လွန်ခဲ့သည့် နှစ် 70 အတွင်း ခွေးကောင်ရေ 600 ခုန်ချ‌tayဆုံးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောတံတား

လွန်ခဲ့သည့် နှစ် 70 အတွင်း ခွေးကောင်ရေ 600 ခုန်ချ‌သေဆုံးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောတံတား

စကော့တလန်နိုင်ငံ၊ Dumbarton မြို့အနီးရှိ နှစ်ပေါင်း 100 သက်တမ်းရှိ Overtoun တံတားပေါ်မှ

ခွေးအကောင်ရေ 50 ခန့်သည် အမည်မသိအကြောင်းပြချက်ဖြင့် အသက်ဆုံးခန်းတိုင်ခဲ့ကြပါသည်။

အခြား ခွေးအကောင်ရေ ၆၀၀ ခန့် အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း အများအပြား ခုန်ချခဲ့ဖူးပါတယ်။

ခွေများခုန်ချရာ နေရာမှာ Glasgow ဟုခေါ်သော ရဲတိုက်ဟောင်း၏ဘေးတွင် 19 ရာစုနှောင်းပိုင်းမှာတည်ဆောက်ခဲ့တဲ့

ကဗျာဆန်သော ရှေးဟောင်းတံတားတစ်ခုဖြစ်သည့် Overtoun တံတားဖြစ်သည်။

1950 ခုနှစ်များကတည်းက ခွေးများစွာ တံတားပေါ်မှ ခုန်ဆင်းကာ အောက်ရှိ ကျောက်တုံးများကို ထိမှန်ပြီးနောက်

အသက်ဆုံးပါးသွားသောကြောင့် Overtoun တံတားသည် နာမည်ကြီးလာခဲ့သည်။

ထိုအချိန်က ခွေးများသည် ‘ညှို့’ ခံရပြီး သေဆုံးသွားကြောင်း လူများစွာက ထင်ကြေးဖြင့်ပြောဆိုကြခဲ့ပါတယ်။

လျှို့ဝှက်ဆန်းကြယ်မှုကို ထပ်လောင်းပြောရလျှင် အဖြစ်အပျက်အများစုသည် နေ့ခင်းဘက်၊ နေသာသော ရာသီဥတုတွင် ဖြစ်ပွားခဲ့ပြီး

ခွေးများအားလုံးမှာ နှာတံရှည်၊ Retrievers နှင့် Labradors များဖြစ်ကြပါတယ်။

ခုန်ချခဲ့တဲ့ ခွေးများစွာထဲမှထဲက တစ်‌ကောင် ဖြစ်တဲ့ Ben လို့ခေါ်တဲ့ ကော်လီခွေးလေးဟာ

ပိုင်ရှင်ရဲ့ မိသားစုနဲ့အတူ လမ်းလျှောက်ရင်း တံတားပေါ်ကနေ ခုန်ချခဲ့ပါတယ်။

Ben က ၁၅ မီတာကျော်မြင့်သော အောက်ဘက်ရှိ ကျောက်တုံးပေါ်သို့ ပြုတ်ကျခဲ့ပြီး

ကျော၊ ခြေထောက်နှင့် မေးရိုးများ ကျိုးသွားခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

ခွေး Hendrix မှာလည်း အလားတူပါပဲ။ Hendrix ပိုင်ရှင် Kenneth Meikle က

“ခွေးက ရုတ်တရက် ခုန်ချလိုက်တာ ခင်ပွန်းနဲ့ ကလေးတွေနဲ့အတူ လမ်းလျှောက်လာရင်း

သမီးဖြစ်သူက အော်ဟစ်ပြီး ခွေးက ဒဏ်ရာရသွားတဲ့တံတားအောက်ကို ပြေးဆင်းသွားတယ်။

ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။သူ အောက်ခံရေညှိထဲ ပြုတ်ကျပြီး ကံကောင်းခဲ့ပါတယ်”လို့ ပြောပါတယ်။

ဤထူးထူးဆန်းဆန်းအရင်းရဲ့ အဖြေကတော့ ၁၉၉၄ ခုနှစ်တွင် Kevin Moy အမည်ရှိ ဒေသခံတစ်ဦးသည်

၎င်း၏သားငယ်ကို ခရစ်ယာန်ဘာသာဆန့်ကျင်သူဟု ထင်မြင်ကာ တံတားပေါ်မှ ပစ်ချခဲ့တယ်။

သိပ်မကြာခင်မှာပဲ Kevin ကိုယ်တိုင်လည်း သားဖြစ်သူ ပစ်ချခံရတဲ့ နေရာမှာ သတ်သေဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

အကြောင်းကတော့ သူ့သားဟာ မကျွတ်မလွတ်သေးဘဲ သူ့ခွေးလေးကို စွဲလမ်းရာမှ ခွေးသရဲဖြစ်နေပါတယ်။

သူ့သားက လာသမျှခွေးတွေကို ညှို့ယူခေါ်ဆောင်သောကြောင့် အခုလို အဖြစ်အပျက်များ ပေါ်ပေါက်လာရတယ်လို့ ပြောကြားခဲ့ပါတယ် ။

အခုအချိန်ထိ ဤတံတားအကြောင်းကို လူများစွာက ပြန်လည်ပြောဆိုနေကြပြီး ဘယ်သူမှမသွားတော့တဲ့ စွန့်ပြစ်နေရာ တစ်ခုဖြစ်နေပါပီ။

The Sun UK မှ သတင်းကို ကျွန်မ Helen ( Dmyay ) မှ ဘာသာပြန်ဆိုထားပါတယ်။သဘောကျရင် Like နဲ့ Share လုပ်သွားပေးပါဦးနော် ။

ကျေးဇူးတင်ပါတယ်။ သာယာသော နေ့လေးဖြစ်ပါစေ။

Unicode

Credit

Be the first to comment on "လွန်ခဲ့သည့် နှစ် 70 အတွင်း ခွေးကောင်ရေ 600 ခုန်ချ‌tayဆုံးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သောတံတား"

Leave a comment

Your email address will not be published.

*