နိုင်ငံခြားမှာဆို နိုဘယ်ဆု ရလောက်တဲ့ ခေတ်သစ် အမှိုက်ကောက်နည်း အိုင်ဒီယာ

ယနေ့ လူမှုကွန်ရက်စာမျက်နှာမှာ လူပြောများနေတဲ့ အကြောင်းကတော့ အမှိုက် (၁) ပိဿာကို ပိုက်ဆံ (၁၀၀) နဲ့ ပြန်ဝယ်မယ့် မြန်မာ့အထူးဆန်းဆုံး ဈေးသည်များ အကြောင်းပဲ ဖြစ်ပါတယ်။ မျှဝေသူများ အများအပြား ရှိခဲ့တဲ့ အဆိုပါ ဓာတ်ပုံတွေရဲ့ မူရင်းပိုင်ရှင်ကိုတော့ အခုချိန်အထိ မသိရှိရသေးဘဲ လူမှုကွန်ရက် စာမျက်နှာ အများအပြားက ဆက်တိုက် မျှဝေနေကြတာ ဖြစ်ပါတယ်။

ပုံထဲမှာတော့ လူငယ်အဖွဲ့ တဖွဲ့ဟာ ကျူးကျော်ရပ်ကွက်မှာ ရှိတဲ့ လူကြီး၊ ကလေးတွေဆီကနေ အမှိုက် တပိဿာကို ကျပ်ငွေ (၁၀၀) နဲ့ ပြန်လည် ဝယ်ယူနေကြတာ ဖြစ်ပါတယ်။ အမှိုက်အမျိုးအစား မခွဲခြားဘဲ မည်သည့် အမှိုက်မဆို တပိဿာလျှင် ကျပ်ငွေ (၁၀၀) နဲ့ ချိန်တွယ်ဝယ်ယူနေကြပုံကို တွေ့မြင်တဲ့ လူတိုင်းက ချီးကျူး ဂုဏ်ပြုနေကြတာကို တွေ့ရပါတယ်။

အမှိုက်သိမ်းဖို့ လူအင်အား အများအပြား မလိုတော့ခြင်း၊ ရပ်ကွက်နေ ပြည်သူများလည်း အမှိုက် ရောင်းရငွေကြောင့် အသုံးစရိတ် ကာမိခြင်း၊ အမှိုက်များကို မြန်မြန်ဆန်ဆန်နဲ့ သိမ်းနိုင်ခြင်းကြောင့် ပတ်ဝန်းကျင် သန့်ရှင်းသွားခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိတယ်လို့ လူမှုကွန်ရက် အသုံးပြုသူတဦးက မှတ်ချက် ရေးသားထားပါတယ်။

ယခုကဲ့သို့ အမှိုက်တွေကို ပြန်ဝယ်မယ့် အိုင်ဒီယာကို အကောင်အထည်ဖော်ခဲ့တဲ့ လူငယ်အဖွဲ့ရဲ့ အမည်ကို ပြည်သူများက သိရှိလိုကြပြီး ကူညီထောက်ပံ့မှုတွေ ပြုလုပ်လိုကြတယ်လို့ သိရပါတယ်။ ပြည်သူက ပြည်သူကို ကူညီရမယ့် ယခုလို အချိန်မှာ ကုန်ကျစရိတ် သိပ်မရှိဘဲ အမှိုက်တွေကို မြန်မြန်ဆန်ဆန် သိမ်းဆည်းသွားနိုင်တဲ့ အိုင်ဒီယာဟာ အလွန်ကောင်းမွန်လှပါတယ်။ ယခုလို အမှိုက်တွေကို ပြန်လည် ဝယ်ယူပေးတာကြောင့် အလုပ်မရှိသူများလည်း ဝင်ငွေ ရရှိပြီး အလုပ်လုပ်ချင်စိတ်ကို ဖြစ်ပေါ်လာစေပါတယ်။

ယူနီဖောင်းတွေ၊ တိုက်ပုံတွေနဲ့ လက်ညှိုးထိုး အမှိုက်သိမ်းခိုင်းတာထက်စာရင် အမှိုက်သိမ်းခြင်းကို ယခုလို ဆန်းသစ်တီထွင်ထားတဲ့ နည်းလမ်းနဲ့ ပြုလုပ်ပါက ပိုမိုမြန်ဆန် လွယ်ကူပြီး အလုပ်ပြီးမြောက်မယ်ဆိုတာ အသေအချာပါပဲ။ တီထွင်နိုင်စွမ်းကောင်းမွန်တဲ့ လူငယ်တွေ ခေါင်းဆောင် ဖြစ်လာမယ့် တနေ့ကို မျှော်လင့်ရင်း…

Unicode

Credit

Be the first to comment on "နိုင်ငံခြားမှာဆို နိုဘယ်ဆု ရလောက်တဲ့ ခေတ်သစ် အမှိုက်ကောက်နည်း အိုင်ဒီယာ"

Leave a comment

Your email address will not be published.

*