အကြွေး(ဖြစ်ရပ်မှန်၊သံဝေဂဝတ္ထုတို)

အကြွေး(ဖြစ်ရပ်မှန်၊သံဝေဂဝတ္ထုတို)

ဆရာဆွေ(တောင်တွင်း)

အကြွေး(ဖြစ်ရပ်မှန်၊သံဝေဂဝတ္ထုတို)

“အမေ.ဒေါ်လှရီဆုံးသွားပြီ”

“ဟင်”

ဈေးဝယ်ရာမှပြန်ရောက်ရောက်ချင်း.သမီးဖြစ်သူသီသီစိုးကဆီးကြိုပြီးပြောလိုက်သည့်စကားကြောင့် ဒေါ်နုယဉ်မှာအံအားသင့်သွားရသည်။

ထို့နောက် ဆွဲခြင်းကိုဈေးဆိုင်ပေါ်သို့တင်လိုက်ရင်း “ဟဲ့.ဟုတ်လို့လား ။မနက်ကတောင်သူဈေးဝယ်လာသေးတယ်။”

“ဟုတ်တယ်အမေရဲ့၊နေ့လည်တုန်းကနေပူကြီးထဲအဝတ်လျှော်ရင်းဦးနှောက်သွေးကြောပြတ်သွားတဲ့”

“သြော်”ဖြစ်ရလေဟယ်”ဒေါ်နုယဉ်စိတ်မကောင်းစွာဖြင့်ရေရွတ်မိသည်။

ထိုအခါသီသီစိုးက “အမေ့။အဲဒါအရေးမကြီးဘူး။သမီးတို့အကြွေးကိုဘယ်လိုတောင်းရတော့မတုန်း။သူ့ယောင်္ကျားကလည်းအချိန်တိုင်းမူနေတာ”

“သြော်.ဒါဆိုလည်းတောင်းမနေပါနဲ့တော့အေ။ကိုမြင့်ဇော်ကသူ့ဟာသူရေချိန်ကိုက်ဖို့တောင်အနိုင်ရယ်”

“အဲဒါကြောင့်အမေ့ကိုပြောတာပေါ့.အကြွေးတွေကိုတတ်နိုင်သလောက်ရအောင်တောင်းပါဆို.အခုတော့ဆုံးပြီ။သမီးတောင်းတုန်းကတော့အမေကကန့့်လန့်ဝင်ပါတယ်”

ထိုအခါဒေါ်နုရီက“ဟဲ့.ပါရမှာပေါ့။နင်ကနှုတ်ကြမ်းလျှာကြမ်းရယ်။ဒီတော့ငါ့မှာမျက်နှာပျက်စရာတွေဖြစ်ကုန်ရော”

ယင်းသို့ဆိုပြီးနောက် “ကဲ.နင်ဒီမုန့်တွေကိုချိတ်ထားလိုက်ဦး။ငါဟိုဘက်ရပ်ကွက်ကဒေါ်တုတ်ဆီအကြွေးသွားတောင်းလိုက်ဦးမယ်”

ထိုအခါသီသီစိုးက “နေနေ.အမေ။သမီးပဲသွားတောင်းလိုက်မယ်။အဲဒီဒေါ်တုတ်ကဟိုနေ့ပေးမယ်၊ဒီနေ့ပေးမယ်နဲ့ ပလာတာရိုက်နေတာ။အမေတောင်းရင်ရမှာမဟုတ်ဘူး”

ပြောရင်းဆိုရင်းဖြင့်သီသီစိုးကဆိုင်ပေါ်မှဆင်းလိုက်သည်။

ပြီးနောက်ခြံဝန်းထဲမှထွက်လာတော့ဒေါ်နုယဉ်ကလှမ်းမှာလိုက်သည်။

“သမီး.ချိုချိုသာသာပဲပြောပြီးတောင်းနော်”

“ဟုတ်ကဲ့ပါအမေရဲ့”

ဤသို့ဖြင့်ဒေါ်တုတ်၏အိမ်သို့ရောက်တော့မိခင်ဖြစ်သူမှာသည့်အတိုင်းချိုချိုသာသာပြေတောင်းသည်။

ဒေါ်တုတ်က “ညနေမှလာပါလားကလေးရယ်။အဒေါ်အဆင်မပြေသေးလို့ပါ။တကယ်လို့ကလေးမလာဖြစ်ရင်အဒေါ် ကိုယ်တိုင်လာပေးပါ့မယ်””သေချာတယ်နော်ဒေါ်တုတ်။ညနေမှရောက်မလာရင်ကျွန်မအဆိုးမဆိုနဲ့”

