လေကြောင်း တိုက်ခိုက်မှု အပေါ် ‌မည်သို့ တုန့်ပြန်မည်နည်း

မိမိတို့ အပေါ် အကြမ်းဖက်လာနေသော စစ်တပ်အား ပြည်သူတို့ ဆင်နွှဲနေသော ခုခံ တွန်းလှန်စစ် အောင်မြင်နိုင် ရေးအတွက် လေကြောင်းမှ တိုက်ခိုက်နေမှုကို အမြန်ဆုံး တုန့်ပြန်နိုင်မှသာ မြို့သိမ်း တိုက်ပွဲများ အောင်မြင် စွာ ဆင်နွှဲနိုင်မည် ဖြစ်သည်။

ယခု ပြည်သူများက တော်လှန်ရေး ကြီး ကြန့်ကြာနေရမှု အပေါ် အားမလို အားမရ ဖြစ်နေသော်လည်း ပို၍ဆိုး နေရသည်မှာ စစ်တပ်အတွင်း ဗိုလ်ချုပ်မှသည် အောက်ခြေ အကြပ် စစ်ဗိုလ် အထိ မိသားစုဝင်များ ပါမကျန် သူတို့သည် အပြင်သို့ သွားသွားလာလာ မလုပ်ရဲ ကြ တော့သည့်အထိ ဖြစ်လာနေခြင်းပင်။ ထိုအခြေအနေမျိုး နှင့် မည်မျှ ကြာအောင် ဆက်နေသွားရမည်နည်း ဆိုသည့် အတွေးများက အစီအရီ ထွက်ပေါ်နေကြသော အနေ အထားမျိုး ဖြစ်လာနေသည်။ မင်းအောင်လှိုင်ကိုယ်တိုင်ပင် အပြင်သို့ တခါထွက်လျှင် လုံခြုံရေးအတွက် ရာချီ ပြီး ယူကာ သွားလာနေရသည့် အဖြစ်ကို ရောက်နေသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ အကြမ်းဖက် စစ်တပ်အား လေယာဉ်ဆီများ ထောက်ပံ့ပေးနေမှု နှင့် ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန်ရာတွင် အာဏာသိမ်းပြီးချိန်မှစ၍ လေယာဉ်ဆီကို အနည်းဆုံး ရေနံတင် သင်္ဘောကြီး ခုနှစ်စင်း ဖြင့် သီလဝါရှိ ပူးမား၏ လက်ခွဲ ဖြစ်ခဲ့သော PEAS ဆိပ်ကမ်းသို့ ပို့ဆောင်ခဲ့ကြောင်း ပေါက်ကြားလာသော စာရွက်စာတမ်းများ အပေါ် အခြေခံပြီး ထောက်ပြလာခဲ့သည်။

အဓိက တာဝန်ရှိသည့် ကုမ္ပဏီများမှာ ExxonMobil, Thai Oil, PetroChina, Rosneft (Russia) တို့ ဖြစ်သည်ဟု ဆိုသည်။

ပြည်သူများသည် ယခုအခါ မိမိတို့နိုင်ငံအား ပြင်ပမှ ကျူးကျော် တိုက်ခိုက် သိမ်းပိုက်ခံနေကြရသည် ဟူသော အနေအထား မျိုးနှင့် ကြုံနေကြရပြီ ဖြစ်သည်။

လာမည့် ပွင့်လင်းရာသီ အတွင်း လေကြောင်းတိုက်ခိုက်မှုများ တိုးမြင့်လာဖွယ် ရှိ၍ ထိုအရေး အပေါ် ဧရာဝတီမှ ဟာဝိုင်အီရှိ အာရှ-ပစိဖိတ် လုံခြုံရေး ဆိုင်ရာ လေ့လာရေး ဌာန၊ အမေရိကန် ကြည်းတပ် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး ပါမောက္ခ ဒေါ်မီမီဝင်းဘတ် နှင့် တွေ့ဆုံမေးမြန်းချက် ကို ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။

စစ်တပ်သည် လေတပ်ကိုသာ အမှီပြုနေရ၍ တိုးမြှင့် တိုက်ခိုက်လာနိုင်စရာ ရှိသော်လည်း တခါ ထွက်တိုက်တိုင်း ဒေါ်လာ နှစ်သိန်း မှ သုံးသိန်းခွဲ အထိ သုံးစွဲနေရ၍ လက်ရှိ ငွေကြေး အကျပ်အတည်း ဖြစ်နေသော စစ်တပ် အတွက် မည်မျှ ကြာကြာတောင့်ခံနိုင်မည်နည်း ဟု မေးခွန်းထုတ်ခဲ့သည်။

