ထမိန်သူခိုးတော့ P ထွက်ပြီ . ..

အိမ္မဲ ပိုးေတြ႕လူနာေဆာင္မွ ထမိန္မ်ားခိုးယူခံရ

နိုဝင္ဘာ ၁၇ ရက္ေန႔ ညေန ၆နာရီခြဲ အခ်ိန္ခန္႔က ဧရာဝတီတိုင္းေဒသႀကီး၊ အိမ္မဲၿမိဳ့၊ ကိုဗစ္ပိုးေတြ႕လူနာမ်ား ထားရွိရာ ယာယီေဆး႐ုံ၊ အမ်ိဳးသမီး ေရခ်ိဳးခန္း သန္႔စင္ခန္းေရွ႕တြင္ လွန္းထားေသာ ေရလဲ ထမိန္ ၂ ထည္ကို အမ်ိဳးသမီးႏွစ္ဦး လာေရာက္ ခိုးယူမွုျဖစ္ပြားခဲ့ေၾကာင္း CCTV မွတ္တမ္းမ်ားအရသိရသည္။

ခိုးယူသြားသူမ်ားသည္ Mask တပ္ထားေသာ္လည္း ၄င္းတို့ခိုးယူခဲ့ေသာ ထမိန္မ်ားသည္ ပိုးေတြ႕လူနာမ်ား၏ ထမိန္မ်ား ျဖစ္ေသာေၾကာင့္ နီးစပ္ရာ Quarantine စင္တာမ်ားသို့ အျမန္ဆုံးသြားေရာက္ၾကရန္ တာဝန္ရွိသူမ်ားက ပန္ၾကားထားပါသည္။

Photo – Ye Myint Thu

———-

အိမ်မဲ ပိုးတွေ့လူနာဆောင်မှ ထမိန်များခိုးယူခံရ

နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၆နာရီခွဲ အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့၊ ကိုဗစ်ပိုးတွေ့လူနာများ ထားရှိရာ ယာယီဆေးရုံ၊ အမျိုးသမီး ရေချိုးခန်း သန့်စင်ခန်းရှေ့တွင် လှန်းထားသော ရေလဲ ထမိန် ၂ ထည်ကို အမျိုးသမီးနှစ်ဦး လာရောက် ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း CCTV မှတ်တမ်းများအရသိရသည်။

ခိုးယူသွားသူများသည် Mask တပ်ထားသော်လည်း ၎င်းတို့ခိုးယူခဲ့သော ထမိန်များသည် ပိုးတွေ့လူနာများ၏ ထမိန်များ ဖြစ်သောကြောင့် နီးစပ်ရာ Quarantine စင်တာများသို့ အမြန်ဆုံးသွားရောက်ကြရန် တာဝန်ရှိသူများက ပန်ကြားထားပါသည်။

Photo – Ye Myint Thu

Be the first to comment on "ထမိန်သူခိုးတော့ P ထွက်ပြီ . .."

Leave a comment

Your email address will not be published.


*