ပြောပြီးသည့်နောက်သီသီစိုးလှည့်ထွက်လာခဲ့သည်။

သူမအလုပ်ကဤကဲ့သို့ဖြစ်သည်။

အိမ်ဆိုင်ကလေးဖွင့်ထားသော်လည်းသိပ်အဆင်မပြေလှသည်မို့ယခုကဲ့သို့ငွေတိုးချေးစားရသည်။

ယင်းလည်းသိပ်တွက်ချေမကိုက်လှချေ။

အဘယ်ကြောင့် ဆိုသော် သူမ၏မိခင်ဒေါ်နုယဉ်သည်အလွန်အားနာတတ်သောကြောင့်ဖြစ်သည်။

အချို့ကတော့ယူထားသည့်ငွေနှင့်အတိုးကိုကြေအောင်ဆပ်ကြပေမင့်အချို့ကျတော့ပေတေတေလုပ်နေတတ်ကြသည်။

ထိုအခါမျိုးကျတော့သူမနှင့်ထိပ်တိုက်တွေ့ရတော့သည်။

သူမသည်အသက်နှစ်ဆယ်ကျော်သာရှိသေးပေမင့်အလွန်စိတ်ထက်သူဖြစ်သည်။

ပြောစရာရှိလျှင်လည်း.ကြီးသည်ငယ်သည်သိပ်အရေးမထားဘဲဒိုးဒိုးဒေါက်ဒေါက်ပြောပစ်တတ်သည်။

ဒီတော့သူမကိုတော်ရုံအကြွေးယူထားသူတွေကလန့်ကြသည်။

ယင်းလည်းသူမကသိပ်ဂရုစိုက်လှသည်မဟုတ်ချေ။

ငွေရေးကြေးရေး နှင့်ပတ်သက်လျှင်မည်သူ့ကိုမှအားမနာနိုင်ဟုအမြဲတွေးနေတတ်သူဖြစ်သည်။

အိမ်သို့ပြန်ရောက်တော့ဒေါ်နုယဉ်က”ဘယ်လိုလဲသမီး..ရခဲ့ရဲ့လား”

“မရဘူးအမေ.ဒါပေမယ့် ညနေရောက်ရင်လာဆပ်မယ်လို့တော့ပြောတယ်”

“ဟုတ်လား. ဒါဆိုလည်းပြီးတာပဲအေ”

ဒေါ်နုယဉ်အိမ်ပေါ်သို့တက်သွားသည်။

ညနေအချိန်သို့ရောက်တော့ဒေါ်တုတ်သည်မြင်းလှည်းပေါ်၌ဝက်မတန်းမ.တစ်ကောင်တင်ပြီးဒေါ်နုယဉ်၏အိမ်ရှေ့သို့ရောက်လာသည်။

ပြီးနောက် “မနုရယ်..ကျွန်မမှာပိုက်ဆံမရှိသေးတာမို့ဒီဝက်မလေးပဲအကြွေးနဲ့နှိမ်ပြီးယူထားလိုက်ပါ.ကျန်တဲ့ ပိုက်ဆံကိုတော့လ.ကုန်ရင်လာပေးပါ့မယ်”

ထိုအခါဒေါ်နုရီမှာထုံးစံအတိုင်းအားနာပြီးမျက်နှာမထားတတ်အောင်ဖြစ်သွားရသည်။

ယင်းအခြေအနေကိုရိပ်မိတော့သီသီစိုးကကြားဖြတ်ပြီးဝင်ပြောသည်။

“ကောင်းပြီလေ.ကျွန်မတို့ယူထားလိုက်ပါမယ်။အဒေါ်ပြောတဲ့အတိုင်းကျန်တဲ့ငွေကိုတော့လကုန်ရင်လာဆပ်ဖြစ်အောင်ဆပ်လှည့်ပါ”

“စိတ်ချပါ ကွယ်”ယင်းသို့ဆိုပြီးနောက် ဒေါ်တုတ်ကမြင်းလှည်းဆရာကိုအကူအညီလှမ်းတောင်းသည်။

“ငါ့တူ.အဲ့ဒီ ဝက်မလေးကိုအိမ်အောက်ပို့ပေးလိုက်ပါကွယ်”

“ဟုတ်ကဲ့အဒေါ်”

မြင်းလှည်းဆရာလည်းဝက်မတမ်းလေးကိုအောက်ချပြီးအိမ်အောက်သို့ဆွဲခေါ်လာခဲ့သည်။

ပြီးနောက်လည်ပင်းမှကြိုးဖြင့်တိုင်တစ်တိုင်တွင်ချည်ပေးထားလိုက်သည်။

ထို့နောက် ဒေါ်တုတ်က “ကဲ.အိမ်မှာကလေးတွေချည်းကျန်ခဲ့လို့..ပြန်လိုက်ပါဦးမယ်”

“ဟုတ်ကဲ့”

