နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု စစ်တပ်က ထိန်းချုပ် တင်းကျပ်ထားမှုကြောင့် ပတ်စ်ပို့စ်ရရန် ငွေကျပ် ၄ သိန်းမှ ၆ သိန်း အထိလာဘ်ထိုးနေရ၊ Passport ရုံးတာဝန်ကျ ရဲ၊ လဝကနှင့် ဝန်ထမ်းများ လက်ဖျားငွေသီးနေ

အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ ပြည်ပထွက်ခွာမှုများ စိစစ်တားဆီးရေးနဲ့ ပြည်တွင်း လုပ်သားရှားမှု မဖြစ်ရေး ဆိုတဲ့ ပြောဆိုချက် အောက်မှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုတွေကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဌာနက ရည်ရွယ်ချက်ရှိရှိ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ပါတယ်။ နေ့စဉ် ရာချီတဲ့ လူအုပ်ကြီးဟာ ရန်ကင်းမြို့နယ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့မှာ နံနက် ၆ နာရီလောက်ကတည်းက တန်းစီနေကြတာက နေ့စဉ် မရိုးနိုင်တဲ့ မြင်ကွင်းဖြစ်ပါတယ်။

NLD အစိုးရခေတ်က နိုင်ငံကူးလက်မှတ်လုပ်ရင် ငွေကျပ် ၃ သောင်းလောက်နဲ့ မြန်မြန်ဆန်ဆန်ရနိုင်၊ ကုန်ကျနိုင်ပေမယ့် အခုအကြမ်းဖက် စစ်ကောင်စီ လက်အောက်မှာတော့ နိုင်ငံကူးလက်မှတ်ရဖို့ ငွေကျပ် ၄ သိန်း ကနေ ၆ သိန်းအထိ ပွဲစားခ၊ ရဲကြေးပေးပြီး လုပ်နေရပါတယ်။ ငွေပေးနိုင်ရင်တောင်မှ နိုင်ငံကူးလက်မှတ် ရ၊ မရ မသေချာတော့တဲ့ ခေတ်ကို ရောက်ရှိနေပါတယ်။ နိုင်ငံကူးလက်မှတ် ရရှိရေး လျှောက်ထားရာမှာလည်း ခက်ခဲအောင် အဆင့်ဆင့် ထပ်မံ တင်းကျပ်ထားပြီး အဆင့်တွေလည်း ထပ်တိုးထားပါတယ်။ QR Code လျှောက်ထားမှုမှာတင် နိုင်ငံကူးလက်မှတ်ရရှိရေး ခက်ခဲအောင် လုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ်အတွက် ပထမအဆင့် QR Code

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ လူမအုံအောင်ဆိုပြီး နိုင်ငံကူးလက်မှတ် လုပ်မယ့်သူတွေဟာ အရင်ဆုံး အွန်လိုင်း Booking တင်ခိုင်းပါတယ်။ အကြမ်းဖက်စစ်ကောင်စီက လုပ်ထားတဲ့ Website ဖြစ်တဲ့ passport.gov.mm မှာ နေ့စဉ် ရုံးဖွင့်ရက် နံနက် ၉ နာရီဆိုရင် QR Code ရယူရပါတယ်။ အဲဒီမှာ ဘယ်နေ့ ဘယ်ရက် ရုံးလာလုပ်ရမယ်ဆိုတာမျိုး ဘိုကင်ရရှိပါတယ်။ ဒါပေမယ့်လည်း QR Code ကို အဲဒီ Website ကနေ ဘယ်လောက်ပဲ ဝီရိယထားပြီး လျှောက်ထားပါစေ မရနိုင်ပါဘူး။

