မြန်မာနိုင်ငံရဲ့ ဖော်ရွေပျူငှာလှတဲ့ အပြုံးနဲ့ နိုင်ငံခြားသူတစ်ယောက်ရေးတဲ့ စာ

ချစ်ပရိသတ်ကြီးရေ ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ နိုင်ငံခြားသူတစ်ယောက်ဖြစ်တဲ့ တရုတ်မလေးတို့ မိမိတို့ မိခင်နိုင်ငံကြီး မြန်မာနိုင်ငံရဲ့ သဘာဝတရားတွေအကြောင်းကို ရေးသားဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ သူမကတော့ ကမ္ဘာအနှံ့ ခရီးသွားနေသူတစ်ယောက် ဖြစ်ပါတယ်။

သူမကတော့ ၁၉၉၉ ခုနှစ် ဆယ်နှစ်အရွယ်တုန်းက ယူနန်ပြည်မှာ ရှမ်းလူမျိုးတွေနေထိုင်တဲ့ ဆစ်ဆောင်ပန်း နားကိုရောက်ခဲ့တယ်။ အဲဒီမှာ မြန်မာဂိုက်တစ်ယောက် နောက်လိုက်ပြီး မူဆယ်ဘက်ကို အလည်ရောက်လာခဲ့တယ်။ အဲဒီကနေမှ မြန်မာပြည်ကို သူမစိတ်ဝင်စားသွားတာ​ဖြစ်တယ်။ ၁၅ နှစ်အကြာ ၂၀၁၄ ခုနှစ်မှာ မြန်မာပြည်ကို သူမရောက်လာခဲ့တယ်။ ဒါဟာ သူမရဲ့ ၁၆ နိုင်ငံမြောက် ခရီးစဉ်လည်းဖြစ်တယ်။ မြန်မာပြည်ဟာ ဘုရားပုထိုး စေတီတွေ ပေါများကြောင်း၊ သဘာဝတရားတွေနဲ့ ပြည့်နှက်နေပြီး ရှု့မျှော်ခင်းတွေကလည်း အရမ်းကိုလှပနေကြောင်း သူအများကြီးရေးသားထားခဲ့တယ်။

သူမရေးထားတဲ့ထဲက ကျွန်မသဘောကျမိတာက သူ့ပို့စ်ကို သူပေးထားတဲ့ခေါင်းစဉ်​​လေးပါ။ “မြန်မာပြည်ကို သွားမလည်သေးရင် သိပ်နောက်ကျသွားလိမ့်မယ်” တဲ့ ။ ဖွံ့ဖြိုးစ တိုင်းပြည်မို့ မြန်မာပြည်ဟာ သဘာဝတရားတွေနဲ့ သူ့နဂိုပုံစံအတိုင်း အရမ်းကိုလှပနေသေးတယ်။ တကယ်လို့ ဒီအချိန်မှာ သွားလည်တာနောက်ကျခဲ့ရင် သဘာဝတရားတွေဟာ ဖျက်ဆီးခံရပြီး သူ့နဂိုပုံစံကို မြင်ရတော့မှာမဟုတ်ဘူးတဲ့။နောက်တစ်ခု သူမရေးထားတာက “မြန်မာပြည်ကလူတွေဟာ ဆင်းရဲပေမယ့် သဒ္ဓါတရားထက်သန်ကြတယ်၊ ဆင်းရဲပေမယ့် သူတို့ရဲ့ မျက်နှာပေါ်မှာ ငြိမ်းချမ်းခြင်းနဲ့အပြုံးကို တွေ့ရတယ်။ ဖော်ရွေတယ်၊ အပြုံးတွေက တောက်ပတယ်၊ ရင်ကိုနွေးစေတယ်။

