ဤ2021ခုတွင် ကြာသပတေးသားသမီးတွေအနေနဲ့ နောက်ကွယ်ကနေ ကြိုးကိုင်သင့်တဲ့နှစ်တစ်ခုဖြစ်ပါ တယ်။ စီးပွားရေး အခွင့်အလမ်းသစ်များ ရရှိနိုင်ပြီး ကောင်းမွန်စွာ လုပ်ကိုင်နိုင်လျှင် အထူးအောင်မြင် မည်။ မည်သည့်ကိစ္စမဆို လျှို့ဝှက်စွာလုပ်သင့်တဲ့ နှစ်တစ်ခုပါပဲ။ ဟောင်ဖွာ ဟောင်ဖွာနဲ့ မိမိလုပ်မယ့်ဟာ လျှောက်ပြော နေရင် သူများက ကိုယ့်ထက်ဦးအောင်လုပ်သွားတတ်ပါတယ်။
မိတ်ဆွေ ရင်းချာများနှင့် ပတ်သက်၍ ဝင်ငွေ ရပေါက် ရ လမ်းများ အဆင်ပြေအောင်မြင်မည်။ ဆရာကောင်း၊ သမားကောင်းများနှင့် ကြုံတွေ့ရခက်ခဲနေမည်။ နည်းပေး လမ်းပြမယ့် ဆရာသမားကောင်းလဲ အနားမှာမရှိတဲ့ နှစ်ဆိုတာမမေ့ပါနဲ့။ဝန်ထမ်း လခစားလုပ်ကိုင်ကြတဲ့ ကြာသပတေးသားသမီးတွေကတော့လိုက်လျောညီထွေစွာ လုပ်ဖေါ်ကိုင်ဖက်များနှင့် ပေါင်းသင်းနိုင်၍ ပိုမိုအောင် မြင်မည်။
ဒီနှစ်မှာ မှန်သည်ထင်ရာကို တစ်ဇွတ်ထိုးလုပ်ကိုင်တတ်သည့် အကျင့်ကို ပြုပြင်သင့်သည်။ ခရီးတိုလေးများ ပို့ဆောင်ပေးရတဲ့ ပို့ဆောင်ရေးလုပ်ငန်းများ၊Deliveryလုပ်ငန်း များလည်း လုပ်ကိုင်၍ အကျိုးရှိအဆင်ပြေမည်။ မိတ်ဆွေအကြီးအကဲတို့၏ အကြံဉာဏ်များ ရယူ၍ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်မှသာလျှင် အကျိုးထူးများ ခံစားရမည့်အချိန်ကာလဖြစ်သည်။
တစ်ခုသတိထားရမှာက ကြာသပတေးသားသမီးတွေက ဒီနှစ်အပျော်အပါးမက်နေတတ်ပါတယ်။ အရင်ကတည်းကအပျော်မက်သူတွေပိုဆိုးသွားတတ်သည်။ ငွေမသုံးဘဲ ကပ်စေးနဲသူတောင်မှ ဒီလိုနှစ်မျိုးမှာ သုံးချင်၊ဖြုန်းချင်လာတတ်သလို ဟိုဟာလေး ဝယ်ချင်၊ဒီဟာလေးဝယ်ချင်ဆိုတာမျိုးတွေ စိတ်ကဖြစ် နေတတ်ပါတယ်။တစ်ခုသတိပေးလိုတာက စေတနာမထားသင့်သူကိုထားမိခြင်းကြောင့် မိမိစေတနာက ဝေဒနာများ ဖြစ်သွားတတ်သည်။
စက်သုံးဆီ ရောင်းဝယ်ခြင်း၊ အစုရှယ်ယာလုပ်ငန်း၊ စတီးလုပ်ငန်း၊ အလျူမီနီယံလုပ်ငန်းများ ၊ သံထည် ပစ္စည်းနှင့် ဘိလပ်မြေ၊ အဆောက်အအုံလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်လျှင် အထူးအကျိုးပေးမည်။ အုတ်၊ ထုံး၊ သဲ လုပ်ငန်း၊ ဆောက်လုပ်ရေးနှင့် စာပေလုပ်ငန်းတို့ အထူးအကျိုးပေးမည်။ အရာရာရှေ့ထွက်လုပ်ဆောင်ရင် မိမိ ရည်မှန်းထားသော ကိစ္စရပ်များ ကစဉ့် ကလျား ဖြစ်သွားတတ်သည်။
မိမိကတတ်နိုင်သလောက် နောက်ကနေ အမိန့် ပေးတာမျိုးကအသင့်တော်ဆုံးနှစ်ဖြစ်ပါတယ်။မိမိပိုင်ပစ္စည်းများတစ်ပါးသူကို ငှားရမ်းခြင်းများ တတ်နိုင် သလောက် ရှောင်ကြဉ်ရမည်။ ရင်းနှီးသောသူများနှင့် မိမိအကြား အယူအဆသဘောထား မကိုက်ညီမှုများ ကြုံမည်။ အလုပ် တစ်ခု ကိုလုပ်တော့မယ်ဆိုရင် ငါပြီးဆုံးအောင်လုပ်နိုင်မလား…စပြီးရင်…အဆုံးသတ်အောင်လုပ်နိုင်မလား ချိန်ဆစေ ချင်ပါတယ်။ အဲလိုမှမဟုတ်ရင် အလုပ်တွေပြန့်ကျဲပြီး ဟိုဟာမပြီး ဒီဟာမပြီးဖြစ်တတ်ပါတယ်။