ဒေါ်တုတ်နှင့်မြင်းလှည်းဆရာပြန်ထွက်သွားသည်။

ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးကိုမေးလေသည်။

“သမီး.နေ့လည်တုန်းကဒေါ်တုတ်ကိုဘယ်လိုပြေ.ာပြီးအကြွေးတောင်းတာတုံး”

“ဒီညနေလာဆပ်ဖြစ်အောင်ဆပ်လို့..မဆပ်ရင်အဆိုးမဆိုနဲ့လို့.ပြောပြီးတောင်းလိုက်တာ”

ဒေါ်နုယဉ်သက်ပြင်းချမိသည်။

“ညည်းနှယ့်အေ..ကောင်းကောင်းမွန်မွန်ပြောပြီးတောင်းပါဆို.ခုတော့မျက်နှာပျက်စရာတွေဖြစ်ကုန်ပြီ”

ထိုအခါသီသီစိုးက “လုပ်ပြန်ပြီ။အမေ.အဲ့ဒါ ကြောင့်အမေ့အကြွေးတွေဆုံးတာ။ရစရာရှိတာတော့ဒဲ့ပြောပြီးတောင်းရမှာပဲ”

ပြောပြီးသည့်နောက်သီသီစိုးသည်ဝက်ခြံရိုက်ရန်အတွက်ရပ်ကွက်ထဲမှဝါးဆိုင်သို့ထွက်သွားလေသည်။

တကယ်တေ့ာမရ.ရတာယူမည်ဆိုသည့်သဘောဖြင့်ဝက်မတမ်းမလေးကိုယူထားလိုက်သည်ဆိုပေမင့်သီသီစိုးအတွက်အလွန်အလုပ်ရှုပ်ရသည်။

မနက်ရောက်ပြီဆိုလျှင်ဝက်ခြံကိုသ့န်ရှင်းရေုးလုပ်ရသလို၊ဝက်စာကိုလည်းကြိုချက်ရသည်။

ဒီကြားထဲမိခင်ဖြစ်သူနေမကောင်းပြန်လျှင်လည်းခြေဆုပ်လက်နယ်ပြုစုးပေးရပြန်သည်။

ဤသို့ဖ်ြင့်ခြောက်လခန့်ကြာတော့ဝက်မတမ်းမလေးသည်.သားငါးကောင်ပေါက်လေသည်။

ထို့နောက် ယင်းဝက်ပေါက်ငါးကောင်ကိုဝက်မကြီးနှ့င်အတူလေးဆယ့်ငါးရက်ခန့်အထိထားပြီး..ဝက်ဝဝယ်သူကိုခေါ်ပြီးရောင်းလေသည်။

ဒါကတော့ဤရပ်ကွက်သာမဟုတ်၊အနီးအနားရှိရပ်ကွက်တကာတို့၏ထုံးစံလိုလိုဖြစ်သည်။

ဝက်တွေအတွက်အလုပ်ရှုပ်မခံချင်တာလည်းပါမည်။

ဒေါ်နုယဉ်အိမ်မှဝက်ပေါက်ကလေးတွေကိုအသေအချာကြည့်ပြီးသည့်နောက်ဝယ်သူက

“လေးကောင်ကိုတော့သဘောကျတယ်ဗျာ။ဒီဝက်မလေးကတော့ညှက်လွန်းတယ်။အားမရဘူး”

ထိုအခါသီသီစိုးက”ဒါဆိုလည်းထားခဲ့လေ။ဝယ်ချင်တဲ့လူကိုပဲရောင်းတော့မယ်”ဟုတ်”

ထို့နောက် ဝယ်သူလည်းဝက်လေးကောင်အတွက်ငွေရှင်းပြီးမြင်းလှည်းဖြင့်တင်သွားလေသည်။

ထိုအခါမှဒေါ်နုယဉ်ကသီသီစိုးဘက်လှည့်ပြီး

“ကဲသမီး.ဒီဝက်မလေးကတော့အခြားလူတွေကိုရောင်းလည်းဈေးကောင်းရမှာမဟုတ်ဘူး.ဒီမှာ ပဲ ဆက်မွေးထားကြရအောင်”

“အမေးမွချင်တယ်ဆိုမွေးလေ”

ဤသြို့်ဖင့်ဝက်မလေးကိုမိခင်ဝက်မကြီးနှင့်အတူဆက်မွေးထားလိုက်သည။်

ပြီး.ထိုဝက်မလေးကိုအကောင်ညှက်လွန်းသဖြင့်’မိညှက်’ဟုလည်းအမည်ပေးထားလိုက်သည်။

မိညှက်သုံးလသားအရွယ်ရောက်တော့မိခင်ဝက်မကြီးသည်အစာတရှောင်ရှောင်ဖြစ်လာသလို.မကြာခဏလည်းအဖျားဝင်လာတတ်လေသည်။

