တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကြောင့် မဲခေါင်မြစ်အောက်က အာဆီယံတိုင်းပြည်တွေ ဒုက္ခရောက်ပါပြီ..

တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကြောင့် မဲခေါင်မြစ်အောက်က အာဆီယံတိုင်းပြည်တွေ ဒုက္ခရောက်ပါပြီ..

မဲခေါင်မြစ်ရေတွေကို ခဏထိန်းထားအုံးမယ်လို့ မြစ်အောက်က အာဆီယံတိုင်းပြည်တွေကို ပထမဆုံးအကြိမ် သတင်းပို့ခဲ့တဲ့ တရုတ်နိုင်ငံ။ (မဲခေါင်မြစ်အောက်က အာဆီယံနိုင်ငံတွေကတော့ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတို့ ဖြစ်ပါတယ်)

ရက် ၂၀ အကြာ မဲခေါင်ရေတွေကို တရုတ်ရေအားလျှပ်စစ်ထုတ်တဲ့ ဆည်တွေကနေ ထိန်းသွားမယ့် ပမာဏဟာ တစ်စက္ကန့်လျှင် ၉၀၄ ကုဗမီတာ ဖြစ်ပါတယ်။ မဲခေါင်မြစ်ရေဟာ ပုံမှန်ဆိုရင် တစက္ကန့် ၁၉၀၄ ကုဗမီတာ စီးဆင်းနေတာကို ၁၀၀၀ ကုဗမီတာပဲ တရုတ်က လွှတ်ပေးသွားမှာပါ။

အကျိုးဆက်အနေနဲ့ မြစ်အောက်တိုင်းပြည်တွေမှာ ရေမျက်နှာပြင် ၁.၂ မီတာ (၅ ပေ) လောက် နိမ့်ကျသွားကာ ငါးဖမ်းလုပ်ငန်းနဲ့ ရေကြောင်းခရီးသွားလာရေးကို ချက်ချင်းထိခိုက်သွားစေမှာပါတယ်။ အမေရိကန်ဂြိုဟ်တုက စောင့်ကြည့်ကာ တရုတ်ဖက်က မြစ်ရေတွေကို ထိန်းနေပြီလို့ ကြေငြာအပြီး ၁ ရက်အကြာမှ ခုလို ဝန်ခံကာ သတင်းပို့ခဲ့တာပဲ ဖြစ်ပါတယ်။

မဲခေါင်မြစ်သည် တရုတ်နိုင်ငံကနေ စတင်ပြီးတော့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတို့ကို ဖြတ်စီးဆင်းနေတဲ့ မြစ်တစင်း ဖြစ်ပါတယ်။

တရုတ်နဲ့ခပ်ကင်းကင်းဖြစ်တဲ့ ၁၀၀% ကိုယ်ပိုင်မြစ်ဖြစ်တဲ့ ဧရာဝတီမြစ်ကို တန်ဖိုးထားကာ ထိန်းသိမ်းကာကွယ်ဖို့ သင့်လှပါတယ်။ (Zin Min Nyein)

————-

တ႐ုတ္ႏိုင္ငံရဲ႕ လုပ္ရပ္ေၾကာင့္ မဲေခါင္ျမစ္ေအာက္က အာဆီယံတိုင္းျပည္ေတြ ဒုကၡေရာက္ပါၿပီ..

မဲေခါင္ျမစ္ေရေတြကို ခဏထိန္းထားအုံးမယ္လို႔ ျမစ္ေအာက္က အာဆီယံတိုင္းျပည္ေတြကို ပထမဆုံးအႀကိမ္ သတင္းပို႔ခဲ့တဲ့ တ႐ုတ္ႏိုင္ငံ။ (မဲေခါင္ျမစ္ေအာက္က အာဆီယံႏိုင္ငံေတြကေတာ့ ျမန္မာ၊ လာအို၊ ထိုင္း၊ ကေမာၻဒီးယား နဲ႔ ဗီယက္နမ္ ႏိုင္ငံတို႔ ျဖစ္ပါတယ္)

ရက္ ၂၀ အၾကာ မဲေခါင္ေရေတြကို တ႐ုတ္ေရအားလွ်ပ္စစ္ထုတ္တဲ့ ဆည္ေတြကေန ထိန္းသြားမယ့္ ပမာဏဟာ တစ္စကၠန္႔လွ်င္ ၉၀၄ ကုဗမီတာ ျဖစ္ပါတယ္။ မဲေခါင္ျမစ္ေရဟာ ပုံမွန္ဆိုရင္ တစကၠန္႔ ၁၉၀၄ ကုဗမီတာ စီးဆင္းေနတာကို ၁၀၀၀ ကုဗမီတာပဲ တ႐ုတ္က လႊတ္ေပးသြားမွာပါ။

အက်ိဳးဆက္အေနနဲ႔ ျမစ္ေအာက္တိုင္းျပည္ေတြမွာ ေရမ်က္ႏွာျပင္ ၁.၂ မီတာ (၅ ေပ) ေလာက္ နိမ့္က်သြားကာ ငါးဖမ္းလုပ္ငန္းနဲ႔ ေရေၾကာင္းခရီးသြားလာေရးကို ခ်က္ခ်င္းထိခိုက္သြားေစမွာပါတယ္။ အေမရိကန္ၿဂိဳဟ္တုက ေစာင့္ၾကည့္ကာ တ႐ုတ္ဖက္က ျမစ္ေရေတြကို ထိန္းေနၿပီလို႔ ေၾကျငာအၿပီး ၁ ရက္အၾကာမွ ခုလို ဝန္ခံကာ သတင္းပို႔ခဲ့တာပဲ ျဖစ္ပါတယ္။

မဲေခါင္ျမစ္သည္ တ႐ုတ္ႏိုင္ငံကေန စတင္ၿပီးေတာ့ အာဆီယံႏိုင္ငံေတြျဖစ္တဲ့ ျမန္မာ၊ လာအို၊ ထိုင္း၊ ကေမာၻဒီးယား နဲ႔ ဗီယက္နမ္ ႏိုင္ငံတို႔ကို ျဖတ္စီးဆင္းေနတဲ့ ျမစ္တစင္း ျဖစ္ပါတယ္။

တ႐ုတ္နဲ႔ခပ္ကင္းကင္းျဖစ္တဲ့ ၁၀၀% ကိုယ္ပိုင္ျမစ္ျဖစ္တဲ့ ဧရာဝတီျမစ္ကို တန္ဖိုးထားကာ ထိန္းသိမ္းကာကြယ္ဖို႔ သင့္လွပါတယ္။ (Zin Min Nyein)

Be the first to comment on "တရုတ်နိုင်ငံရဲ့ လုပ်ရပ်ကြောင့် မဲခေါင်မြစ်အောက်က အာဆီယံတိုင်းပြည်တွေ ဒုက္ခရောက်ပါပြီ.."

Leave a comment

Your email address will not be published.


*