ဒီလိုနှစ်မှာ အချိန်တွေဖြုန်းနေမိတတ်တယ်။ ဂိမ်းဆော့ ၊ဗီဒီယိုကြည့်စတာတွေနဲ့ အချိန်အလွန်ကုန်နေတတ် ပါတယ်။ မိမိကိုယ်တိုင်က သက်သာသလိုနေချင်မိနေတတ်ပါတယ်။ ဒါကြောင့် အချိန်ကိုစနစ်တကျစီမံခန့်ခွဲ ဖို့အထူး မှာကြားလိုပါတယ်။မိသားစု ဘုရားဖူးခရီးများ ထွက်ရခြင်း၊ အလှူဒါန ကုသိုလ်ကောင်းမှုများလည်း အောင်မြင်ပါလိမ့် မည်။ တစ်ပါးသူ၏ အနှောက်အယှက်ကြောင့် ဥပဒေနှင့်လည်း ရင်ဆိုင်ရတတ်သည်။ လုပ်ငန်းကိစ္စများအတွက် အင်္ဂါ၊ စနေသားသမီး များနှင့် ဆောင်ရွက်ခြင်းများ အထူးဂရုစိုက်ပါ။ သောကြာ၊ တနဂ်နွေသားသမီးများနှင့် အထူး အကျိုးပေးမည်။ ဆွေမျိုးများအိမ်သို့ အလည်အပတ်သွားလာခြင်း၊ ခရီးတို၊ ခရီးရှည်များ သွားလာရတတ်သည်။
ကျန်းမာရေးနှင့် ပတ်သက်၍ အဆစ်၊ အမြစ်ကိုက်ခဲခြင်း၊ ကျီးပေါင်းရောဂါ ဝေဒနာများ ခံစားရတတ်သည်။ တစ်ခု သတိထားရမှာက Accident အသေးစားကနေ၊အကြီးစားအထိ မိမိကံအလျောက်ဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေ လုပ်နေရသူတွေအတွက်တော့ သတိထားလိုက်ပါ။စက်ပစ္စည်းတွေ ကိုင်တွယ်ရ သူ များ၊ ယာဉ်ကားယန္တရားမောင်းနှင်သူများ စက်ကားကြံ့ခိုင်ရေးကိုစစ်ဆေးပြီးမှ လုပ်ငန်းခွင်ဝင်ပါ။
ပျိုရွယ်သူများ မနာ လိုသူများ၏ ကုန်းချောစကားများကြောင့် အချစ်ရေး အထင်လွဲ ရတတ်သည်။ တစ်ခုသတိပေး လို တာက ဒီနှစ်က အရှက်တကွဲဖြစ်လွယ်တဲ့နှစ်ပါ။ ဒါကြောင့် ချစ်သူနဲ့ အတူနေတာတွေ ၊Video ရိုက်ထားတာတွေ လုံး၀မလုပ်မိပါ စေနဲ့။ ချစ်သူမရှိသေးသူများကတော့အချစ်ရေးတွင် စန်းပွင့်ပြီး နောက်ပိုင်းတွင် မင်္ဂလာသတင်း များ ကြားရ တတ်သည်။ အိမ်ထောင်ရှင်များ အိမ်တွင်းရေး ညံ့တတ်သည်။ အိမ်ထောင်ရေး မပြေလည် မှုတွေများပြားနေတတ်ပါတယ်။
ကိုယ်တိုင်ကအိမ်ထောင်ဘက်အပေါ်အရာရာဖုံးကွယ် ထားမိတတ်ပါ တယ်။ အိမ်ထောင်ဘက်ကိုတိုင်ပင်လဲ အလကားပဲလို့မိမိက ထင်နေတတ်ပါတယ်။ အိမ်ထောင်ဘက်ကတော့ သူ့ကို ဂရုမစိုက်ဘူး၊စိတ်ထင်ရာလျှောက်လုပ်နေတယ်လို့ ကိုယ့်ကိုစွပ်စွဲတတ်ပါတယ်။ ပညာရေးတွင် ဝီရိယစိုက်ထုတ် မှသာ အကျိုးထူးများ ခံစားရမည်။ ပညာရေးတွင် အခြားလူမှုရေးကိစ္စများ ဝင်လာပြီး နှောင့်နှေးမှုများ ဖြစ်တတ် သည်။ ပညာရေးတွင် အခက်အခဲအမျိုးမျိုးနှင့် တွေ့ကြုံရပြီး အောင်မြင်တတ်သည်။
အကျိုးပေးဂဏန်း….၃/၆/၀/၈
အကျိုးပေးအက္ခရာ..က/ပ/ခ/စ
အကျိုးပေးအရောင်….ဆင်စွယ်ရောင်၊ အဖြူရောင်၊ဗေဒါရောင်
တစ်နှစ်စာယတြာ….ဒီနှစ်မှာတော့ ခရီးသွားမယ့် သူတွေကို နိုင်သလောက် ခရီးစရိတ်ထောက်ပံ့ပါ။ ပန်ကာ၊ယပ်တောင်၊အဲယားကွန်းစတာတွေ လူကြီးမိဘနှင့်ဘုန်းကြီးကျောင်းတွေမှာလှူပါ။
ကြာသပတေး သားသမီးများအားလုံး တစ်နှစ်တာအတွင်း ကံကောင်းခြင်းတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ လက်ဆန်းဗေဒင်သုတေသီ
09775555695 , 09445555695
Be the first to comment on "၂၀၂၁ ခုနှစ် ကြာသပတေးသားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း"