ထိုအခါဒေါ်နုယဉ်နှင့်သီသီစိုးလည်းအချင်းချင်းတိုင်ပင်ပြီးထိုဝက်မကြီးကိုရောင်းပစ်လိုက်ကြတော့သည်။

ဒီတော့ မိညှက်တစ်ကောင်သာကျန်လေတော့သည်။

ယင်းမိညှက်ကိုတော့ေ်ဒ်ါနုယဉ်ရောသီသီစိုးကပါဂရုတစိုက်ြ်ဖင့်ကျွေးမွေးစောင့်ရှောက်ထားသည်။

မိညှက်ကလည်းအလွန်ထူးခြားသည့်ဝက်မလေးဖြစ်သည်။

မည်သည့်အချိန်တွင်မဆိုငြိမ်ကုပ်၍သာနေပြီး.ဆူညံစွာအသံပေးပြီးတော့လည်းအစာမတောင်းချေ။

စားကျင်းထဲသို့အစာလာထည့်ပေးမှစားလေသည်။

ဤသို့ဖြင့် ရှစ်လခန့်ကြာသောအခါ၌မိညှက်သည်သားပေါက်လေသည်။

စုစုပေါင်း ခုနစ်ကောင်ဖြစ်သည်။

ဒေါ်နုယဉ်နှင့်သီသီစိုးလည်းယင်းဝက်ပေါက်ခုနှစ်ကောင်ကိုမိညှက်နှင့်အတူနှစ်လခန့်ထားလိုက်သည်။

ပြီးနောက်.ခုနှစ်ကောင်စလုံးကိုဝယ်သူထံသို့ရောင်းပစ်လိုက်ပြန်သည်။

လက်ထဲသို့ငွေရောက်လာသည့်နော်ဒေါ်နုယဉ်က

“ကဲ.သမီးရေ. အခုရတဲ့ငွေတွေကိုတော့အမေတို့အကုန်သုံးပစ်လို့မသင့်ဘူး။အလှူအတန်းလေးတော့ လုပ်ဦးမှ.ဒါမှဝက်ကလေးတွေလည်းကုသိုလ်ရမှာ”

ဟုတ်လည်းဟုတ်သည်။ဒေါ်နုယဉ်တို့ကအလုပ်ရှုပ်မခံလိုသဖြင့်ဝက်ပေါက်လေးတွေကိုရောင်းလိုက်သည်ဆိုပေမင့်ဝယ်သည့်လူကဝက်သားအရောင်းဆိုင်ကဖြစ်သည်မို့ထိုဝက်ပေါက်ကလေးများအား

ကျွေးမွေးစောင့်ရှောက်ပြီးအကောင်ထွားလာလျှင်ပေါ်ပစ်မှာတော့အမှန်ပင်ဖြစ်သည်။

ဒါတွေကိုဒေါ်နုယဉ်ကစိတ်မကောင်းခြင်းဖြစ်နေခြင်းပင်။

ထို့ကြောင့် ဝက်ပေါက်တွေရောင်းရသည့်ငွေဖြင့်တတ်စွမ်းသလောက်အလှူအတန်းပြုလုပ်နေလေတော့သည်။

ဤသို့ဖြင့်ခုနှစ်လခန့်ကြာမြင့်လာခဲ့ရာမိညှက်သည်ဒုတိယသုတ်အဖြစ်သားပေါက်ပြန်လေသည်။

ဒီတစ်ခါတော့ဆယ်ကောင်ဖြစ်သည်။

သို့သော်သားပေါက်ပြီးသုံးရက်ခန့်အကြာ၌ဝက်ပေါက်ကလေးတစ်ကောင်သည်မိညှက်၏ကိုယ်လုံးဖြင့်ဖိမိပြီးသေလေတော့သည်။

ထိုအခါဒေါ်နုရီက မိညှက်ကိုအစာကျွေးရင်းပြောလိုက်သည်။

“မိညှက်ရေ.ဒီတစ်ခါတော့နင်သားထိန်းတာညံ့သွားပြီ.ပထမအသုတ်တုန်းကလို.ကလေးတွေကိုလည်း ဂရုမစိုက်တော့ဘူး။ဒီလကုန်ရင်.ကလေးတွေရောနင့်ကိုပါငါရောင်းပစ်တော့မှာ”

ယင်းသို့ပြောပြီးနောက်ဝက်စာပုံးကိုယူကာခြံထဲမှပြန်ထွက်သွားလေသည်။

‘ဒေါက်ဒေါက်’

တံခါးခေါက်သံကြောင့်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှနိုးလာခဲ့သည်။

“ဟဲ့.ဘယ်သူလဲ “”ကျွန်မလှရီပါ.မနုယဉ်”

“ဟဲ့.တစ်နာရီပဲထိုးနေပြီ.ဘာကိစ္စလဲ”

