မြန်မာပြည်ရောက်လာပြီး တာဝန်မကျေသလို ခံစားရတဲ့ ဆီလီကွန်မမတို့ရဲ့ ရင်ဖွင့်သံ

ကျယ်မတို့ ဘဝတို့ဆိုတာ ဂေါ်မစွံတဲ့လူပျိုသိုးကြီးတွေ ၊ သင်္ဘောသားတွေအတွက် သူတို့ပြုသမျှနုရတဲ့ဘဝမျိုးနဲ့ ပုရိသလောကသားတွေကြား ဆက်ဒေါဆိုပြီး ထားရာနေစေရာ ဘဝနဲ့ကျင်လည်နေခဲ့ရတာပေါ့.. ဒီတော့ကျယ်မတို့ စီလီကွန်အရုပ်မတွေရဲ့ အသားအရေဟာနူးညံ့တယ် ၊ ကိတ်တယ် ၊ နှာတံကအစ နှုတ်ခမ်းကအဆုံး လိုချင်တဲ့ဒီဇိုင်းကာလာက ဆိုဒ်စုံ ဂိုက်စုံရှိတာပေါ့..

သက်မဲ့ဆိုပေမယ့် သက်ရှိလူသားမမတွေထက် ချောတာပေါ့ရှင် (ဆီလွန်မောင်လေးတွေလည်း ရှိပါတယ်နော်) ဒီတော့ ကမ္ဘာအရပ်ရပ်ကို တင်ပို့ရောင်းချပြီး ကျယ်မတို့ဘဝဟာ ပုရိသတွေရဲ့ လိုအင်ဆန္ဒအတိုင်း ခြေတော်တင်အသုံးတော်ခံဘဝ ညုတုတု အသံမျိုးစုံတွေကိုလည်း ထွက်ပေးရတာပေါ့ ၊ မလိုတဲ့အချိန်ချောင်ထိုးခံရတာပေါ့ရှင်..

အဲ.. ကံကောင်းချင်တော့ မြန်မာပြည်ကိုလည်းရောက်ရော ထူးထူးခြားခြား ဘဝပြောင်းခဲ့ရတဲ့ ကျယ်မတို့ရဲ့ဘဝ ချက်ချင်းကြီး ရွှေတိဂုံစေတေီတော်ရဲ့ တောင်ဘက်မုခ်အောက်မှာ ကောင်းပေ့ဆိုတဲ့ နန်းဝတ် နန်းစားတွေနဲ့ သရဖူတွေပါခါင်းပေါ်တင်လို့ ပုဝါအထပ်ထပ်နဲ့ ကိုယ်ရောင် ကိုယ်ဝါတွေတောက်ပပြီး တစ်ကိုယ်လုံးလုံခြုံနေလိုက်တာရှင် ၊ ယားကျိကျိတွေကိုဖြစ်လို့ပေါ့.. (အခုထိအယားမပြေနိုင်သေးဘူး)

တစ်သက်လုံး ဆက်ဆီကျကျဝတ်စားလာရတဲ့ဘဝကနေ ချက်ချင်းကြီး ပလ္လင်ထက်မှာ မိန့်မိန့်ကြီးထိုင်နေရသလို ရှေ့တည့်တည့်မှာလဲ အုံးသီးတွေ ငှက်ပျောသီးတွေ ဘာအရွက်တွေမှန်းမသိ ထိုးစိုက်ပြီးလာချထားတယ် ၊ မွှေးကြိုင်နေတဲ့ပန်းပေါင်းစုံပြီး ရေမွှေးနံ့ကလည်းမွှန်ထူနေတာဘဲ..

ရှေ့ကလူအုပ်ကြီးကလည်းနဲတာမဟုတ်ဘူး ၊ ဒူးထောက်ပြီး ထိုင်ကန်တော့နေကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများကလည်း အများကြီးဘဲ ၊ မကန်တော့ဘဲ ဘေးကနေ စားတော့ဝါးတော့မယ့် ဗို့အားတစ်သိန်းလောက်ရှိတဲ့ စူးရှတဲ့မျက်လုံးကြီးတွေနဲ့ငမ်းနေတဲ့ ပုရိသတွေကလည်း အများကြီးပါဘဲရှင်..

