နိုင်ငံတော် အတိုင်ပင်ခံ ၏ အကျဉ်းစံဘဝ

ဒီမိုကရေစီ အရေး လှုပ်ရှားမှု များတွင် ကမ္ဘာပေါ်၌ အထင်ရှားဆုံး နှင့် အယူဝါဒ ရေးရာ အငြင်းပွားဖွယ် ဖြစ်ရသော ပုဂ္ဂိုလ်များထဲတွင် တဦးအပါအဝင် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် စစ်အာဏာသိမ်း အဖွဲ့၏ အကျဉ်းသား ဖြစ်ခဲ့ရသည်မှာ ၂၁ လ တိုင်ခဲ့ပြီ ဖြစ်သည်။

ငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်သည် မည်သူ တဦးတယောက်နှင့်မျှလည်း တွေ့ခွင့်မရသည့်အပြင် ဖုန်းဖြင့် စကားပြောခွင့်ပင် မပေးခဲ့ပေ။ မည်သည့်စာကိုမျှလည်း ဖတ်ခွင့်မရ၊ ၎င်းတို့၏ သတင်းစာကိုပင် ဖတ်ခွင့်မပေးခဲ့ကြပေ။ (သာမန် အကျဉ်းသား တဦး၏ အခွင့်အရေးမျိုး မရရှာသည်ကို ရည်ညွှန်းခြင်း ဖြစ်သည်)

အခြေအနေက တဖြည်းဖြည်း နှင့် ဒေါ်အောင်ဆန်းစုကြည်သည် တသက်တကျွန်း ပြစ်ဒဏ်ကျခံနေရသလို ဖြစ်လာနေသည်။

အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင် သည် ၎င်း၏ ခေါင်းထဲတွင် တွေးမိသမျှ ကိုဗစ် စည်းမျဉ်း ဖောက်ဖျက်မှုမှသည် လဒ် စားသည် သည်အထိ မျိုးစုံ စွပ်စွဲကာ ပြစ်ဒဏ် များ ဆက်တိုက် စီရင်လာခဲသည်မှာ ပြစ်မှုပေါင်း ၁၄ မှု နှင့် ထောင်ဒဏ် ၂၆ နှစ်အထိ ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် အပတ်က နောက်ထပ် ဆယ်နှစ် အထိ ထပ်ပေါင်းနိုင်သေးသည့် လဒ်စားမှု ငါးမှု ကို ရင်ဆိုင်နေရပြန်သည်။

ရာဇဝင် တွင်ကျန်ရစ်မည့် သူမ၏ နိုင်ငံရေး လားရာကို အပြီးအပိုင် အဆုံးသတ်သွား‌စေရန် အာဏာသိမ်း အဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံခဲ့ရ၍ မျှော်လင့်မထားသော ကံကြမ္မာ အလှည့် အပြောင်းနှင့် ကြုံခဲ့ရခြင်းလည်း ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံသည် ယခုအခါ အသက် ၇၇ နှစ် ရှိလာပြီ ဖြစ်၍ နိုင်ငံရေး တွင် တက်ကြွစွာ လှုပ်ရှားလာနိုင်မည့် အခွင့်အလမ်း နည်းလာသည့်အပြင် စစ်တပ်သည်လည်း အလျော့ပေး လိုက်လျောပြီး ဒီမိုကရေစီ ပြန်လည် ကျင့်သုံးမည့် အရိပ်အယောင်လည်း မတွေ့ရသေးပေ။

အကယ်၍ သူမ လွတ်မြောက်လာခဲ့လျှင်ပင် ဒီမိုကရေစီ အင်အားစုများသည် သူမ ၏ နည်းလမ်း ဖြစ်သော အကြမ်းမဖက် ဆန့်ကျင်ရေး နှင့် နိုင်ငံရေးအရ နေရာပေးရမည် ဆိုသည်တို့ကို ထားရစ်ခဲ့ကြတော့မည် ဖြစ်သည်။ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် လက်နက်ကိုင် ခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေကြရပြီ ဖြစ်သည်။ ထိုအရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေရာ ပျောက်ဆုံးခဲ့ပြီဟု ပြည်တွင်းရှိ လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