တကယ်လို့ ဘယ်လိုပြုံးရမယ်ဆိုတာကို သင်မေ့နေရင် မြန်မာပြည်ကိုတစ်ခေါက် သွားလည်လိုက်ပါတဲ့။ အပြုံးတွေအများကြီး သင်ရချင်ရင်လည်း မြန်မာပြည်ကိုသွားလိုက်ပါ။ မြန်မာပြည်ကလူတွေက ဘယ်လိုပြုံးရမယ်ဆိုတာကို နားလည်တယ်။ ဒါဟာ ရင်ထဲကလာတဲ့အပြုံး၊ တုံ့ပြန်မှုမလိုတဲ့အပြုံး၊ သင့်ကိုကျေနပ်စေမယ့်အပြုံး၊ ရင်ထဲက ပျောက်ဆုံးနေတဲ့အလှကို သင်ပြန်ရှာတွေ့စေမယ့် အပြုံးဖြစ်တယ်”တဲ့။ သူမ နိုင်ငံတော်တော် များများသွားဖူးတဲ့ တကယ့်ပရော်ဖက်ရှင်နယ် ခရီးသွားတွေဟာ နိုင်ငံတစ်နိုင်ငံကိုရောက်ရင် လူကိုယ်တိုင်ဖန်တီးထားတဲ့ အလှတွေထက် အဲဒီနိုင်ငံရဲ့ ရိုးရာဓလေ့၊ လူနေမှု၊ ယဉ်ကျေးမှု၊ သဘာဝကို ပိုစိတ်ဝင်စားကြတာပါ။ ဖွံ့ဖြိုးတိုးတက်နေတဲ့ သူတို့ရဲ့မြို့ပြကြီးကိုခွာပြီး တကယ့်သဘာဝတရားနဲ့ ထိတွေ့လို့ရနိုင်မယ့် နေရာကို ပိုကြိုက်ကြပါတယ်။

ကျောပိုးအိတ်တစ်လုံးနဲ့ ကမ္ဘာအနှံ့ခရီးသွားကြသူတွေဟာ ဟိုတယ်ကြီးမှာထက် လူနေရပ်ကွက်လေးမှာ ဖွင့်ထားတဲ့ ဧည့်ရိပ်သာမှာ တည်းရတာကို ပိုကြိုက်တယ်။ တကယ့် အထင်ကရ နေရာတွေထက် ရပ်ကွက်ထဲ၊ မြို့သူမြို့သားနဲ့ ပိုနီးစပ်နိုင်မယ့် နေရာတွေကို ပိုပြီးစိတ်ဝင်စားကြတာပါ။ ဒါမှ ဒီနိုင်ငံရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုကို လေ့လာရပြီး လာလည်ရကျိုးနပ်မှာလေ။သူငယ်ချင်းတွေနဲ့ ခရီးသွား​ကြတဲ့အခါ ကျွန်မတို့လည်း အတတ်နိုင်ဆုံး မြို့ပြထက် သဘာဝနဲ့ပိုနီးစပ်နိုင်မယ့် တောရွာ တောတောင်တွေကို ပိုဦးစားပေးပြီး ရွေးဖြစ်တယ်။ ဒီတစ်ခေါက် ကမ္ဘာကြီးကျန်းမာလာတဲ့အခါ ဘူတန်ကို သွားလည်ချင်ပါသေးတယ်။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ကိုယ့်နိုင်ငံရဲ့ သဘာဝအလှတရားတွေ မပျောက်ပျက်ခင် မဖျက်စီးခံရခင် ကိုယ်ကိုယ်တိုင်က ကိုယ့်ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့လိုပါတယ်။ တချို့သော ရိုးရာဓလေ့တွေဟာလည်း ပျောက်ပျက်လုနီးပါး ဖြစ်နေပါပြီ။ ဒါ့ကြောင့် သဘာဝတရားနဲ့ ရိုးရာဓလေ့လေးတွေ မပျောက်ပျက်အောင် ထိန်းသိမ်းထားကြဖို့ မေတ္တာရပ်အပ်ခံပါတယ်။ ပရိသတ်ကြီးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

(ဓာတ်ပုံက အဲဒီတရုတ်မလေးရိုက်ထားတဲ့ ပုံလေးပါ)

Source:နိုင်းနိုင်းစနေ

Unicode

Be the first to comment on "မြန်မာနိုင်ငံရဲ့ ဖော်ရွေပျူငှာလှတဲ့ အပြုံးနဲ့ နိုင်ငံခြားသူတစ်ယောက်ရေးတဲ့ စာ"

Leave a comment

Your email address will not be published.

*