“ကျွန်မအရေးကြီးတဲ့ကိစ္စပြောစရာရှိလို့ပါ”

“အေးအေး.ခဏနေဦး ”

ဒေါ်နုယဉ်တံခါးကိုဖွင့်ပေးလိုက်သည်။

ပြီးနောက် ဒေါ်လှရီကိုမြင်တော့စိတ်ထဲဇဝေဇဝါဖြစ်သွားသည်။

‘ဟင်.မလှရီကကွယ်လွန်သွားပါပြီ.ဘယ်လိုလုပ်ရောက်လာတာပါလိမ့်”

ယင်းသို့တွေးနေခိုက်တွင်ဒေါ်လှရီက “အစ်မ.ကျွန်မကိုတော့မရောင်းလိုက်ပါနဲ့နော်.ကျွန်မကအစ်မတို့ကိုအကြွေးလာဆပ်နေတာပါ”

ထိုစကားကြောင့်ဒေါ်နုယဉ်မျက်မှောင်ကြုတ်သွားမိသည်။

“ဟင်.မလှရီကကျွန်မကိုဘယ်မှာအကြွေးဆပ်နေလို့တုံး”

ယင်းသို့မေးတော့ဒေါ်လှရီက

“အစ်မအိမ်မှာမွေးထားတဲ့မိညှက်ဆိုတဲ့ဝက်မလေ.အဲဒါကျွန်မပါပဲအစ်မရယ်””ဟင်”

ဒေါ်နုယဉ်အံ့အားသင့်သွားသည်။

ပြီးနောက် မယုံနိုင်စွာဖြင့်ထပ်မေးသည်။

“ဟုတ်လို့လား မလှရီရယ်”

“ဟုတ်ပါတယ်အစ်မ…လူ့ဘဝတုန်းကအစ်မဆီကချေးထားတဲ့ငွေတွေကိုပြန်မဆပ်လိုက်ရဘဲဆုံးသွားတဲ့အတွက်ကြောင့်အခုဝက်ဘဝနဲ့အစ်မဆီမှာအကြွေးလာဆပ်နေရတာပါ၊

တကယ်လို့အစ်မကသာ ကျွန်မကိုရောင်းပစ်မယ်ဆိုရင်အကြွေးမကျေသေးတဲ့အတွက်ကြောင့်အခြားဘဝတစ်မျိုးနဲ့လာဆပ်ရဦးမှာပါ။

အဲဒီဒုက္ခတွေကိုကျွန်မမခံချင်တော့ပါဘူး။ဒါကြောင့်ကြုံတဲ့အခိုက်လေးမှာအစ်မရဲ့အကြွေးကို တစ်ခါတည်းကျေအောင်ဆပ်သွားပါရစေ။ကျွန်မကိုမရောင်းလိုက်ပါနဲ့”

ဒေါ်လှရီကမျက်နှာညှိုးနွမ်းစွာဖြင့်တောင်းပန်လေတော့ဒေါ်နုယဉ်လည်းစိတ်မကောင်းစွာဖြင့် သက်ပြင်းချမိလေသည်။

ပြီးနောက်

“အေးပါဟယ်.ငါမရောင်းပါဘူး။နေ့လည်တုန်းကပြောမိတာကလည်းငါစိတ်တိုပြီးအမှတ်တမဲ့ပြောလိုက်မိတာပါ။စိတ်ချပါ။ငါမရောင်းပါဘူး”

“ဟုတ်ကဲ့၊ ကျေးဇူးပါ အစ်မရယ်’

ဒေါ်လှရီအိမ်ပေါ်မှဆင်းသွားသည်။

ယင်းအခိုက်မှာပင်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှဖျတ်ခနဲလန့်နိုးလာခဲ့သည်။

ပြီးနောက် သူမ.မက်ခဲ့သည်အိ့ပ်မက်ကိုပြန်တွေးပြီး.ဒေါ်လှရီအတွက်အလွန်အမင်စိးတ်မကောင်းဖြစ်မိလေတော့သည်။

မနက်ရောက်တော့ဒေါ်နုယဉ်သည်ညတုန်းကအိပ်မက်အား.သီသီစိုးပြန်ပြောပြလိုက်သည်။

ထိုအခါသီသီစိုးလည်းပါးစပ်အဟောင်းသားဖြင့်နားထောင်ရင်းသက်ပြင်းချလေသည်။

“လူ့ဘဝကယူထားတဲ့အကြွေးကိဝုက်ဘဝနဲ့ပြန်လာဆပ်ရတယ်လို့.ကြားရတာစိတ်မချမ်းသာလိုက်တာအမေရယ်”

