မီးပုံးပျံတွေ မပါတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲကို ဒီနှစ်မှာ မျက်မြင်တွေ့ရတော့မှာလား

၂၀၂၂ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို စကစက ဦးစီးပြီး ၇/၈/၉ – ၁၁ – ၂၀၂၂ ရက်နေ့တွင် အောက်ပါအတိုင်း ကျင်းပဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ၇ – ၁၁ – ၂၀၂၂ ရက်နေ့တွင် မီးပဒေသာလှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းယက်လုပ်ပူဇော်ပွဲ ၊ စိန်နားပန်အလှမီးလွှတ်တင်ပူဇော်ပွဲကို စူဌာမုနိဘုရားရင်ပြင်တွင် လည်းကောင်း၊ အဝေရာမီးပုံးပျံကွင်းတွင် စျေးဆိုင်ခန်းနှင့် မီးပုံးပျံငယ်များလွတ်တင်ကျင်းပဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

၇/၈/၉ – ၁၁ – ၂၀၂၂ ရက်နေ့ ( နေ့ခင်းပိုင်း)တွင် နေ့လွှတ်အရုပ်ပြိုင်ပွဲ ကျင်းပခြင်း၊ ရိုးရာစျေးရောင်းဝယ်ခြင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ (ညပိုင်း)တွင် စိန်နားပန်မီးပုံးပျံလွှင်တင်ခြင်း နှင့် ရိုးရာစျေးရောင်းဝယ်ခြင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

နေ့လွှတ်မီးပုံးပျံပြိုင်ပွဲ(ခြေနှစ်ချောင်း နှင့် ခြေလေးချောင်း) ၂မျိုးကို ဆုချီးမြှင့်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။ ပထမဆု – ကျပ် ၁၀သိန်း၊ ဒုတိယဆု – ကျပ် ၅ သိန်း၊ တတိယဆု – ကျပ် ၃ သိန်း နှစ်သိမ့်ဆုကို တစ်ဆုလျှင် ကျပ် ၂ သိန်းနှုန်းဖြင့် ၅ ဆုချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

စကစက ဦးဆောင်ပြီး ကျင်းပတဲ့ ယခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲကို မီးပုံးပျံပြုလုပ်တဲ့ ပညာရှင်တွေ အများအပြားက ဝင်ရောက် မယှဉ်ပြိုင်ဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေကနေ တဆင့် သတင်းကြားရသလို တကယ်တမ်း ပညာရှင်အဆင့် မီးပုံးပျံကြီးများ ပါဝင်ယှဉ်ပြိုင်မှာ ဟုတ်မဟုတ်ကို လာမယ့်ပွဲတော်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ကလည်း ကိုဗစ်ကြောင့် တောင်ကြီး တန်ဆောင်တိုင်ပွဲကို ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာလည်း ပြုလုပ်ရလွယ်ကူတဲ့ နေ့လွှတ်မီးပုံးပျံတွေသာ စာရင်းလာပေးလျက်ရှိပြီး ပညာသားပါတဲ့ ညမီးကြီး စိန်နားပန် မီးပုံးပျံများကို ပြိုင်ပွဲဝင်ရန် စာရင်းလာပေးသူ တဦးမှ မရှိဘူးလို့ သိရပါတယ်။ အဲဒါကြောင့် ယခုနှစ်မှာ မီးပုံးပျံ မပါတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲကို မြင်တွေ့ရမလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Unicode

Credit

Be the first to comment on "မီးပုံးပျံတွေ မပါတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲကို ဒီနှစ်မှာ မျက်မြင်တွေ့ရတော့မှာလား"

Leave a comment

Your email address will not be published.

*