၎င်းတို့ ပို၍ ကြမ်းကြုပ်ရက်စက်ပြလေ ပြည်သူများမှ တွန်းလှန်နိုင်မှ ဖြစ်တော့မည်ဟူသော စိတ်ဓါတ်များ ပိုမို ခိုင်မာလာလေ ဖြစ်သည်ဟု ဆိုသည်။ နည်းလမ်းများလည်း ရှာဖွေ ကြံဆလာကြမည် ဖြစ်သည်။

တိုက်လေယာဉ်တစီး ပျံတက်နိုင်ဖို့ အတွက် လေယာဉ်မောင်း၊ လောင်စာဆီ၊ အပိုပစ္စည်း ဖြည့်တင်းမှု၊ ဘီး၊ လေယာဉ် ပြေးလမ်းများ အဆင့်သင့် ဖြစ်နေရပေမည်။ ထိုအထဲမှ တခုခု အနှောက်အယှက်ပြုခံရလျှင်၊ တခုခု မပြည့်စုံလျှင် မည်သို့မျှ ပျံသန်း၍ မရနိုင်တော့ဟု ထောက်ပြသွားခဲ့သည်။ တော်လှန်ရေး အင်အားစုများ အနေဖြင့် လေယာဉ်ပစ် လက်နက်များ ရသည်အထိ စောင့်နေစရာ မလို၊ သေချာစွာ အစီအစဉ်များ ချပြီး လေယာဉ်ပျံ မတက်နိုင်အောင် ပြုလုပ်လျှင် ဖြစ်သည်ဟု ဆိုသည်။ သူမ အနေဖြင့် မြန်မာလူမျိုး တို့၏ တီထွင် ကြံဆနိုင်စွမ်း ကို ယုံကြည်ထားပြီး ဖြစ်ကြောင်းလည်း ပြောသွားခဲ့သည်။

လက်ရှိ စစ်တပ်သည် လေကြောင်းမှ တိုက်ခိုက်နေမှု ကြောင့် အရပ်သားများ သေကြေ ဒဏ်ရာရနေသည်ကို ကြည့်ခြင်းဖြင့် မည်သို့မျှ ပရော်ဖက်ရှင်နယ် စစ်တပ် မဟုတ်ဆိုသည်က ထင်ရှားနေသည်။ ထိုအစား စစ်သွေး ကြွများ ဦးဆောင်နေသော လက်နက်ကိုင် လူဆိုးဂိုဏ်း ဆင်ဒီကိတ်ကြီး ပမာ ဖြစ်လာနေသည်ဟု ဆိုသည်။ ထိုအရေးကို နိုင်ငံတကာ မှ သိရှိလာအောင် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ပြည်ပရောက် မြန်မာ များက ကျယ်ကျယ်လောင်လောင် ပြောဆို အသိပေးရန် လိုကြောင်း နှင့် တော်လှန်ရေး အင်အားစုများ အချင်းချင်း ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြောင်း ပြနိုင်ခြင်းသည်သာ နိုင်ငံတကာ၏ အကူအညီများ ရရာ ရကြောင်း ဖြစ်သည်ဟု ထောက်ပြသွားခဲ့သည်။

လေတပ်မှ ပြည်သူဖက်သို့ ခိုလှုံလာသော ဗိုလ်ကြီး ဇေသူအောင်မှ စစ်တပ်သည် လေကြောင်းကိုသာ အားပြု တိုက်ခိုက်နေရပြီ ဖြစ်၍ ပစ်မှတ်များကို ရှာဖွေရန် ဒရုန်းများ၊ လေယာဉ်ပေါ်တွင် အနီအောက် ရောင်ခြည်သုံး မိုက်ကရို ပါဝါ ယူနစ်များ တပ်ဆင်ထားသော လေယာဉ်များ ဖြင့် ထောက်လှမ်းနေကြ၍ တော်လှန်‌ရေး အင်အားစုများ အနေနှင့် တနေရာ တည်းတွင် အားလုံး တစုတဝေး စခန်းချခြင်းမျိုး မပြုလုပ်ရန် အကြံပေးခဲ့ပြန်သည်။