“ဘယ်တတ်နိုင်မလဲသမီးရယ်။သု့ကံနဲူ့သူဖြစ်လာတာကိုး။ဒီတော့အမေတို့လုပ်ပေးနိုင်တာကတော့သူ့ကိုအရင်ကထက်ပိုပြီးဂရုတစိုက်နဲ့ကျွေးမွေးစောင့်ရှောက်ဖို့ပဲမဟုတ်လား-”

ယင်းသို့ဆိုပြီးနောက် ဒေါ်နုယဉ်သည်ဆွဲခြင်းနှင့်ပိုက်ဆံအိတ်ကိုယူပြီး.ဈေးဝယ်ရန်အတွက်အိမ်ပေါ်မှဆင်းလာခဲ့လေသည်။

ည။ နှင်းစက်တို့သ ည်ခေါင်မိုးပေါ်သို့တဖျောက်ဖျောက်နှင့်ကျလျက်ရှိနေသည်။

ခါတိုင်းရက်တွေထက်ပိုမိုချမ်းစိမ့်သည့်ညဖြစ်သည်မို့ဒေါ်နုယဉ်နှင့်သီသီစိုးသည်ခပ်စောစောပင် အိပ်ရာဝင်ဖြစ်ကြလေသည်။

“ဒေါက်ဒေါက်”

နှစ်ယောက်သားနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြခိုက်တံခါးခေါက်သံသည်နားထဲသို့တိုးဝင်လာသော

ကြောင့်အလွန်အအိပ်ဆတ်သည့်ဒေါ်နုယဉ်၏မျက်လုံးအစုံလည်းဖျတ်ခနဲပွင့်လာသည်။

“ဟဲ့.ဘယ်သူလဲ ”

“ကျွန်..ကျွန်မလှရီပါ ”

“ဟုတ်လား.ခဏစောင့်မလှရီ”

ဒေါ်နုယဉ်လည်းအိပ်ရာမှထပြီးတံခါးဖွင့်ပေးလိုက်လေရာအပေါက်ဝတွင်ရပ်နေသည့်ဒေါ်လှရီကိုတွေ့ရလေသည်။

“မလှရီ.ဘာပြောချင်လို့တုံး”

“ကျွန်မ.ကလေးတွေကြောင့်အခုထိမအိပ်ရသေးပါဘူး။ကလေးတွေကမတ်တတ်ရပ်ရင်းနို့စို့နေကြလို့

ကျွန်မမှာသူတို့လေးတွေပိမှာစိုးရိမ်လို့ဒီအတိုင်းပဲမတ်တတ်ရပ်နေရာပါတယ်။ဒါကြောင့်အောက်ကို ဆင်းပြီးကူညီပေးပါဦးအစ်မရယ်”

“သြော်.အေးအေး.ငါလာပြီးကူညီပေးပါမယ်”

ယင်းသို့ပြောပြီးခိုက်မှာပင်ဒေါ်နုယဉ်သည်အိပ်ပျော်နေရာမှလန့်နိုးလားခဲ့သည်။

ထို့နောက် “သြော်.မလှရီ မှာ.ကလေးတွေကြောင့်အိပ်မရတာကိုအိပ်မက်လာပေးရှာတာပဲ”

ယင်းသို့တွေးပြီးနောက်.ဒေါ်နုယဉ်သည်လက်နှိပ်ဓာတ်မီးတစ်လက်ယူပြီးတံခါးကိုဖွင့်လိုက်သည်။

ပြီးနောက်အိမ်အောက်ရှိဝက်ခြံထဲသို့ဓာတ်မီးဖြင့်ထိုးကြည့်လိုက်ရာမတ်တပ်ရပ်ရင်းကလေးတွေကို နို့တိုက်နေရသည့်မိညှက်ကိုတွေ့လေသည်။

ထို့နောက် ဒေါ်နုယဉ်လည်းဝက်ြံခထဲသို့ဝင်ပြီးဝက်ကလေးတွေကိုဖယ်ပေးလိုက်သည်။

ဒီတော့မှမိညှက်လည်းမြေကြီးပေါ်လှဲချပြီးကောင်းစွာအိပ်စက်နိုင်လေတော့သည်။

ဒေါ်နုယဉ်လည်းဝက်ပေါက်ကလေးတွေကိုမိညှက်အနားသို့ပြန်ရွေ့ပေးပြီးအိမ်ပေါ်သို့ပြန်တက်လာခဲ့သည်။

ထို့နောက် မနက်မိုးလင်းသည့်အချိန်ထိမိညှက်သည်အိပ်မက်ထဲသို့ဝင်မလာပါတော့ချေ။

ဤသို့ဖြင့်ခြောက်နှစ်ခန့်ကြာလာခဲ့သည်။

ယင်းသို့ကြာလာသည်နှင့်အမျှမိညှက်သည်လည်းတဖြည်းဖြည်းအိုမင်းလာပြီးမကြာခဏဆိုသလို အဖျားဝင်လေတော့သည်။

