တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း

တန်ဆောင်မုန်းလအခါတွင် ဆေးပင်အပေါင်းကို စေါင့်သောနတ်တို့သည် မယ်ဇလီပင်စေါင့်နတ်မင်းအား တစ်ညီတစ်ညွတ်တည်း လာရောက်ခစားကြသည်။ မယ်ဇလီဖူးကို စားသုံးခဲ့သော် (၉၆)ပါးသော ရောဂါများကင်းရှင်း၍ ဘုန်းကြီးအသက်ရှည်နိုင်သည် ဟု “သာရကောမုဒိ” ဆေးကျမ်း ကပြဆိုပါသည်။

ထို့ကြောင့်၊ မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် မယ်ဇလီဖူးကို အဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအားလည်း၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြုလေ့ရှိကြပါသည်။

နက္ခတ်၊ ကြယ်တာရာ စုံညီစွာပေါ်ထွန်းသော‌ကြောင့် ဆေးအာနိသင်များ နိုးကြွထက်မြက်စေ၍ “ဆေးပေါင်းခသည့်ည”ဟုလည်း ယုံကြည်ကြသည်။

ဤညအခါ၌ ခူးဆွတ်တူးဖေါ်ရရှိသော ဆေးပင်၊ ဆေးရွက်၊ အမြစ် ၊ အဖု၊ အဥ တို့ကို အထူးသိမ်းဆည်းထားကာ အလိုရှိရာအခါ၌ ၊အသုံးပြုကြသည်။

လပြည့်နေ ညဉ့်လယ် လမွန်းတည့်အချိန်၌ လရိပ်သည် ရေအပြင်ပေါ်ကျရောက်သောအခါ “လမွန်းတည့်ရေ” ကို သောက်သုံး၍ ဆေးအာနိသင်များပြည့်ဝလျက် ကျန်းမာရေးကို ကောင်းမွန်စေသည်ဟု ယူဆကြသည်။

ဤအခါ၌ လက်လှမ်းမီရာ ဆေးပင်၊ ဆေးရွက်တို့ကို ခူးဆွတ်ကာ စားသုံးလေ့ရှိကြသည်။

တန်ဆောင်မုန်းလတွင် ထွက်ပေါ်သော “ကြတ္တိကာနက္ခတ်”ကို နက္ခတ်ပညာရှင်တို့က “စောရနက္ခတ်(ခေါ်) သူခိုး နက္ခတ်” ဟု ဆိုလေ့ရှိကြသည်။ ထို့ကြောင့် လပြည့်နေ့ညအခါတွင် “ကျီးမနိုးပွဲ” (ခေါ်) “သူခိုးကာလ” အဖြစ် ကလေး လူငယ်များ ပျော်ရွှင်စွာ ဆော့မြူးလေ့ရှိကြသည်။

တစ်ညလုံး နံနက်ကျီးမနိုးမီတိုင်အောင် အိမ်ရှင်မသိစေပဲ အလွယ်တစ်ကူ တွေ့ရှိချီမနိုင်သောပစ္စည်းများကိုယူ၍ လမ်းမတွင် စုပုံထားခြင်း၊ ပုဆိုး ထမီ ရရာတို့ကို အလံထူ၍ထားခြင်း စသည်တို့ဖြင့် နံနက်အခါ၌ လူရယ်ဖွယ်ဖြစ်အောင် ဖန်တီးထားတတ်ကြသည်။

တစ်ညနေခင်းလုံး အိမ်ပေါက်စေ့လိုက်ကာ အလှူငွေနှင့်စားစရာများ အလှူခံကြပြီး.. တစ်ညခင်းလုံး ချက်ပြုတ် စားသောက်ကာ မြူတူးပျော်ရွှင်ကြသည်။

ငွေကြေးပြည့်စုံသူတို့ကမူ လပြည့်နေ့ညတွင် “မခေါ်မုံ့လုံး” (ခေါ်) မုံ့လုံးရေပေါ်များကျွေးခြင်း၊ ကြက်သားဆန်ပြုပ် တိုက်ကျွေးခြင်း၊ မယ်ဇလီဖူးသုပ်ဝေခြင်းနှင့် ပိုက်ဆံကြဲခြင်း တို့ကိုပြုကာကုသိုလ် ယူလေ့ရှိကြသည်။

သစ္စာရှင်-မြတ်ဗုဒ္ဓ၏သာသနာမှ ဖော်ပြပါသည်”

Mg Mg Myat Thu

Unicode

Be the first to comment on "တန်ဆောင်မုန်းလတွင် မယ်ဇလီဖူးသုပ် စားရခြင်းအကြောင်း"

Leave a comment

Your email address will not be published.

*