ဖြစ်နိုင်ခြေ အရှိဆုံးက တရားဝင်ရာထူး ရယူခြင်းမျိုး မလုပ်ပဲ နိုင်ငံ၏ ဦးစီးဦးဆောင် အဖြစ် အကြံညဏ် ‌ပေးခြင်းမျိုးဖြင့်သာ ရပ်တည်သွားဖွယ်ရှိသည်။

ယခုအချိန်အထိ နိုင်ငံတော် အတိုင်ပင်ခံသည် နိုင်ငံတွင်း ဖြစ်ပျက်နေမှုများကို ခပ်ရေးရေးသာ သိနေသည့် အနေအထားတွင် ရှိသည်။ ထိုအထဲတွင် သူမ၏ လုပ်ဖေါ်ကိုင်ဖက်များက အမျိုးသား ညီညွတ်ရေး အစိုးရ စင်ပြိုင်ထောင်လာသည် နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာမှ စစ်တပ်သည် ရပ်ထဲ ရွာထဲထိ ဝင်ရောက် အကြမ်းဖက်လာသဖြင့် လက်နက်ကိုင် ခုခံတွန်းလှန်စစ် ဆင်နွှဲလာရသည့် အကြောင်းများ ပါဝင်သည်။

သူ့အဖို့ စိတ်မလျော့ပဲ မျှော်လင့်ချက် ထားနေဆဲ ဖြစ်သည်ဟု သူမ၏ အခြေအနေကို သိခွင့်ရခဲ့သူ တဦးက ပြောပြခဲ့သည်။

စစ်တပ် မှ ပေးထားသော တီဗီ တလုံးနှင့် MRTV နှင့် မြဝတီကို ကြည့်ခွင့်ရသော်လည်း သူမ၏ အချိန်များကို တရားဘာဝနာ အားထုတ်ခြင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့သည်ဟု သိရသည်။

ထိုအချိန်တွင်တော့ မြန်မာပြည်ကြီးသည် ဗြောင်းဆန်နေပြီ ဖြစ်သည်။ လေးခွများ၊ ဓါတ်ဆီ ဗုံးများမှသည် လက်လုပ်တူမီးသေနတ်များ ကိုင်ကာ ပြည်သူတို့သည် စစ်တပ်ကို ခုခံကာကွယ်နေရာမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ သင်တန်းတက်ပြီး ပျောက်ကြား တော်လှန်ရေးကို ဆင်နွှဲလာခဲ့ကြသည်။ ယင်းနှင့်အတူ ပေါက်ဖွားလာသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် စစ်တပ်၏ တနိုင်ငံလုံး ထိန်းချုပ်ရန် ကြိုးစားမှု ကို ပျက်ပြားအောင် ပြုလုပ်နိုင်ခဲ့ကြသည်။

အမျိုးသား ညီညွတ်ရေး အစိုးရသည် နိုင်ငံကို တရားဝင် ဦးဆောင်နိုင်မှု ရှိသူများ ဟု ဆိုကာ PDF များကို ထောက်ခံမှုပေးပြီး တစည်းတလုံးထဲ ဖြစ်ရန် စည်းရုံးလာခဲ့သည်။ သို့သော်လည်း ၎င်းတို့အထဲမှ မည်သူတဦးတ‌ ယောက်မျှ ပြည်သူများ အပေါ် ဒေါ်အောင်ဆန်းစုကြည်လောက် ဩဇာညောင်းနိုင်စွမ်း မရှိကြပေ။