ရုံးထဲက ရဲ၊ လဝက နဲ့ဝန်ထမ်းတွေနဲ့ ချိတ်ဆက်ငွေပေးပြီး လျှောက်ထား လုပ်ဆောင်မှသာ ဘိုကင် QR CODE ရရှိပါတယ်။ QR Code ရဖို့ကလည်း အနည်းဆုံး ၅ သောင်းကနေ ၁ သိန်းခွဲအထိ ကိုယ်အလျှင်လိုရင် လိုသလို နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးကို လာဘ်ပေးရပါတယ်။ ကိုယ့်ဟာကိုယ် အပြင်ကနေ ပွဲစားနဲ့ လျှောက်လို့ရတဲ့ QR Code ဘိုကင်တွေကို အတုတွေဆိုပြီး ရဲနဲ့ ရုံး တာဝန်ကျ ဝန်ထမ်းတွေက စွပ်စွဲ မောင်းထုတ်တာတွေလည်း အများအပြားရှိပါတယ်။ “အခုပတ်စပို့စ် လုပ်တာ အပြင်မှာဈေးတွေက ၄ သိန်းကနေ ၆ သိန်းကျော်တွေအထိ ဈေးတွေပေါက်နေတယ်။ ပထမအဆင့် QR CODE မှာတင် ရုံးနဲ့ ပတ်သက် ဆက်စပ်တဲ့ ပွဲစားတွေကမှ passport booking QR CODE အလွယ်တကူ လျှောက်ပေးနိုင်တယ်။ သူတို့နဲ့ချိတ်ဆက်မှ အလွယ်တကူရပြီး ဈေးကြီးကြီးနဲ့ရောင်းချနေပါတယ်။

QR တစ်စောင်ဆို ၁ သိန်း ၂ သောင်း ပေးရပါတယ်။ အွန်လိုင်းပေါ်က အခမဲ့တင်လို့ရတဲ့စနစ်လို့ ပြောထားပေမယ့် Website ကို အလွယ် တကူတင်မရအောင်နည်းမျိုးစုံနဲ့ လုပ်ထားတယ်။ ရုံးပိုင်းဆိုင်ရာတွေက Website ကို ထိန်းချုပ်ပြီး ရုံးပိုင်းဆိုင် ရာလူတချို့နှင့် ပွဲစားတချို့ပူးပေါင်းလုပ်စားနေကြပါတယ်။ Passport.gov.mm မှာ နံနက် ၉နာရီဆိုတာနဲ့ ဘိုကင်ဝင်တင်လို့မရအောင် ခက်ခဲအောင်လုပ်ထားတယ်။ ဘိုကင်လက်ခံတာကလည်း ၁၅ မိနစ်ပဲ လက်ခံတာ။ ၁၅ မိနစ်ကျော်ရင် ဝင်မရတော့ပြန်ဘူး ။

တချို့ဆိုရင် နိုင်ငံကူးလက်မှတ်လုပ်ဖို့ ဘိုကင်တင်တာတင် ၃ လ၊ ၄ လလောက် စောင့် နေရတယ်။ ကိုယ်တိုင် ဘိုကင် QR တင်လို့အောင်သွားရင်လည်း ရုံးပေါက် မှာစစ်တဲ့ ရဲခွေးတွေက QR CODE အတုတွေဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းမောင်းထုတ်ပါတယ်” ဟု ပြည်သူတစ်ဦးက ပြောသည်။ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်း QR CODE ရပြီဆိုတာတဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း စစ်ဆေးခံရတဲ့အဆင့်ကို သွားပါတယ်။ အဲဒီမှာလည်း မှတ် ပုံတင်က မထင်လို့ ၊ နံပါတ်ပျက်နေလို့ ၊ သန်းခေါင်စာရင်းက ဟောင်းပြီး မထင်ရှားလို့၊ လူမျိုးခြား သွေးနှော ဖြစ်လို့ စတဲ့ အကြောင်း ပြချက်မျိုးစုံနဲ့ ငြင်းပယ်ကြပါတယ်။ အဲဒီအဆင့်မှာ အောင်မြင်ဖို့ကလည်း အလွန်ခက်ခဲပြီး လဝကနဲ့ချိတ်ဆက် ငွေကြေးပေးထားရင်တော့ အလွယ်တကူ ဖြတ်ကျော်လို့ရပါတယ်။

