ကချင်ဒေသထွက် ကျောက်ကြမ်းပိုးများကို တရုတ်နိုင်ငံမှ ရသလောက် ဝယ်ယူနေ၍ ဈေး ၂ ဆ ဖြစ်

ကချင်ပြည်နယ်၊ ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုး(ဂျပိုး)များ စျေးကောင်းရနေတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့နှစ်က နို့ဆီတစ်ဗူးလျှင် ကျပ်ငါးထောင်မှ ကျပ်ခုနှစ်ထောင်အထိ စျေးရှိခဲ့ရာမှ ယခုနှစ်မှာ နို့ဆီတစ်ဗူး ကျပ်တစ်သောင်းမှ တစ်သောင်းငါးထောင်အထိ ပေါက်စျေးရှိနေကြောင်းကျောက်ဂျပိုး ရှာသူများက ဆိုပါတယ်။

ကျောက်ဂျပိုးမှာ အကောင်အကြီးနှင့်အသေးမျိုးရှိရာတွင် အသေးမျိုးမှာ စျေးပိုရကြောင်း၊ တပိဿာလျှင် ကျပ်ငွေ တစ်သိန်း သုံးသောင်းဝန်းကျင်တွင် စျေးပေါက်နေပြီး ဒေသခံများအတွက် ဝင်ငွေတစ်ခုဖြစ်နေကြောင်း ဒေသခံများက ဆိုပါတယ်။

ကျောက်ဂျပိုးကို အောက်တိုဘာ လဆန်းမှ နိုဝင်ဘာလအထိ အများဆုံးတွေ့ရလေ့ရှိပြီး ဇန်နဝါရီလ နောက်ပိုင်းတွင် ပျောက်ကွယ်သွားကြောင်း သိရပါတယ်။ ပူတာအို တိုင်းခန္တီး မှတ်တမ်းများအရ ကျောက်ကြမ်းပိုး ငါးမျိုးရှိပြီး ဝါးမြစ်နှင့်လည်းကောင်း၊ ဟင်းချိုဟင်းများတွင်လည်း ခတ်စားကြပါတယ်။ ကပ်ပါး၊သံကောင်စသည့် ဝမ်းတွင်း အညစ်အကြေးများကို စင်ကြယ်စေသည်ဟု ယုံကြည်ကြပါတယ်။

ယနေ့အခြေအနေတွင် ကျောက်ကြမ်းပိုး ငါးမျိုးအနက် နှစ်မျိုးသာ အများစုတွေ့ရကြောင်း ၊အေးလွန်းသည့် ဆောင်းရာသီတွင် ဆောင်းခိုရန်အတွက် မြေနိမ့်လွင်ပြင်သို့ ဆင်းလာပြီး ကျောက်တုံး၊သစ်တုံး၊ဝါးသစ်ခေါင်း၊သစ်ရွက်များအောက်ဖက်နှင့် ကျောက်တောင်လှိုဏ်ဂူများတွင် ခိုအောင်းကြကြောင်း တိုင်းခန္တီးမှတ်တမ်းများ ပြုစုနေသူ မန်ပန်ဆရာတော်က ဆိုပါတယ်။

ယခင်ကာလများက ကျောက်ဂျပိုးကို မြစ်ဆုံဒေသဝန်းကျင်တွင် ပေါများစွာ တွေ့ခဲ့ရသော်လည်း ရွှေကျင်သည့်လုပ်ငန်းများ များစွာလုပ်ကိုင်ခဲ့ခြင်း၊ မြစ်ချောင်းအနီးတဝိုက် ကျောက်ခုံများကို ရွှေကျင်ခြင်း၊ တောပြုန်းခြင်းများကြောင့် ကျောက်ဂျပိုးကောင်းများအတွေ့ရနည်းလာရကြောင်း သိရပါတယ်။

ကျောက်ကြမ်းပိုးကို ဟူကောင်းတောင်ကြားရှိ တောင်ကျချောင်းများတွင်လည်းကောင်း၊ ချင်းတွင်မြစ်ဖျား ဒေသအချို့တွင်လည်းကောင်း တွေ့ရကြောင်း မှတ်တမ်းများက ဆိုပါတယ်။

တရုတ်နိုင်ငံမှ ကုန်သည်များက ကချင်ဒေသထွက် ကျောက်ကြမ်းပိုးများကို ရသလောက် ဝယ်ယူနေခြင်းမှာ ဆေးဖော်ရန်အတွက် ဖြစ်တယ်လို့လည်း သိရပါတယ်။

Unicode

Credit

Be the first to comment on "ကချင်ဒေသထွက် ကျောက်ကြမ်းပိုးများကို တရုတ်နိုင်ငံမှ ရသလောက် ဝယ်ယူနေ၍ ဈေး ၂ ဆ ဖြစ်"

Leave a comment

Your email address will not be published.

*