သူမလို လူမျိုး တဦးတ‌လေ မရှိဘဲနှင့် အားလုံး လက်ခံနိုင်မည့် ခေါင်းဆောင်မှုမျိုး ပေးနိုင်ဖို့ ခဲယဉ်းသည်ဟု ဝါရှင်တန်ရှိ Stimson Center မှ တရုတ်နှင့် အရှေ့အာရှ ရေးရာ သုတေသီ ယွန်ဆန်း က ဆိုသည်။ ထို့အတွက် မြန်မာ အတိုက်အခံ အင်အားစုများသည် ကျယ်ကျယ်ပြန်ပြန် ဖွဲ့စည်းနိင်သော်လည်း ပေါင်းစည်းနိုင်ရေးတွင် အားနည်းခဲ့ရသည်ဟုလည်း ဆိုသည်။

စစ်အာဏာသိမ်း အဖွဲ့သည် လာမည့်နှစ် ဩဂုတ်လ အတွင်း ‌ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု ကတိပေးလာခဲ့သော်လည်း အမေရိကန် နှင့် ကုလ အရာရှိများက ၎င်းတို့ အာဏာသိမ်းမှုကို တရားဝင်စေရန် ပြုလုပ်မည့် အတုအယောင် ဟန်ပြ ရွေးကောက်ပွဲမျိုးသာ ဖြစ်သည်ဟု ပယ်ချခဲ့ကြပြီး ဖြစ်သည်။ အတိုက်အခံ အင်အားစုများ အားလုံးသည်လည်း ထို ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ရှိပြီး ထွက်ပေါ်လာသော ရလဒ်ကိုလည်း လျစ်လျုရှုထားကြမည်သာ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှု တွင် အရေးကြီးဆုံး ‌အပြောင်းအလဲကြီး တရပ် အဖြစ် ရှုမြင်ခံခဲ့ရသည် က ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များ အတွင်း စစ်တပ်မှ ရိုဟင်ဂျာ များ အား စတင်သတ်ဖြတ်လာခဲ့စဉ်တွင်ပင် ဖြစ်သည်။ အမေရိကန်မှ လူမျိုးတုံး သတ်ဖြတ်မှုကြီး အဖြစ် ဆုံးဖြတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ရပ်တန့်စေခြင်း၊ ရှုတ်ချခြင်းမျိုး မလုပ်ခဲ့ပေ။ ထို့နောက်ပိုင်းတွင်တော့ အနောက်တိုင်း အစိုးရများ နှင့် လူ့အခွင့်အရေး အဖွဲ့များက သူမအား ဖာသိဖာသာ ဆက်ဆံခဲ့ကြသည်။

ပြည်တွင်းတွင်တော့ သူမအား လူထု ၏ ထောက်ခံမှုသည် ဆက်လက် မြင့်မားလာနေ၍ စစ်တပ်အဖို ၎င်းတို့ အကျိုးစီးပွားကို ဆက်လက်ခြိမ်းခြောက်နေဆဲဟု ယူဆလာသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ်မှ ကျောထောက်နောက်ခံ ပေးထားသည့် ပြိုင်ဖက် ပါတီများအပေါ် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ယခင် ကထက် ပင် မဲများ ပို၍ ရရှိခဲ့သည်၊ ‌ရွေးကောက်ခံ ကိုယ်စားလှယ်များ ကျမ်းသစ္စာ မကျိန်ဆိုလေးမီမှာပင် စစ်တပ်၏ အာဏာသိမ်းခြင်းကို ခံခဲ့ရသည်။

ပြည်သူများက သူမ၏ အနစ်နာခံ ခဲ့မှုများ အတွက် လေးစားကြည်ညိုပြီး ချစ်ခင်နေကြဆဲ ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ မှ သုတေသီ မန်နီ မောင်က ဆိုသည်။

(၂၀၂၂ အောက်တိုဘာ ၃၀ ရက် နေ့ထုတ် Wall Street journal ပါ Feliz Solomon ၏ “Aung San Suu Kyi’s Life in Myanmar Prison: No Visitors, Calls or News ဆောင်းပါးရှည်ကြီးမှ ကောက်နှုတ် တင်ပြသည်။)

Hla Soewai

Unicode

Be the first to comment on "နိုင်ငံတော် အတိုင်ပင်ခံ ၏ အကျဉ်းစံဘဝ"

Leave a comment

Your email address will not be published.

*