သာမန်အားဖြင့်ဆိုလျှင်ဤကဲ့သို့အိုမင်းဖျားနာသည့်ဝက်မျိုးကိုမည်သူမှဒုက္ခခံပြီးကျွေးမွေးစောင့် ရှောက်ခြင်းမပြုတော့ဘဲဝက်ပေါ်သည့်လူဆီကိုသာရောင်းပစ်တတ်ကြသည်။

သို့သော်ဒေါ်နုယဉ်နှင့်သီသီစိုးသည်မိညှက်ကိုဤသို့မပြုရက်ပါချေ။

ထို့အပြင်မိညှက်ကိုဆေးကုရန်အတွက်တိရိစ္ဆာန်ဆေးကုဆရာဝန်အားသွားပင့်လေသည်။

ထိုအခါဆရာဝန်ကလည်းမနက်ဖြန်လာပါမည်ဟုပြောပြီးပန်လွှတ်လိုက်သည်။

ဤသို့ဖြင့်ညအချိန်ရောက်လာခဲ့သ ည်။

ဒေါ်နုယဉ်သည်သီသီစိးနှုင့်အတူအိပ်ပျော်နေခိုက်တွင်အိပ်ခန်းထဲသို့အမျိုးသမီးကြီးတစ်ဦးရောက်လာလေသည်။

ထိုအမျိုးသမီးကြီးသည်ဒေါ်လှရီဖြစ်နေသည်။

ထိုအခါဒေါ်နုယဉ်က “မလှရီ. အသံလည်းမပေး.ဘာမပေးနဲ့.ပြောပါဦး.ဘာကိစ္စ”

ယ်းသို့မေးတော့ဒေါ်လှရီက “အစ်မ.ကျွန်မလူ့ဘဝတုန်းကယူထားမိတဲ့အကြွေးကိုအခုဝက်ဘဝနဲ့ပြန်လာဆပ်တာကျေလောက်ပါပြီနော်”

ထိုအမေးကြောင့်ဒေါ်နုယဉ်လည်းအလွန်စိတ်မကောင်းဖြစ်သွားရလေသည်။

“သြော်.ကျေပါပြီမလှရီရယ်။ကျေတဲ့အပြင်ပိုတောင်ပိုနေပါသေးတယ်”

“ဒါဆိုကျွန်မကိုခွင့်ပြုပါတော့နော်။ကျွန်မသွားတော့မယ်”

“ဟင်.မလှရီကဘယ်ကိုသွားမှာမို့တုံး”

“နောက်ဘဝတစ်ခုကိုပါ။ကောင်းလားဆိုးလားတော့ကျွန်မလည်းမပြောတတ်သေးပါဘူး”

ပြောပြီးသည့်နောက်ဒေါ်လှရီ.အိပ်ခန်း ထဲမှထွက်သွားသည်။

ဒေါ်နုယဉ်လည်းဒေါ်လှရီ၏ကျောပြင်ကိုသာကြည့်ရင်းကျန်ခဲ့လေသည်။

“အမေ.အမေ”

ရုတ်တရက် အတင်းလှုပ်နှိုးခံရသောကြောင့်ဒေါ်နုယဉ်လည်းအိပ်ပျော်နေရာမှလန့်နိုးလာခဲ့သည်။

“သမီး..ဘာဖြစ်လို့တုံး”

ယင်းသို့မေးရင်းဖြင့်ဒေါ်နုယဉ်သည်နေမြင့်နေပြီကိုသတိပြုမိလေသည်။

ထို့ကြောင့် အိပ်ရာမှ.ကမန်းကတန်းထခိုက်တွင်.သီသီစိုးက“အမေ.မိညှက်တော့သေသွားပြီ”

“ဟင်”

ဒေါ်နုယဉ်အံ့အားသင့်ပြီးမျက်လုံးပါပြူးသွားသည်။

“ဟဲ့.ဟုတ္လို့လား “”ဟုတ်တယ်အမေရဲ့.မနက်ကသမီးအစာကျွေးဖို့ခြံထဲဝင်လိုက်တော့သူကသေနပြီ”

“သြော်”ဒေါ်နုယဉ်ဆက်မပြောတော့ချေ။ညတုန်းကမက်ခဲ့သည့်အိပ်မက်ကိုပြန်လည်သတိရမိလိုက်သောကြောင့်ဖြစ်သည်။

