စစ်အာဏာသိမ်းအဖွဲ့အား ချောဆီ ထည့်ဖို့ပြင်နေတဲ့ အင်ဒိုနီးရှား

ဂျကာတာ တွင် မြန်မာ အရေး အား ရှေ့လျှောက် မည်သို့မည်ပုံ ကိုင်တွယ်ရန် ထိပ်သီး ဆွေးနွေးပွဲ မတိုင်မီ နိုင်ငံခြားရေး ဝန်ကြီးများ၏ အကြို ညှိနှိုင်းဆွေးနွေးပွဲတွင် ယခင်အတိုင်းပင် ၎င်းတို့ အခေါ် ငြိမ်းချမ်းရေး သဘောတူညီချက် မူကြီး ငါးရပ် ကို ဆက်လက် ကိုင်စွဲသွားမည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

တက်ရောက်လာကြသည့် နိုင်ငံများမှ အခြေအနေ အပေါ် လွန်စွာ စိတ်ပျက်မိကြောင်း အသီးသီး ပြောဆိုသွား ကြသည်မှ အပ မည်သို့မျှ ထူးခြားမှု ရှိမလာခဲ့ပေ။ ထုံးစံအတိုင်း မြန်မာ ပြဿနာသည် ခက်ခဲ နက်နဲ ပြီး လွန်စွာ ရှုပ်ထွေးနေရကြောင်းများကိုသာ ငြီးညူ ပြောဆိုသွားခဲ့ကြသည်။ သို့သော် အဖွဲ့ကြီး အနေဖြင့် ယခင်ကထက် ပို၍ မဖြစ်ဖြစ်အောင် အကောင်အထည် ဖေါ်နိုင်ရေး ကြိုးပမ်းရန် သန္နိဋ္ဌာန် ခိုင်မာလာသည်ဟုတော့ ဆိုသည်။

သို့ဆိုက အဘယ်အတွက်ကြောင့် အချိန်ကုန် လူပမ်း ခံပြီး လာရောက်တွေ့ဆုံနေကြပေသနည်းဟု မေးခွန်းထုတ် စရာ ဖြစ်လာရသည်။

နောက်နှစ်တွင် ဥက္ကဌ ဖြစ်လာမည့် အင်ဒိုနီရှားကတော့ အချက်ကြီး ငါးချက် ကို မဖြစ်မနေ လိုက်နာလာအောင် ချောဆီ ထည့်သွားရန် ကြံစည်နေသည်ဟု  အစည်းအဝေး နှင့် နီးစပ်သော သတင်းများက ဆိုသည်။ အင်ဒိုနီရှား သည် အာဆီယံက အမျိုးသား ညီညွတ်ရေး အဖွဲ့ နှင့် ဆွေးနွေးရန် လည်း ရှိလာနေသည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် က ဆိုသည်။

အာရှ သားများ ၏ စိတ်နေသဘောထား collective national psyche သည် မည်သည့် အခါမျှ ထိုမျှထက် ပိုပြီး မျှော်လင့်၍ မရဟု ယူဆရမလို ဖြစ်နေသည်။ ထို့အတွက်လည်း အနောက်နိုင်ငံသားများ၏ ဗိုလ်ကျ အနိုင်ကျင့်မှု များကို ခံခဲ့ရခြင်း ဖြစ်ပေမည်။

အမေရိကန်၏ အာရှရေးရာ ထိပ်တန်း သံတမန် ဒင်နီယယ် ကရစ်တင်ဘရင့်ကမူ မြန်မာပြည်၏ အခြေ အနေ သည် “ကြေကွဲဖွယ်ရာ” ဖြစ်ကြောင်း “စစ်အာဏာသိမ်း အဖွဲ့အား ယခုထက် ပို၍ အရေးယူ ဖိအားပေး သွား မည်” ဟု ဆိုသည်။ အသေးစိတ် ပြောကြားသွားခြင်းတော့ မရှိပေ။

မြန်မာပြည်၏ အခြေအနေသည် အင်အားကြီး နိုင်ငံများ၏ တဆင့်ခံ စစ်မြေပြင် ဖြစ်ရန် စစ်အာဏာသိမ်းအဖွဲ့၏ လက်ကမ်းဖိတ်ခေါ်နေမှု တွင် အိမ်နီးချင်း နိုင်ငံများကပါ ကြံရာပါ ဖြစ်လာနေခဲ့ပြီ ဖြစ်သည်။

