ဆူနာမီ ဂြိုလ်သားတွေနဲ့ ကပ်ရောဂါတွေ ကျရောက်ဦးမယ်ဆိုတဲ့ နာမည်ကျော် မျက်မမြင်မှော်ဆရာမရဲ့ ၂၀၂၂ ခုနှစ် ဟောကိန်းများ

၉/၁၁ ဖြစ်ရပ်နဲ့ Brexit ဖြစ်ရပ်တွေကို ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့တယ်လို့ မှတ်ယူခံထားရတဲ့ မျက်မမြင်ဆရာမတဦးရဲ့ ဟောကိန်းကို အားလုံးမှတ်မိကြမယ်ထင်ပါတယ် ။

ဘူလ်ဂေးရီးယားနိုင်ငံကဖြစ်ပြီး အသက် ၁၂ နှစ်အရွယ်မှာ အမြင်အာရုံဆုံးရှုံးခဲ့တဲ့ Baba Vanga ဆိုတဲ့အမျိုးသမီးက အနာဂတ်ဟောကိန်းတွေကို ကြိုတင်တွက်ချက်ကာ ပြောဆိုခဲ့တာဖြစ်ပြီး

ချာနိုဘိုင်းနူကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲမှု၊ မင်းသမီးဒိုင်ယာနာသေဆုံးမယ့်အကြောင်းတွေကိုပါ တိကျစွာ ခန့်မှန်းခဲ့သူဖြစ်ပါတယ်။

အခုလာမယ့် ၂၀၂၂ ခုနှစ်အတွက်လည်း သူမက ကြောက်မက်ဖွယ်ရာကောင်းတဲ့ ခန့်မှန်းချက်တွေကို ပြောဆိုထားခဲ့ပြီးဖြစ်ပါတယ်။

မျက်စိကွယ် ခဲ့ပြီးနောက် သူမကို ဘုရားသခင်က အနာဂတ် ကိုမြင်စေနိုင်မယ့် လက်ဆောင်တစ်ခုပေးခဲ့တယ်လို့လည်း ဘူလ်ဂေးရီးယား မှော်ဆရာမက ပြောဆိုခဲ့ပြီး

Nostrada mus of the Balkans လို့ နာမည်ပြောင်ရထားတဲ့ သူမဟာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် မှန်ကန်တဲ့ ဟောချက်တွေကို ပြောဆိုခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွက် သူမရဲ့ဟောကိန်းတွေထဲက သွေးထွက်အောင်မှန်မယ့်အချက်ကတော့ လူတွေဟာဖန်သားပြင်ရှေ့မှာ အရင်ကထက်ပိုပြီး အချိန်ပိုကြာအောင် နေထိုင်ကြမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ဖုန်း၊ ကွန်ပျူတာတွေရှေ့မှာ လူတွေပိုအချိန်ပေးကာ virtual world တခုကို ပိုမိုတည်ဆောက်ဖို့ကလည်း အမှန်တကယ် ရှိနေခဲ့တာဖြစ်ပါတယ်။

နောက်တချက်ကတော့ သူမက ကပ်ရောဂါတခုဖြစ်ပွားမယ်လို့ ပြောဆိုခဲ့ပြီး လက်ရှိမှာ ရာသီဥတု ဖောက်ပြန်မှုကြောင့် အေးခဲနေတဲ့ ရေခဲစိုင်တွေအတွင်း ပိတ်မိနေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ကမ္ဘာပေါ်ကိုပျံ့နှံ့လာဖို့ နီးစပ်နေတာဖြစ်ပါတယ်။

ဆိုက်ဘေးရီးယားမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ကိုရိုနာကပ်ရောဂါ မပျောက်ကွယ်သေးခင်မှာပဲ နောက်ထပ်ကပ်ရောဂါကို လူသားတွေ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံအများအပြားဟာ အခြားရွေးချယ်စရာတွေကို မဖြစ်မနေရှာဖွေနေရတာကြောင့် နိုင်ငံရေးအကျိုးဆက်တွေနဲ့အတူ မြို့အများအပြားမှာ ရေပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်ရမယ်လို့လည်း သူမက ခန့်မှန်းထားပါတယ်။

နောက်တခုကတော့ ဂြိုလ်သားတွေက ကမ္ဘာမြေပေါ်ကျူးကျော်ဝင်ရောက်လာပြီး ကမ္ဘာပေါ်ကသက်ရှိတွေကို ရှာဖွေဖို့ ဂြိုလ်သိမ်တခု စေလွှတ်လိုက်မယ်ဆိုတာဖြစ်ပါတယ်။

ငါးခုမြောက်ဟောကိန်းကတော့ အိန္ဒိယမှာအပူချိန် ၅၀ ဒီဂရီ အထိ မြင့်တက်လာပြီး ကျိုင်းကောင်တွေက ကောက်ပဲသီးနှံတွေကို တိုက်ခိုက်မှာဖြစ်လို့အငတ်ဘေးနဲ့ ရင်ဆိုင်ရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ခြောက်ခုမြောက်ဟောကိန်းမှာတော့ ငလျင်နဲ့ ဆူနာမီလှိုင်းတွေ ပိုမိုဖြစ်ပွားလာဖို့ ရှိနေတယ်လို့ဆိုပါတယ်။

သူမကတော့ ၁၉၉၆ ခုနှစ်မှာ ကွယ်လွန် သွားပြီဖြစ်ခဲ့ပေမယ့် သူမရဲ့ ဟောကိန်းတွေက မှန်ကန်ခဲ့တာကြောင့် ဒီတကြိမ်မှာလည်း ဘယ်လောက်ထိမှန်ကန်မလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။

Unicode

Credit

Be the first to comment on "ဆူနာမီ ဂြိုလ်သားတွေနဲ့ ကပ်ရောဂါတွေ ကျရောက်ဦးမယ်ဆိုတဲ့ နာမည်ကျော် မျက်မမြင်မှော်ဆရာမရဲ့ ၂၀၂၂ ခုနှစ် ဟောကိန်းများ"

Leave a comment

Your email address will not be published.

*