ထို့နောက် “ကဲကဲ. သမီ။မိညှက်ကိုမြေမြုပ်ဖို့စီစဉ်ရအောင်”ဟုသာပြောလိုက်လေတော့သည်။

မနက်အချိန်ခါဖြစ်သည်မို့ဈေးထဲတွင်ကြက်ပျံမကျစည်ကားလျက်ရှိနေသည်။

ဒေါ်နုယဉ်လည်းလိုအပ်တာတွေဝယ်ပြီးပြီမို့ဆွဲခြင်းကိုဆွဲကာဈေးထဲမှပြန်ထွက်မည်ပြုစဉ် “ဟဲ့.ဈေးဦးတောင်မပေါက်သေးဘူး။ဘယ့်နှယ့်အကြွေးလာယူနေရတာတုံး”

ထိုစကားသံကြောင့်ဒေါ်နုယဉ်၏ခြေလှမ်းတွေတုန့်ခနဲရပ်သွားပြီးအသံလာရာဘက်သို့လှည့်ကြည့်လိုက်ရာကြက်ဥသည်နှင့်ဈေးဝယ်သူတို့စကားပြောနေသည်ကိုတွေ့လိုက်ရလေသည်။

ဈေးဝယ်သူက“အစ်မရယ်.ဝယ်နေကျဖောက်သည်တွေပဲဥစ္စာ။ခါတိုင်းဈေးဝယ်ရင်ကျွန်တော်ပိုက်ဆံကိုလုံလုံလောက်လောက်ထည့်လာတာပဲ။ဒီနေ့ကျမှဝယ်တာများသွားလို့ကြက်ဥဝယ်ဖို့မကျန်ဘဲဖြစ်သွားတာပါ။

မနက်ဖြန်ဒီကိုလာရင်ပေးပါ့မယ်ဗျာ”

ဒေါ်နုယဉ်ဆက်လက်နားမထောင်ဖြစ်တော့ဘဲလှည့်ထွက်လာခဲ့သည်။

ပြီး..ဈေးဝယ်သူပြောသည့်’.မနက်ဖြန် ဒီကိုလာလျှင်ပေးပါမည်’ဆိုသည့်စကားကလည်းစိတ်ထဲတွင်စွဲထင်နေလျက်ရှိသည်။

မနက်ဖြန်.. .လူတွေအများဆုံးသုံးသည့်စကားဖြစ်သည်။

မနက်ဖြန် လုပ်မည်။မနက်ဖြန်ပေးမည်။မနက်ဖြန်သုံးမည်စသည်စသည်ြဖ့်င့်…။

တကယ်တော့မနက်ဖြန်ဆိုတာယနေ့လောက်မသေချာချေ။

ယနေ့ဆိုတာကလည်းနောင်ဘဝနှင့်ကျောချင်းကပ်လျက်ရှိနေသည်။

ဤကဲ့သို့မရေရာလှသောလူ့ဘဝတွင်အကြွေးတွေဖြင့်သာလူတွေရှင်သန်ကြရသည်။

အကြွေး တွေဖြင့်သာဘဝကိုနိဂုံးချုပ်ကြရသည်။

အချို့ လုပ်လက်စအလုပ်တွေတန်းလန်းကြီးဖြင့်ကွယ်လွန်သွားကြသည်။

အချို့ လည်းသူတစ်ပါးဆီမှယူထားသည့်အကြွေးကိုပြန်မဆပ်နိုင်မီကွယ်လွန်သွားကြသည်။

ဒီတော့ တမလွန် ဘဝ၌မဖြစ်ဖြစ်သည့်နည်းဖြင့်ပြန်လာကာအကြွေးဆပ်ကြရသည်။

သို့သော်ဒါတွေကလည်းအထူးအဆန်းမဟုတ်တော့ချေ။

အကျိုးတရားဖြစ်ဖို့အတွက်အကြောင်းတရားတွေရှိခဲ့ကြသည်မဟုတ်လား။

မည်သို့ပင်ဆိုစေ။ယူထားသည့်အကြွေးကိုဆပ်ဖို့မကြုံခဲ့လျှင်တောင်.ကြုံသည့်အချိန်တွင်ပြန်ဆပ်ရမှာတော့ဧကန်မုချဖြစ်ပါတေ့ာသည်။

အားလုံးအေးချမ်းပါစေ.. ။

ဆရာဆွေ(တောင်တွင်း)

မှတ်ချက်။ ။၂၀၁၇တွင်ဤဝတ္ထုအား’လှိုင်ဦး’ကလောင်အမည်ဖြ့င်ဆဌမအာရုံမဂ္ဂဇင်းတွင်ဖော်ပြခံရပြီးဖြစ်ပါသည်။

ယခုဆရာဆွေ(တောင်တွင်း)ကလောင်အမည်ကိုပြောင်းလဲအသုံးပြုပီးပြန်လည်ရေးသားတင်ပြခြင်းဖြစ်ပါသည်။

Unicode

Credit

Be the first to comment on "အကြွေး(ဖြစ်ရပ်မှန်၊သံဝေဂဝတ္ထုတို)"

Leave a comment

Your email address will not be published.

*