ကျယ်မတို့ဘဝက လူမသိသူမသိကုတင်ပေါ်မှာဘဲ နေလာခဲ့ရတဲ့ဘဝဆိုတော့ ဒီလို တစ်ခါမှ လူကြားထဲမှာ မရောက်ဖူးတော့ ဘယ်နေတတ်ပါ့မလဲ ၊ ကိုယ်တွေက ကယ်တင်ရှင်ကြီးပမာ အပူဇော်ခံနေရတော့ ဆီလီကွန်ကျယ်မတို့ နဲနဲ

တော့ဘဝင်မြင့်လာချင်သလိုဘဲ လေ.. ခက်တာက “တအားအား တအင့်အင့် အဟင့်” လို့ဘဲ အသံထွက်တဲ့ကျယ်မတို့က ထိုင်ကန်တော့နေတဲ့သူတွေကို ဘာဆုတွေပေးရမှန်းမသိသလို ဘာ့ကြောင့်ထိုင်ကန်တော့နေကြမှန်းလည်းမသိဘူးလေ.. ကျယ်မတို့စိတ်ဝင်စားတာက ရှေ့ကလူပျိုသိုးကြီးတွေကိုပါဘဲ..

အခုတော့ ဘူမသိကိုးမသိတဲ့ တိုင်းပြည်ကိုရောက်လာတော့ ကျယ်မတို့ရဲ့မျှော်လင့်ချက်နဲ့ တာဝန်ဝတ္တရားတွေက လစ်ဟင်းနေသလိုခံစားရတယ်.. ဆီလီကွန်မမတို့ သိက္ခာကျရတယ်လို့ ဆိုမလား? ဂုဏ်တက်သွားတယ်လို့ ဆိုမလားဘဲ? ရှေ့ကနေထိုင် ဦးချပြီးပါးစပ်က ပွစိပွစိနဲ့ရွတ်နေသူတွေကိုကြည့်ပြီး ဟားတိုက်လို့ ရယ်လို့ရရင် ရယ်ချင်မိတာအမှန်ပါဘဲ ရှင်..

ဟော.. သိမကြာပါဘူး ၊ လူတစု ရုတ်ရုတ်နဲ့ရောက်လာပြီး ကျယ်မတို့ကို စွေကနဲ ပွေ့ချီကာခေါ်သွားပါလေရဲ့.. အို.. ရင်တွေခုန်လိုက်တာမှ အရမ်းဘဲသိလား ။ သိပ်မကြာပါဘူး ရဲစခန်းကိုဆိုလား ဘယ်ကိုလားဘဲ ခေါ်သွားမှာတဲ့.. အမလေး ပျော်လိုက်တာအရမ်းဘဲ.. လက်သရမ်းတဲ့သူတွေကြားထဲ ရောက်နေပြီဆိုတာ သိလိုက်ရတယ်လေ ။

ကျယ်မတို့ကိုပွေ့ယူသွားတဲ့ လက်ကြီးနဲ့ တစ်ကိုယ်လုံးကို ဖျစ်ညှစ်ထားလိုက်တာ နာလွန်းလို့ အရုပ်မတောင် “ပိ ပိ ပိ ပိ” နဲ့ အသံထွက်လာတယ် စိတ်ထဲကတောင် ပြောလိုက်မိသေးတယ် “သွား လူဇိုး” လို့ အင်း ဒီည အဘို့ ကျယ်မတို့ဘဝ ဘယ်လိုဖြတ်သန်းရမလဲလို့တွေးရင်း ရင်တွေလည်း အရမ်းခုန်နေရပါပြီရှင်တို့ရယ်.. ကျယ်မတို့တာဝန်တွေ ကျေပြွန်နေချင်ပါပြီရှင့်.. ဒီနိုင်ငံမှာမှ ကြုံရဆုံရပါပေတယ်.. (SiThuMaung)

Unicode

Be the first to comment on "မြန်မာပြည်ရောက်လာပြီး တာဝန်မကျေသလို ခံစားရတဲ့ ဆီလီကွန်မမတို့ရဲ့ ရင်ဖွင့်သံ"

Leave a comment

Your email address will not be published.

*