ဂျပန်နိုင်ငံတွင် နေထိုင်သူတိုင်း မလုပ်သင့်သော အချက် (၁၅) ချက်
ဂျပန်နိုင်ငံသည် ထူးခြားမှုများနှင့်ကွဲပြားခြားနားပြီး လှပသော နိုင်ငံတစ်ခု ဖြစ်ပါတယ်။
TikTok အသုံးပြုသူ တစ်ယောက်ဖြစ်တဲ့ hangrybynature က ဂျပန်နိုင်ငံမှာမလုပ်သင့်တဲ့ အရာတွေကို စာရင်းတစ်ခု ပြုလုပ် ဖော်ပြထားပါတယ်။
(၁) သင့်၏အိတ်ကို ရထားပေါ်ကအခမဲ့ ထိုင်ခုံပေါ်တွင် လုံး၀မထားပါနဲ့။ အမှန်တော့ တစ်လောကလုံး ဖြစ်သင့်တဲ့ အရာတစ်ခုပါပဲ။
(၂) မျက်နှာအဖုံးအကာ တစ်ခုမပါပဲ အင်္ကျီကို စမ်းမဝတ်ပါနဲ့။ ဒါကတော့ မိတ်ကပ်များ စွန်းထင်းခြင်းမှ ကာကွယ်နိုင်ရန် ဖြစ်ပါတယ်။
(၃) တက္ကစီတံခါးကို ဆွဲမဖွင့်လိုက်ပါနဲ့ ။ ဂျပန်က ၃၀၂၀ ခုနှစ်မှာ နေနေတာပါ။ အော်တို ပွင့်လာပါလိမ့်မယ်။
(၄) အများသုံး သယ်ယူပို့ဆောင်ရေးတွင် ဖုန်းမပြောပါနဲ့။
(၅) စက်လှေကားရဲ့ မှားတဲ့ဘက်မှာရပ်မနေပါနဲ့။ သင် အလျင်မလိုလျှင်ဘယ်ဘက်မှာဘဲ ရပ်နေပါ။
(၆) သင်၏ ကျောပိုးအိတ်ကို အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေမှာ နောက်၌ မလွယ်ထားပါနဲ့။ မျက်နှာရှေ့မှာ ကျောပိုးအိတ်ရှိတာ ဘယ်သူမှမလိုချင်ပါဘူး။
(၇) လူအများ ပိုင်နေရာတွင် နှာချေတာတွေ နှာခေါင်းမှုတ်တာတွေ မလုပ်ပါနဲ့။ မကောင်းသော အကျင့်စရိုက်တစ်ခု ဖြစ်သွားပါလိမ့်မယ်။ သန့်စင်ခန်းသို့ သွားပြီးတော့သာ ပြန်လုပ်သင့်ပါတယ်။
(၈) ဈေးမဆစ်ပါနဲ့။ အခြား အာရှနိုင်ငံများနှင့် မတူပါဘူး။ ဂျပန်နိုင်ငံတွင် အများစုက တရားဝင် ဖြစ်နေပါပြီ။
(၉) ဖိနပ်စီးပြီး အဝတ်လဲခန်းထဲကို မသွားပါနဲ့။ အရာအားလုံး သန့်ရှင်းစေရန် အတွက် မဝင်မီ ဖိနပ်ကို ချွတ်ပြီးမှ ဝင်ပါ။
(၁၀) လူတိုင်း အင်္ဂလိပ်စာတတ်ဖို့ မမျှော်လင့်ပါနဲ့။ ဂျပန်စာ အချို့ကိုသာ လေ့လာရန် ကြိုးစားပါ။
(၁၁) စူပါမားကတ်တွေမှာ လတ်ဆတ်တဲ့ ထုတ်ကုန်တွေကို လက်ဖြင့် ထိုးခြင်း ညှစ်ခြင်းများ မပြုလုပ်ပါနဲ့။အကောင်းဆုံးတွေကိုသာ ထုတ်ပိုးရောင်းချတယ် ဆိုတာကို ယုံလိုက်ပါ။
(၁၂) လမ်းလျှောက်နေစဉ် အတွင်း အစာစားခြင်းများ သောက်သုံးခြင်းများ မပြုလုပ်ပါနဲ့ ။
(၁၃) ငွေရှင်းကောင်တာတွင်ငွေကိုင်၏ လက်ထဲသို့ ငွေတိုက်ရိုက် မထည့်ပေးလိုက်ပါနဲ့။ ဗန်းပေါ်တွင်သာ တင်ပေးလိုက်ပါ။
(၁၄) ခြေဖလာဖြင့်သော် လည်းကောင်း အိမ်တွင်းစီး ဖိနပ်ဖြင့်လည်းကောင်း အိမ်သာထဲကို မဝင်ပါနဲ့။ အိမ်သာစီးဖိနပ်ကိုသာ အသုံးပြုပါ။
(၁၅) အပြင်မှာ မချစ်ပြပါနဲ့။ ဟိုတယ်ခန်းတွင်သာ ချစ်ကြပါ။
Unicode

𝐂𝐫𝐞𝐝𝐢𝐭 𝐓𝐨 𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐔𝐩𝐥𝐨𝐚𝐝𝐞𝐫
Be the first to comment on "ဂျပန်နိုင်ငံတွင် နေထိုင်သူတိုင်း မလုပ်သင့်သော အချက် (၁၅) ချက်…"