မြန်မာရွှေ့ပြောင်း လုပ်သားဇနီးမောင်နှံ ထိုင်းနိုင်ငံရဲ့ ထီပထမဆု ဘတ် (၆) သန်း ဆွတ်ခူးပြန်ပြီ

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားဇနီးမောင်နှံ ၂ ဦး ထိုင်း ထီပထမဆု ဘတ်(၆)သန်းဆုကိုကံထူးသွားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ့ရွှေ့ ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသည့် (AAC) အဖွဲ့ က သတင်း ထုတ်ပြန်လိုက်ပါတယ်။ထိုင်းထီ ပထမဆု ဘတ် ၆ သန်းဆုကို ဇန်နဝါရီ ၁၇ ရက်နေ့က

ဖွင့်လှစ်တဲ့ ထိုင်းနိုင်ငံရဲ့ ထီဖွင့်ပွဲမှာ ပထမဆုပေါက်မဲ နံပါတ် ၈၈၀၁၅၉ ဖြင့် ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်၊ ဝပ်နောင်စွန်းရှိ စက်ရုံမှ မြန်မာလုပ်သား ဇနှီးမောင်နှံနှစ်ဦးက ဆွတ်ခူးရရှိခဲ့တာဖြစ်တယ်လို့ ACC အဖွဲ့ဝင် ကိုရဲမင်းက ပြောပါတယ်။ထိုင်းထီ ကံထူးရှင်မှ AAC မဟာမိတ်အဖွဲ့ကို ဆုငွေထုတ်ပေးပါရန် အကူအညီတောင်းခံလာသဖြင့် AAC အဖွဲ့ မှ ဆုငွေ ထုတ်ယူနိုင်ရေးကိစ္စရပ်များကို လိုက်ပါဆောင်ရွက်ပေးခဲ့ပြီး လုံခြုံစိတ်ချစွာဖြင့်

ဆုငွေများကို အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ယခင်တုန်းကလည်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေနဲ့ ထိုင်းထီပထမဆု ဘတ် (၆) သန်းကို မကြာခဏ ပေါက်လေ့ ရှိကြောင်း သိရပါတယ်။ပထမဆုပေါက်ခဲ့ပေမယ့်လည်း လုပ်ထုံးလုပ်နည်းကို နားမလည်တာကြောင့်

အလုပ်ရှင်များနဲ့ လူလိမ်များက ဆုငွေများကို လိမ်လည်မှုများ ဖြစ်ပွားခဲ့ပါတယ်။အဲဒါကြောင့် မြန်မာ့ရွှေ့ ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသည့် (AAC) အဖွဲ့က ထီပေါက်သည့် ဆုငွေများ ထုတ်ယူရာတွင် ဝင်ရောက်ကူညီပေးလေ့ ရှိကြောင်း သိရပါတယ်။

Unicode

Credit

Be the first to comment on "မြန်မာရွှေ့ပြောင်း လုပ်သားဇနီးမောင်နှံ ထိုင်းနိုင်ငံရဲ့ ထီပထမဆု ဘတ် (၆) သန်း ဆွတ်ခူးပြန်ပြီ"

Leave a comment

Your email address will not be published.

*