စစ်ကောင်စီရဲ့ တံခါးပိတ်မူဝါဒကြောင့် ဌာနဝန်ထမ်းတွေအတွက် လုပ်စားဂွင်

နိုင်ငံကူးလက်မှတ်လာလျှောက်သူတွေမှာ CDM တွေ မပါဖို့၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ မပါဖို့ ၊ ဝရမ်းထုတ်ထားသူတွေ ၊ နိုင်ငံရေးနဲ့ပတ်သက်သူတွေ မဖြစ်ဖို့စတဲ့ ထိန်းချုပ်မှုများစွာ လုပ်ဖို့ စစ်တပ်က ညွှန်ကြားထားတာကြောင့် အဲဒီထိန်းချုပ်မှုတွေဟာ ရဲ၊ လဝကနဲ့ ဌာနပေါင်းစုံ ဝန်ထမ်းတွေ လုပ်စားဂွင်တွေဖြစ်လာပါတယ်။ နိုင်ငံသားတွေအားလုံးအပေါ် စစ်တပ်က စေတနာမရှိတာမို့ ထိန်းချုပ်ရေး၊ ခက်ခဲရေး ကြိုးနီစနစ်နဲ့ ဗျူရိုကရေစီ ယန္တရားကိုသာ အကောင်အထည်ဖော်နေတာလည်း ဖြစ်ပါတယ်။

မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတဲ့အတိုင်း စစ်ခေါင်းဆောင်ပိုင်းက စေတနာမရှိ ခက်ခဲအောင်လုပ်ထားတဲ့အခါ အောက်ခြေဌာနဝန်ထမ်းတွေအားလုံးအတွက် လာဘ်ပေးလာဘ်ယူ အကြီးအကျယ်လုပ်နိုင်တဲ့ ပွဲတော်ကြီးဖြစ်လာပါတယ်။ နိုင်ငံကူးလက်မှတ်ရုံးမှာ တာဝန်ကျ အပေါက်စောင့် ရဲတပ်သားအဆင့် ဝန်ထမ်းတောင် သိန်း ၃၀၀ အထက်ပေးရတဲ့ ကားကောင်းတွေ စီးနိုင်ကြပါတယ်။ အောင်သပြေရဲဝင်း လိုင်းခန်းတွေမှာ မထင်မရှား နေရပေမယ့် နိုင်ငံကူးလက် မှတ် ရုံးမှာ လုပ်ကိုင်နေကြတဲ့ ရဲဝန်ထမ်းတွေအားလုံး သူ့နည်းသူ့ဟန်နဲ့ ထိတ်ထိတ်ကျဲ ချမ်းသာကြသူတွေပါပဲ။

အနေစုတ်ကြပေမယ့် ရွှေထုပ်တဲ့ မြပဝါ ဆိုလောက်အောင် လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ငွေကြေးချမ်းသာနေကြပါတယ်။ အလားတူပါပဲ လဝက ဝန်ထမ်းတွေဆိုရင်လည်း နိုင်ငံကူးလက်မှတ်ရုံးမှာ တာဝန်ကျတာနဲ့ သူတို့အ တွက် မဟာအခွင့် အရေးကြီးရသလိုပါပဲ။ နည်းလမ်းမျိုးစုံနဲ့ လာဘ်ပေးလာဘ်ယူလုပ်ကြတာမို့ နိုင်ငံကူးလက်မှတ်ရုံး တာဝန်ကျ ဝန် ထမ်းတွေအားလုံးဟာ ထမင်းချိုင့်မဆွဲဘဲ စားသောက်ဆိုင်တွေက အကောင်းဆုံး မနက်စာ၊ နေ့လယ်စာ မှာယူစားသောက်နိုင်ကြပါတယ်။ ပြည်ပထွက်ခွာဖို့ ပတ်စ်ပို့စ်ရုံးကြီးမှာ ပြည်သူတွေ ကြိတ်ကြိတ်တိုး နေတာနဲ့အမျှ စစ်ကောင်စီလက် အောက်ခံ နိုင်ငံကူးလက်မှတ်ရုံးတာဝန်ကျ ဝန်ထမ်းတွေအတွက် ဝင်ငွေတွေကလည်း သောက် သောက်လဲ လက်ဖျားငွေသီးနေဆဲဖြစ်ပါတယ်။

crd- ရန်ကုန်ခေတ်သစ်

Unicode

Be the first to comment on "နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု စစ်တပ်က ထိန်းချုပ် တင်းကျပ်ထားမှုကြောင့် ပတ်စ်ပို့စ်ရရန် ငွေကျပ် ၄ သိန်းမှ ၆ သိန်း အထိလာဘ်ထိုးနေရ၊ Passport ရုံးတာဝန်ကျ ရဲ၊ လဝကနှင့် ဝန်ထမ်းများ လက်ဖျားငွေသီးနေ"

Leave a comment

Your email address will not be published.

*