတိုင်း ကမ်းလွန်အရပ်တွင် ရတနာ ဓါတ်ငွေ့ တွင်းကို စတင် တွေ့ရှိလာခဲ့သည်။ ထိုအချိန်က အိမ်ထောင်စု ဆယ်စု တွင် တစု ခန့် သာ လျှပ်စစ်မီး အသုံးပြု နိုင်သေးသည့် အချိန်လည်း ဖြစ်သည်။ မြန်မာ နှင့် အတူ မလေးရှား၊ ထိုင်း နှင့် ဗီယက်နမ် တို့သည် အလားတူ တပြိုင်တည်း ဓါတ်ငွေ့များ တွေ့ရှိခဲ့ကြသည်။ သို့သော် ထိုနိုင်ငံများသည် တွေ့ရှိလာသော ဓါတ်ငွေ့များကို အခြေခံ အဆောက်အအုံများ တိုးတက် ဖွံ့ဖြိုးလာရန် နှင့် စွမ်းအင်ကဏ္ဍ ရှင်သန်လာအောင် အသုံးချ နိုင်ခဲ့ကြသည်။

သဘာဝဓါတ်ငွေ့ သုံး ဓါတ်အားပေး စက်ရုံများ၊ ဓါတ်အား လိုင်းအသစ်များ တည်ဆောက်ရမည့် အစား မြန်မာ စစ်အစိုးရသည် ထွက်ရှိသည့် ပမာဏ၏ ၈၀ ရာနှုန်းကို ထိုင်းသို့ ရောင်းချခဲ့ကြသည်။ ရန်ကုန်အတွက် မီးအား ပေးရန် မဆိုသလောက် သာ ကျန်ခဲ့တော့သည်။ ရလာသော အမြတ်ငွေများထဲမှ အခွန် နှုတ်ပြီး ကျန်သည်များကို ပြည်ပသို့ လွှဲပြောင်းခဲ့ကြသည်။ ၂၀၁၀ ကျော်နှစ်များ အတွင်း ရခိုင် ကမ်းလွန်တွင် ရွှေ သဘာဝ ဓါတ်ငွေ့ ကွက် များ ထပ်မံ တွေ့ရှိခဲ့သော်လည်း ထိုအတိုင်းပင် ဆက်၍ လုပ်ခဲ့ကြပြန်သည်။ ဒီတကြိမ်တွင်တော့ တရုတ်ပြည်သို့ ရောင်းချခဲ့သည်။

ဤကဲ့သို့ လုပ်ခဲ့မှုများကြောင့် ဓါတ်အား ထုတ်လုပ်ရေး တွင် မြန်မာသည် ဗီယက်နမ်၏ နောက် အနှစ် နှစ်ဆယ်၊ ထိုင်း နောက် အနှစ် သုံးဆယ် နှင့် မလေးရှားနောက် အနှစ် လေးဆယ် နောက်ကျသွားခဲ့ရပြီ ဖြစ်သည်။

မြန်မာသည် တရုတ်၏ စွမ်းအင် လိုအပ်ချက် ၁.၂ ရာနှုန်း နှင့် ထိုင်း အတွက် ၁၃ ရာနှုန်း ဖြည့်ဆည်းပေးနေ၍ ဝင်ငွေ အတော်အတန် ရနေသော်လည်း အဆိုပါ နိုင်ငံများသည် ယခုအခါ LNG ဆိပ်ကမ်းများ ဆောက်လုပ်ရေး တွင် အလုံးအရင်း နှင့် ရင်းနှီးမြှုပ်နှံလာပြီး တရုတ်သည်ပင် ပိုက်လိုင်းကို အာရှ အလယ်ပိုင်း နှင့် ရုရှားမှ သွယ်တန်း လာနေပြီ ဖြစ်၍ မြန်မာ ထံမှ လိုအပ်နေသည်များကို လျော့ချလာနိုင်တော့မည်။

ထိုင်းနိုင်ငံသည် မြန်မာ မှ တင်သွင်းနေသည့် ဓါတ်ငွေ့ ပမာဏ ကို လ အနည်းငယ်အတွင်း LNG နှင့် အစားထိုး နိုင်တော့မည် ဖြစ်သည်။ ထို့အတွက် စစ်တပ်သည် ဓါတ်ငွေ့ တင်ပို့မှု မှ ဝင်ငွေ ရရာ ရကြောင်း အိမ်နီးချင်း နိုင်ငံများအပေါ် အောက်ကျို့ရမည့် အခြေကို ဆိုက်လာခဲ့လေသည်။