မြန်မာပြည်အပေါ် ကုလ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်များ စေလွှတ်သင့်ပြီး တပ်အင်အား နှင့် ကုန်ကျစရိတ် ကို အာဆီယံ နိုင်ငံများ မှ မျှ ခံ သွားမည်ဟု ပြောဆိုသင့်ပေသည်။

ထိုသို့ ဝင်ရောက်လာမည့် အရေးကို သဘောတူ မတူ မြန်မာပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် အရင်ဦးဆုံး တိုင်ပင်မှလည်း ဖြစ်ပေမည်။ မိမိတို့၏ တော်လှန်ရေး အရှိန်အဟုန်ကို ရိုက်ချိုး သလို ဖြစ်သွားမည့် အရေးကိုတော့ ပြည်သူများက လက်ခံလိုစိတ် ရှိမည် မဟုတ်ပေ။

နောက်ထပ် ထူးဆန်းဖို့ ကောင်းနေသည်မှာ ကချင် လွတ်လပ်ရေး အဖွဲ့ နှင့် တိုက်ဖေါ်တိုက်ဖက်များ ဖြစ်ကြသည့် UWSA, MNDAA နှင့် RCSS တို့မှ ထိုသို့ ဖားကန့် ဖျော်ဖြေပွဲအပေါ် စစ်အာဏာသိမ်း အဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှု အား ရေငုံနှုတ်ပိတ်နေကြဆဲဖြစ်သည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြလာခြင်းပင် ဖြစ်သည်။

လေ့လာသူ တဦးကမူ ၎င်းတို့သည် စစ်အာဏာသိမ်း အဖွဲ့ထံမှ ရနိုင်သမျှ အခွင့်အရေးများ ညှစ်ထုတ်နိုင်ရန် ဆွေးနွေးနေကြဆဲ ဖြစ်၍ စိတ် ငြိုငြင် ခံလိုပုံ မရဟု ဆိုသည်။ ခုနှစ်ဖွဲ့သည် မင်းအောင်လှိုင် ပေးကမ်းခဲ့သော ဝဏ္ဏကျော်ထင် ဘွဲ့များလည်း ရရှိထားခဲ့ကြပြီး ဖြစ်သည်။

ယခုအချိန်ထိ ကေအိုင်အိုမှ တရားဝင် စာရင်း ကောက်ယူနေဆဲ ဖြစ်ပြီး လက်ရှိတွင် ၇၅ ဦး သေဆုံးသွားခဲ့ပြီ ဖြစ်သည်ဟု အတည်ပြုချက် ထွက်ပေါ်လာခဲ့သည်။ ထိုအထဲတွင် ကေအိုင်အေ အဖွဲ့မှ အရာရှိ အရာခံ ၂၈ ဦး ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။

ဖားကန့် ဒေသ တွင် လေကြောင်းမှ တိုက်ခိုက်ခံရ၍ သေဆုံးရသူများ အား မြုပ်နှံထားသည်ကို တွေ့နိုင်သည်
ကေအိုင်အေ အနေဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း မခံရမီ ဖျော်ဖြေနေပုံများကို သတင်းဓါတ်ပုံ ထုတ်ပြန်နိုင်လျှင် ကောင်းပေမည်ဟု ယူဆမိသည်။

နယ်မြေစိုးမိုးနိုင်ရေး တွင် လေကြောင်း တခုတည်း အားကိုး၍ မရမှန်းလည်း စစ်အာဏာသိမ်း အဖွဲ့က သိထားပြီး ဖြစ်သည်။ စစ်တပ်သည် လေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်နေခြင်းဖြင့် ၎င်းတို့ အား ထောက်ခံ သူများ စိတ်ဓါတ်တက်ကြွလာအောင် ပြုလုပ်နေကြရသော်လည်း မြေပြင် ထိတွေ့တိုက်ပွဲများ တွင်မူ လက်နက်ချ ထွက် ပြေးလာသူ များသထက် များပြားလာနေပြီဟု သိရသည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

Unicode

Be the first to comment on "စစ်အာဏာသိမ်းအဖွဲ့အား ချောဆီ ထည့်ဖို့ပြင်နေတဲ့ အင်ဒိုနီးရှား"

Leave a comment

Your email address will not be published.

*