တရုတ်တွေရဲ့ အောင်မြင်တဲ့ ဈေးရောင်းနည်း ဗျူဟာ…

တရုတ်တွေ ဈေးရောင်းရင် ဘာလို့ အောင်မြင်နေကြတယ်ထင်လဲ… ဗျူဟာရှိပါတယ်။ မျှဝေပေးလိုက်ပါတယ်နော်။

၁ ။ ဆိုင်နေရာ ကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပို အရေးကြီးပါတယ် ။

၂ ။ ရောင်းကုန်ရဲ့ အရည်အသွေး ဟာ ဆိုင်နေရာထက် ပို အရေးကြီးနေတတ်ပြန်တယ် ။

၃ ။ စကား ချိုချိုသာသာနဲ့ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည် ကို ပိုမြဲစေပါတယ် ။

၄ ။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက် ယုံကြည်မှု နည်းတာကို ပို စိုးရိမ်သင့်ပါတယ် ။

၅ ။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်း ဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပို ရောင်းကောင်းနေတတ်ပါတယ်။ ဈေးချိုတယ် ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။

၆ ။ ဝယ်သူကို တောက်လျှောက် လိုက်ကပ်ထောက်ကူတယ် ထင်နေတာမျိုး၊ မဝယ်မချင်း တိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။

၇ ။ ပိုက်ဆံ တစ်ကျပ် သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ တန်ဖိုး ပိုရှိတယ် ။

၈ ။ ငွေလည်ပတ်မှု မြန်ဆန် ပါစေ ။

၉ ။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆို အပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။

၁၀ ။ နည်းနည်း၊ များများ လက်ကား ဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်း ပေးပါ ။

၁၁ ။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ် ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ၊ စော်ကားတာနဲ့ အတူတူပဲ ။

၁၂ ။ ဈေးနူန်း တစ်ခုတည်း ဖြစ်ပါစေ… တခုခုကြောင့် ဈေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ထိခိုက် နိုင်စေပါတယ် ။

၁၃ ။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့်။ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။

၁၄ ။ စက္ကူ တစ်ရွက်ပဲ ဖြစ်ဖြစ်… လက်ဆောင်ကို လူတိုင်း နှစ်သက် တတ်ကြပါတယ် ။

၁၅ ။ ကလေးများဟာ ကျေးဇူးရှင်ပါ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ ကလေး ဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူး ဂရုစိုက်ပေးပါ။ ( ကလေးကို လွှတ်တာတောင်… ဖြစ်ကတတ်ဆန်း မလုပ်ဘူး) ဆိုတာ လူတွေ သိပါစေ ။

၁၆ ။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇ ။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင် တစ်ခုလုံး ရှင်သန်နေပါစေ။ ဝယ်သူ များလာအောင် ဆွဲဆောင် နိုင်ကြပါလိမ့်တယ်။

မူရင်း တင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Unicode

Be the first to comment on "တရုတ်တွေရဲ့ အောင်မြင်တဲ့ ဈေးရောင်းနည်း ဗျူဟာ…"

Leave a comment

Your email address will not be published.

*