ထောင်ဒဏ် (၁၇၃) နှစ်နဲ့ မြန်မာပြည်ရဲ့ ထောင်ဒဏ်အများဆုံးမှတ်တမ်းဝင်သွားတဲ့ ဦးဝင်းမြင့်လှိုင်

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်ကို စကစက စုစုပေါင်းထောင် ၁၇၃ နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အသက် ၅၂ နှစ်အရွယ် ဦးဝင်းမြင့်လှိုင်ကို မကွေးတိုင်းခရိုင်တရားရုံးက အောက်တိုဘာလ ၃၁ ရက်နေ့မှာ အကြ-မ်းဖ-က်မှုတို-က်ဖျက်ရေး ဥပဒေပုဒ်မ ရှစ်ခုနဲ့ ထောင် ၁၄၈ နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။ အရင်အမိန့်ချပြီး ထောင်ဒ-ဏ် ၂၅ နှစ်ရှိတာကြောင့် စုစုပေါင်း ထောင်ဒ-ဏ် ၁၇၃ နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ စကစဟာ ဦးဝင်းမြင့်လှိုင်ကို တရားစွဲဆိုရာမှာ ထောင်ထဲရောက်ပြီးမှ အပြင်မှာဖြစ်နေတဲ့ကိစ္စတွေကိုပါ ထည့်သွင်းစွဲဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့မှာ မကွေးခရိုင်တရားရုံးက ခုံရုံးသုံးခုမှာ ဦးဝင်းမြင့်လှိုင်ကို အကြ-မ်းဖ-က်မှု တို-က်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ) နဲ့အမှု ရှစ်ခုအတွက် ထောင် ၄၈ နှစ်၊ ပုဒ်မ ၅၄ အမှု လေးမှုအတွက် ထောင် အနှစ် ၈၀၊ ပုဒ်မ ၅၀ (က) အတွက် ထောင် ၁၅ နှစ်၊ ပုဒ်မ ၅၂ (က) အတွက် ထောင်ဒဏ်ငါးနှစ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်က ဦးဝင်းမြင့်လှိုင်ဟာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ – က အပါအဝင် အမှုငါးမှုနဲ့ထောင် ၂၅ နှစ်ချမှတ်ခံထားရပါတယ်။

ဦးဝင်းမြင့်လှိုင်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ အဝင်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။သူ့ရဲ့မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်က နေအိမ်ကိုလည်း ဖမ်းဆီးခံရပြီး နောက်တစ်နေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာပဲ စကစတပ်သားတွေက လာရောက်ချိပ်ပိတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စ-စ်ကြောရေးကနေတစ်ဆင့် မကွေးတိုင်း၊ ဒေါင်းနေထောင်မှာ ဆက်လက်ဖ-မ်းဆီးထားပြီး အမှုပေါင်း ၁၃ မှုနဲ့ တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ စုစုပေါင်း ထောင်ဒဏ် (၁၇၃) နှစ် ချမှတ်ခံရတာကြောင့် မြန်မာ့သမိုင်းမှာ ထောင်ဒဏ် အများဆုံး ချမှတ်ခံရတဲ့ မှတ်တမ်း ဝင်သွားခဲ့တာ ဖြစ်ပါတယ်။

Unicode

Credit

Be the first to comment on "ထောင်ဒဏ် (၁၇၃) နှစ်နဲ့ မြန်မာပြည်ရဲ့ ထောင်ဒဏ်အများဆုံးမှတ်တမ်းဝင်သွားတဲ့ ဦးဝင်းမြင့်လှိုင်"

Leave a comment

Your email address will not be published.

*