တောင်းရမ်းစားသောက်သူတစ်ဦး ကထိန်အလှူလုပ်

တောင်းရမ်းစားသောက်သူတစ်ဦး ကထိန်အလှူလုပ်

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့က တောင်းရမ်းစားသောက်သူတစ်ယောက်ဖြစ်တဲ့

ဦးမောင်မောင်ကြည်(ခ) ဘိုကြည်မောင်ဟာ သူတောင်းရမ်းစုဆောင်းရရှိတဲ့ ငွေကြေးနဲ့

နိုဝင်ဘာ ၄ ရက်က ကထိန်ခင်း အလှူ ပြုလုပ်ခဲ့တယ်လို့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

ကထိန်ခင်းတာကိုတော့ နိုဝင်ဘာ ၄ ရက် နေ့လယ်ပိုင်းက ရွှေကြာငုံဓမ္မာရုံမှာ ကျင်းပခဲ့တာဖြစ်ပြီး မိတ္ထီလာ မြို့နယ်၊

ဝမ်းသာကျေးရွာကျောင်းတိုက်က သံဃာတော်အရှင်သူမြတ်တို့ကို ကထိန်သင်္ကန်းနဲ့ လှူဖွယ်ပစ္စည်း တွေဆက်ကပ်လှူဒါန်းတာဖြစ်တယ်လို့ သိရပါတယ်။

ဦးဘိုကြည်မောင်အနေနဲ့အလှူအတန်းတွေပြုလုပ်နိုင်ဖို့ ဆက်လက်ကူညီ လုပ်ဆောင်ပေးသွားမယ်လို့လည်း အလှူမှာ ကူညီဆောင်ရွက်ပေးနေတဲ့ ကိုမင်းကိုကြီးကပြောပါတယ်။

အခုကထိန်ခင်းအလှူမှာ ဦးဘိုကြည်မောင်ရဲ့ အလှူငွေ ကျပ် ၅ သိန်းအပြင် တခြားအလှူရှင်တွေက

ထည့်ဝင်လှူဒါန်းကူညီမှုနဲ့ စုစုပေါင်း အလှူငွေ ကျပ် ၁၀ သိန်းကျော်ဖိုးလှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ်။

ဦးဘိုကြည်မောင်ဟာ ရေနံချောင်းမြို့က အိမ်ခြေရာမဲ့ တောင်းရမ်းစားသောက်သူတစ်ယောက်ဖြစ်ပြီး

သူတောင်းရမ်းရရှိတဲ့ငွေကြေးတွေကို ရဟန်း၊ သံဃာတော်တွေနဲ့ မြို့ရဲ့လိုအပ်တဲ့နေရာတွေမှာ မကြာခဏ လှူဒါန်းလေ့ရှိပါတယ်။

Unicode

Credit

Be the first to comment on "တောင်းရမ်းစားသောက်သူတစ်ဦး ကထိန်အလှူလုပ်"

Leave a comment

Your email address will not be published.

*