ဉာဏ်စွမ်းပြိုင်ပွဲမှာ ရတဲ့ ဆုကြေးကို အပြည့်မပေးတဲ့ နာမည်ကြီး ရုပ်သံလိုင်းအကြောင်း ဖွင့်ချလိုက်ပြီ

အရင်ကတော့ မပြောတော့ဘူးနေမလို့ပါပဲ ရုပ်ပေါက်လွန်းလို့ပါ အခုဟာက။ ကျွန်တော် quest to million ပြိုင်တာ ၃ လပိုင်းကစပြိုင်တယ်။ ပထမအကြိမ် အနိုင်နဲ့ ရိုက်ကူးရေးခဏနားတယ်။ ၄ လပိုင်း ရိုက်ကူးရေး မရှိဘူးနားတယ်။ ၅ လပိုင်းဆက်ပြိုင်တယ်။ ဆုကြေးငွေ ၁၄ သိန်းရတယ်။

ရတဲ့ဆုငွေကို အကြေမပေးပဲ ၄ သိန်းပဲပေးပြီး ၁၀ သိန်းချန်ထားတယ်။ တီဗီမှာ on air လွှင့်မှ ပေးမယ်တဲ့။ ဟုတ်ပြီ စောင့်ပေးတယ်။ ကျွန်တော်ပါတဲ့အပိုင်း ဖေ့ဘုတ်ပေ့မှာတင်သလို တီဗီ on air မှာပါ နည်းနည်းစလွှင့်ပြီးနေမှ ဟိုးဟိုးအရင်က အစီအစဉ်ကနေစပြီးပြန်လွှင့်တယ်။ ပိုက်ဆံလဲ အခုထိ ၁၀ သိန်းမပေးသေးဘူး။

လုပ်ငန်းအကြီးကြီး လုပ်ပြီး ငွေလေး ၁၀ သိန်းတောင် မပေးနိုင်ဘူးလား။ ဘတ်ဂျက် မရှိပဲ ဘာလို့ ရိုက်ကူးရေးလုပ်တာလဲ။ ကျွန်တော်က သူတို့ငှားလို့ သွားရိုက်တဲ့သူလဲမဟုတ်။ ပြိုင်ပွဲဝင်ဖောင် ကနေတဆင့် အဆင့်ဆင့် ပြိုင်ရတာကို အခုထိ ဆုကြေးငွေ အကြေမပေးပဲ ချန်ထားတယ်။

မက်ဆင်ဂျာ ကနေ တောင်းရတာ တောင်းရတဲ့သူတောင် ရှက်လာပြီ။ သူတို့ ချန်နယ်က မလွှင့်တော့ပဲ ချန်နယ်နိုင်း ကနေလွှင့်မှာမို့ စောင့်ပါတို့ဘာတို့ ပြောပြီး အခုထိမပေးသေးဘူး။ ဖုန်းဆက်တော့ ဟိုလူကိုင်တာ သည်လူကိုင်တာနဲ့ ရုံးဖုန်းပေးတာဆိုတာတောင် မပေးဘူး။ ရုံးကိုလာခဲ့ပြီးပြောကြည့်ပေးမယ်တဲ့။ စိတ်ပျက်စရာပဲ အလုပ်လုပ်ပုံတွေက။

မက်ဆင်ဂျာကလဲ သူတို့က ရီပလိုင်းလဲ မပြန်ဘူး။ တကယ်ဆို ၁၀ သိန်းဆိုတာ ကြော်ငြာတစ်ခုစာတောင်မရှိဘူး။ ပိုက်ဆံချေးပြီး အကြွေးတောင်းနေရသိလိုပဲ။ ထီပေါက်ပြီး လက်မှတ်ပျောက်နေသူလိုပဲ။ ကိုယ့်အရည်အချင်းနဲ့ရတာတောင် မပေးသေးဘူးဆိုတော့။ (ကျော်စွမ်းရည်)

Unicode

Credit

Be the first to comment on "ဉာဏ်စွမ်းပြိုင်ပွဲမှာ ရတဲ့ ဆုကြေးကို အပြည့်မပေးတဲ့ နာမည်ကြီး ရုပ်သံလိုင်းအကြောင်း ဖွင့်ချလိုက်ပြီ"

Leave a comment

Your email address will not be published.

*