အက်ကွဲကျိုးကျခါနီး ဖြစ်နေတဲ့ဦးပိန်တံတားရဲ့ ဓာတ်ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ အကြောင်း

ဦးပိန်တံတားရဲ့ လက်ရှိအနေအထားဆိုတဲ့ သစ်သားတံတားတိုင်များ ကွဲအက်၍ ကျိုးပြတ်ကာနီး အခြေအနေ ဓာတ်ပုံများ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လျက် ရှိပါတယ်။

အဆိုပါ ဓာတ်ပုံကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ U Arrseinna Zwebarkonetan အမည်ရတဲ့ ရဟန်းတပါး အကောင့်ကနေ တင်ခဲ့တာ ဖြစ်ပြီး ပုံနဲ့အတူ အောက်ပါ စာပိုဒ်များကို ရေးသားထားပါတယ်- “အိန္ဒိယတံတားအဖြစ်ကြည့်ပြီး နောက်လာမယ့် နေ့ကြီးရက်ကြီးတွေမှာလည်း သတိထားကြပါ။ လပြည့်နေ့ဆိုလည်းဘုရားပေါ် ပြည့်ကြပ်နေတာမျိုး ရှောင်ပါ။ နှလုံးမကောင်းတဲ့သူတွေ အသက်ရူကြပ်တာ။ ဦးပိန်တံတားပေါ်အုပ်လိုက်ကြီးသွားတာ။ ဒကာမတစ်ယောက်ရိုက်ထားတာ အောက်ခြေမှာဒီလိုတွေဖြစ်နေတာမို့ သတိထားကြပါ။ အသွားမတော်တစ်လှမ်း ဖြစ်မှာစိုးလို့ပါ။

ပို့စ်ရဲ့ ကွန်မန့်မှာလည်း လူမှုကွန်ရက် အသုံးပြုသူတဦးက အက်ကွဲနေတဲ့ တခြားတိုင်တခုရဲ့ ပုံကို တင်ထားကာ “ရေမကျခင် ပြီးခဲ့တဲ့လလောက်တည်းက ဇရပ်နားက အဲ့တစ်တိုင်ဆို ဟတောင်ဟနေပြီ” ဆိုပြီး ရေးသားထားပါတယ်။

လာမယ့် တနင်္လာနေ့ ၇-၁၁-၂၀၂၂ ရက်နေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်တာကြောင့် ဦးပိန်တံတားလို အထင်ကရ နေရာတွေမှာ လူအများအပြား လာရောက်ကြမှာ ဖြစ်ပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ပုံတွေ အတိုင်းသာ အပြင်မှာ တကယ်ဖြစ်နေရင်တော့ ဦးပိန်တံတားကို လာရောက်ကြမယ့်သူတွေ အတွက် အထူး စိုးရိမ်စရာ ဖြစ်နေပါတယ်။

မကြာသေးခင်က ဖြစ်သွားခဲ့တဲ့ ကိုရီးယားဖြစ်စဉ်၊ အိန္ဒိယ တံတားပြတ်ကျမှု ဖြစ်စဉ်တွေကဲ့သို့ အဖြစ်ဆိုးမျိုးတွေ မဖြစ်လာစေဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အချိန်မီ စစ်ဆေးဖို့ သင့်ပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ အမြန်စစ်ဆေးဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း အသိပေးအကြောင်းကြားလိုက်ရပါတယ် ခင်ဗျာ။

Unicode

Credit

Be the first to comment on "အက်ကွဲကျိုးကျခါနီး ဖြစ်နေတဲ့ဦးပိန်တံတားရဲ့ ဓာတ်ပုံများ အွန်လိုင်းပေါ် ပျံ့နှံ့လာတဲ့ အကြောင်း"

Leave a comment

Your email address will not be published.

*