စစ်ခေါင်းဆောင်များသည် လူတဦး ၏ အသက်ကို ဖက်ရွက်လောက်မျှပင် တန်ဖိုးထားသူများ မဟုတ်၍ မိမိ တို့တွင် လေယာဉ်ပစ် လက်နက်များ ရှိလာသည့်တိုင် ပိုင်းလော့များကို သေတွင်းထဲ မရောက်ရောက် အောင် မောင်းသွင်းကာ တိုက်ခိုင်းမည် ဖြစ်သည်ဟု ဆိုသည်။ ထို့အတွက် စစ်တပ်ကို မည်သည့်နည်း ဖြင့် အထိနာ အောင် ပြုလုပ်ရမည် ဆိုသည့် မဟာဗျူဟာကို စဉ်းစား ချိန်ဆကြရမည် သာ ဖြစ်သည်ဟု အကြံပေးသွားခဲ့သည်။

ဘန်ကောက် ပို့စ် သတင်းအရ မင်းအောင်လှိုင် အတွက် လက်နက်များ ဝယ်ယူရန် ထိုင်း တွင် လှုပ်ရှားနေသော ထွန်းမင်းလတ်အား စက်တင်ဘာလ အတွင်း ထိုင်းရဲက ဖမ်းဆီးရမိခဲ့ပြီး ယခုအခါ ၎င်းပိုင် မီးခံသေတ္တာထဲရှိ ငွေများ၊ ကားများ၊ ဟိုတယ် နှင့် အပန်းဖြေစခန်းများ စုစုပေါင်း ထိုင်းဘတ်ငွေ သန်း ၁,၈၀၀ ဖိုး ကို သိမ်းဆည်း ရမိခဲ့ပြီး ထိုင်း မူးယစ်ဆေးဝါး နှိမ်နှင်းရေး အဖွဲ့သို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်ဟု ဆိုသည်။

သတင်း အသွားအလာကို ကြည့်ရသည်မှာ ထွန်းမင်းလတ်သည် အကြမ်းဖက် စစ်တပ်၏ ခွင့်ပြုချက် ဖြင့် မူးယစ် ဆေးဝါး ကုန်ကူးနေပြီး ရရှိသော ငွေများ ဖြင့် လက်နက်များ ဝယ်ယူတင်ပို့ပေးနေသူ ဖြစ်သည်ဟု ယူဆရ ပေ သည်။

ယခုအခါ Justice for Myanmar (JFM) မှ ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာ စစ်တပ်အတွက် နိုင်ငံတကာ ငွေပေးငွေယူ အား အဓိက ထား လုပ်ကိုင်ပေးနေသည် မှာ ဦးပိုင် ၏ စီးပွားရေး ဘဏ် ဖြစ်သော အင်းဝ ဘဏ် ဖြစ်ပြီး ဩစတေးလျှ၏ ANZ ၊ စင်္ကာပူ ရှိ UOB ဘဏ်တို့ဖြစ်သည်ဟု ထောက်ပြလာခဲ့သည်။

တဖြေးဖြေး နှင့် စစ်တပ် အတွက် အသက်ရှူရ ကြပ်လာအောင် ဝိုင်းဝန်း စောင့်ကြည့် အ‌ရေးယူ ကြတော့ မည်သာ ဖြစ်သည်။

အာဆီယံ၏ ဥက္ကဌ တာဝန်ယူရမည့် အင်ဒိုနီရှား၏ နိုင်ငံခြားရေး ဝန်ကြီးမှ အာဆီယံ၏ ငြိမ်းချမ်းရေး မူ ငါးချက် တိုးတက်မှု ရှိမလာသည့် ကိစ္စအတွက် အာဆီယံ အနေဖြင့် လုပ်ပေးနိုင်သမျှ လုပ်ပေးထားခဲ့ပြီး ဖြစ်ရာ မြန်မာ စစ်အာဏာသိမ်း အဖွဲ့တွင်သာ တာဝန်အပြည့် ရှိနေကြောင်း၊ အပြစ်တင်စရာ ရှိလျှင် ၎င်းတို့ကိုသာ အပြစ်တင် ရမည် ဖြစ်ကြောင်း ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

Unicode

Be the first to comment on "လေကြောင်း တိုက်ခိုက်မှု အပေါ် ‌မည်သို့ တုန့်ပြန်မည်နည်း"

Leave a comment

Your email address will not be published.

*