မြန်မာသည် ဗီယက်နမ်၏ နောက် အနှစ် နှစ်ဆယ်၊ ထိုင်း နောက် အနှစ် သုံးဆယ် နှင့် မလေးရှားနောက် အနှစ် လေးဆယ် နောက်ကျသွားခဲ့ရပြီ

အလားတူပင် သက္ကရာဇ် ၂၀၀၀ ကျော် ကာလများ အတွင်းတွင် ရေအားလျှပ်စစ် အား တရုတ်ပြည်သို့ ရောင်း ချရန် ကချင်ပြည်နယ်အတွင်း ဆည်များကို တရုတ်တို့ ဆောက်လုပ်ရန် ခွင့်ပြုခဲ့ပြီး ထွက်ရှိသော လျှပ်စစ် ပမာဏ၏ ၈% မှ ၂၀% အထိသာ မြန်မာမှ ရရှိမည့် သဘောတူညီချက်မျိုး နှင့် ဖြစ်သည်။ နောက်ပိုင်းတွင် မြိုးမြိုးမြက်မြက် ငွေရပေါက် ရလမ်း အဖြစ် အကြီးအကျယ် ကြံစည်လာသည်မှာ မြစ်ဆုံဆည်ပင် ဖြစ်သည်။ ဆောက်လုပ်ပြီးစီးသွားပါက ထွက်ရှိသော လျှပ်စစ်ပမာဏ၏ ၈၅ % ကို တရုတ် နှင့် ထိုင်းသို့ တင်ပို့ ရောင်းချရန် ပင် ဖြစ်သည်။ ထိုအချိန်က မြန်မာလူဦးရေ၏ ၇၅ % သည် လျှပ်စစ်ဓါတ်အား မရရှိသည့် အဖြစ်ကို ၎င်းတို့ ခေါင်းထဲတွင် စိုးရိမ်ပူပန်စရာ အဖြစ် ထည့်သွင်းခဲ့ကြခြင်း မရှိပေ။

မအောင်မြင်ခဲ့သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆယ်နှစ်တာ ကာလအတွင်းတွင် ထိုသို့ လက်လွတ်စပယ် ရောင်းချမှုအားလုံးကို ဖျက်သိမ်းခဲ့သည်။ မြစ်ဆုံဆည်ကို ရပ်ဆိုင်းပြစ်ခဲ့ပြီး ဓါတ်အားပေးစက်ရုံများ၊ ဓါတ်အား လိုင်းများ သွယ်တန်းနိုင်ရေး ကို ဦးစားပေးခဲ့သဖြင့် လျှပ်စစ်ဓါတ်အား သုံးစွဲနိုင်မှုသည် နှစ်ဆ တိုးလာခဲ့သည်။

၂၀၁၆ နောက်ပိုင်းတွင် NLD သည် စစ်တပ်၏ အမှားများကြောင့် ဆုံးရှုံးခဲ့ရသည်များကို ပြန်လည် ဆယ်ယူနိုင်ရန် ကြိုးစားခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်း ချုပ်ဆိုခဲ့သော ဧရာဝတီ ကမ်းလွန်ရှိ A-7 အကွက် အတွက် ကန်ထရိုက် စာချုပ်တွင် မြန်မာအတွက် ၂၅ မှ ၃၅% အထိ ပြန်ရအောင် ဆွေးနွေးညှိနှိုင်းယူနိုင်ခဲ့သည်။ အလားတူပင် ကချင်ရှိ ဆည်သုံးဆည်မှ ထွက်ရှိမှု ကိုလည်း မြန်မာအတွက် ကျန်အောင် ညှိနှိုင်းယူနိုင်ခဲ့ပြန်သည်။ ဤသို့ဖြင့် မြန်မာ၏ စွမ်းအင်ကဏ္ဍသည် စတင် ဦးမော့လာနေပြီ ဖြစ်သည်။

၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် မင်းအောင်လှိုင်သည် ယခင်အတိုင်း နိုင်ငံ၏ သဘာဝ သယံဇာတ အရင်း အမြစ်များကို ပြန်၍ ထုတ်ရောင်းလာခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ အတွင်း သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ဆည် ဆောက်လုပ်ရေး ကို အတည်ပြုပေးခဲ့ပြီး ထွက်ရှိသည့် ၉၀% ကို ထိုင်းသို့ တင်ပို့ ရောင်းချမည် ဖြစ်သည်။ မြန်မာရှိ စက်မှု ဇုံများသည် တနေ့လျှင် ၁၂ နာရီခန့်သာ လည်ပတ်နိုင်တော့သည့် အခြေအနေကို လည်း ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပေ။ လျှပ်စစ်ဓါတ် ထုတ်ရောင်း၍ရမည့် ဆည်တည်ဆောက်ရေး လုပ်ငန်း များအားလည်း ပြန်၍ အသက်သွင်းလာခဲ့သည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် အတည်ပြုပေးခဲ့သော တရုတ်နှင့် ဖက်စပ်လုပ်မည့် ဒေါ်လာ ၂.၅ ဘီလီယံ စီမံကိန်းသည် ၁၈ လ ကြာလာသည့်တိုင် တိုးတက်မှု တစုံတရာ ရှိမလာသေးပေ။ အလားတူပင် တနင်္သာရီ ဒေသ ဆည်တည်ဆောက်ရေး စီမံချက်များကို အကြိမ်ကြိမ် တင်ဒါခေါ်နေရသည်။ ဆိုလာ စီမံကိန်း ၁၈ ခုအတွက် တင်ဒါ ခေါ်ခဲ့သော်လည်း နှစ်ခု အတွက် ဆွဲမည့် ကုမ္ပဏီသာ ရှိခဲ့သည်။

ဂြိုလ်တု မှ ရိုက်ကူးထားသော မြန်မာ နှင့် အိမ်နီးချင်း နိုင်ငံများ၏ လျှပ်စစ်ဓါတ်အား ရရှိမှု အနေ အထားကို ရှက်ဖွယ်လိလိ တွေ့နိုင်မည် ဖြစ်သည်

လူထု ဝန်ဆောင်မှု လုပ်ငန်းများအား တရုပ် နှင့် ထိုင်းတို့မှ သဘာဝဓါတ်ငွေ့ရောင်းရငွေ မရှိက မလည်ပတ်နိုင်၊ ဓါတ်ဆီဆိုင်များကိုလည်း ရုရှားမှ လောင်စာဆီ မရလျှင် ဖြည့်တင်း မပေးနိုင်၊ ထိုင်းမှ အကူအညီမရပါက သဘာဝ ဓါတ်ငွေ့တွင်းသစ်များ မတူးဖေါ်နိုင်၊ တရုတ်၊ ထိုင်း ဘဏ်များ၊ အင်ဂျင်နီယာများ မပါဘဲ နှင့် ဓါတ် အားပေး စက်ရုံများ မတည်ဆောက်နိုင်၊ နောက်ဆုံးတွင် တရုတ် နှင့် လာအိုမှ ဓါတ်အား ကို ဈေးကြီးပေး၍ မဖြစ်မနေ ဝယ်ယူရမည် အခြေ ဆိုက်လာတော့မည် ဖြစ်သည်။

အိမ်နီးချင်း နိုင်ငံများသည် မြန်မာမှ အရင်းအမြစ်များကို အသုံးချ၍ ၎င်းတို့ စွမ်းအင်ဖူလုံမှု ရှိရေးအတွက် တည်ဆောက်လာကြသည်မှာ နားလည် ပေးနိုင်သော်လည်း ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း စွမ်းအင်ဆိုင်ရာ အချက်အလက်များကို ပြန်လေ့လာမည်ဆိုလျှင် စစ်တပ်သည် နိုင်ငံအတွက် ထိုသို့ လုပ်ခဲ့သည့် အထောက် အထား တစုံတရာမျှ မတွေ့ရသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်သည်။

(ပုံတွင် ဂြိုလ်တု မှ ရိုက်ကူးထားသော မြန်မာ နှင့် အိမ်နီးချင်း နိုင်ငံများ၏ လျှပ်စစ်ဓါတ်အား ရရှိမှု အနေ အထားကို ရှက်ဖွယ်လိလိ တွေ့နိုင်မည် ဖြစ်သည်)

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

Unicode

Be the first to comment on "နိုင်ငံ၏ သဘာဝ သယံဇာတ အရင်း အမြစ်များကို ထုတ်ရောင်းလာတဲ့ မင်းအောင်လှိုင်"

Leave a comment

Your email address will not be published.

*