ေတာင္ႀကီး၊ ဇန္နဝါရီ ၈၊ ၂၀၂၁
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕၊ ကန္ေရွ႕ရပ္ကြက္က ေ႐ႊဇာမဏီေ႐ႊဆိုင္မွာ ဒီကေန႔၊ ေန႔လယ္ပိုင္းက လုယက္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊႀတိဂံေဒသ သတင္းဌာနရဲ႕ ခိုင္လုံတဲ့သတင္းရင္းျမစ္ေတြထံကေန ကနဦးသိရပါတယ္။
ကန႔္ေရွ႕ရပ္ကြက္၊ ကုန္သည္လမ္းရွိ ေ႐ႊဇာမဏီေ႐ႊဆိုင္ကို ဒီကေန႔၊ ေန႔လည္ပိုင္းအခ်ိန္က အသက္ ၃၅ႏွစ္ဦးအ႐ြယ္ရွိ အမ်ိဳးသားတစ္ဦး ဝင္ေရာက္လုယက္ၿပီး ထြက္ေျပးသြားခဲ့သလို အေလးခ်ိန္ ၂က်ပ္သားခန႔္ရွိ ေ႐ႊလက္စြပ္တစ္ကြင္းပါသြားေၾကာင္း ကနဦးသိရပါတယ္။
လုယက္ၿပီး ထြက္ေျပးသြားသူကို ဖမ္းဆီးရမိေရးအတြက္ တာဝန္ရွိသူေတြက ေဆာင္႐ြက္လ်က္ရွိၿပီး ဒီျဖစ္စဥ္နဲ႔ပါတ္သက္လို႔ ေတာင္ႀကီးၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉးေနမ်ိဳးနဲ႔ ေတာင္ႀကီးၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉးထက္ႏိုင္ဟိန္းတို႔ကို ေ႐ႊႀတိဂံေဒသ သတင္းဌာနက ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ျပန္လည္ေျဖၾကားတာ မရွိခဲ့ပါဘူး။
သတင္း/ဓာတ္ပုံ-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ပုံစာ-လုယက္ခံရတဲ့ေ႐ႊဆိုင္
ေ႐ႊႀတိဂံေဒသ သတင္းလႊာ
——–
တောင်ကြီး၊ ဇန်နဝါရီ ၈၊ ၂၀၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်က ရွှေဇာမဏီရွှေဆိုင်မှာ ဒီကနေ့၊ နေ့လယ်ပိုင်းက လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ရွှေတြိဂံဒေသ သတင်းဌာနရဲ့ ခိုင်လုံတဲ့သတင်းရင်းမြစ်တွေထံကနေ ကနဦးသိရပါတယ်။
ကန့်ရှေ့ရပ်ကွက်၊ ကုန်သည်လမ်းရှိ ရွှေဇာမဏီရွှေဆိုင်ကို ဒီကနေ့၊ နေ့လည်ပိုင်းအချိန်က အသက် ၃၅နှစ်ဦးအရွယ်ရှိ အမျိုးသားတစ်ဦး ဝင်ရောက်လုယက်ပြီး ထွက်ပြေးသွားခဲ့သလို အလေးချိန် ၂ကျပ်သားခန့်ရှိ ရွှေလက်စွပ်တစ်ကွင်းပါသွားကြောင်း ကနဦးသိရပါတယ်။
လုယက်ပြီး ထွက်ပြေးသွားသူကို ဖမ်းဆီးရမိရေးအတွက် တာဝန်ရှိသူတွေက ဆောင်ရွက်လျက်ရှိပြီး ဒီဖြစ်စဉ်နဲ့ပါတ်သက်လို့ တောင်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနေမျိုးနဲ့ တောင်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးထက်နိုင်ဟိန်းတို့ကို ရွှေတြိဂံဒေသ သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။
သတင်း/ဓာတ်ပုံ-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ပုံစာ-လုယက်ခံရတဲ့ရွှေဆိုင်
ရွှေတြိဂံဒေသ သတင်းလွှာ
Be the first to comment on "တောင်ကြီးမြို့လယ်ခေါင်ကရွှေဇာမဏီရွှေဆိုင်လုယက်ခံရ"