မိမိအိမ်မှာ ပုံပါအတိုင်း ပိုက်ဆံခြစား အဆွေးတွေရှိရင် လဲလှယ်လို့ရတဲ့ တခုတည်းသော နေရာ

တစ်ခုလောက်ပြောပြချင်တယ်.. အကျိုးရှိမှာမို့ ဖတ်ကြည့်စေလိုပါတယ်..

မြို့နယ်အဆင့် ဘဏ်တွေမှာ အဲ့ပုံပါအတိုင်း ခြစား (ခြကိုက်) ငွေတွေကို သွားလဲရင် မရပါဘူး။ ဒါကို ဘဏ်က လဲမပေးလို့ သုံးမရဘူးထင်ပြီး ဖျက်စီး မပစ်ကြပါနဲ့။

ရန်ကုန်မြို့ ဆူးလေဘုရားအနီး လမ်း ၃၀ အောက် ဘလောက်မှာရှိတဲ့ ဗဟိုဘဏ် ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲမှာ တရားဝင် လဲလှယ်လို့ရပါတယ်။

သွေးစွန်း မှင်စွန်း မီးလောင် ခြစား ဆီစွန်း အပိုင်းပိုင်းပြတ်တဲ့ငွေတွေကို သတ်မှတ်ထားတဲ့ စံညွှန်းနဲ့ကိုက်ညီရင် ပြန်လဲ ပေးပါတယ်။

ဒါကို မသိပဲ မီးရှို့ဖျက်စီးပြစ်လိုက်မယ် ဆိုရင် နှမြောဖို့ကောင်းပါတယ်။ ကျနော်ကိုယ်တိုင် ဗဟိုဘဏ် ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲမှာ ၃ ကြိမ် သွားလဲဖူးပါတယ်။ အားလုံးနီးပါး ပြန်ပြီရတာမို့ ကျနော်ပြောတဲ့ ငွေအစုတ် အဆွေးတွေကို မဖျက်စီး ပြစ်ကြဖို့ပါ။

မိမိပါတ်ဝန်းကျင်မှာ တွေ့ခဲ့ ဆုံခဲ့မယ်ဆိုရင်ဖြင့် ငွေဆုံးရှုံးမှု မဖြစ်ရလေအောင် ကူညီပြောပြပေးနိုင်ပါတယ်။ အစိုးရဘဏ်တွေမှာ သာမာန် ငွေအစုတ် အဆွေးတွေကို ဗုဒ္ဓဟူးနေ့တိုင်း လဲလှယ်ပေးနေတာမို့ ငွေဆွေး ငွေစုတ်ရှိသူတိုင်း သွားလဲလို့ ရပါတယ်။

ငွေအစုတ် အဆွေးများနှင့် မြို့နယ်အဆင့် ဘဏ်ခွဲများမှ လက်မခံသောငွေများအတွက် ဗဟိုဘဏ် ငွေစုတ်ငွေဆွေးလုပ်ငန်းခွဲသို့ သွားရောက်လဲလှယ်နိုင်ပါတယ် ခင်ဗျာ..

လေးစားစွာဖြင့် ကိုထိုက်

Unicode

Be the first to comment on "မိမိအိမ်မှာ ပုံပါအတိုင်း ပိုက်ဆံခြစား အဆွေးတွေရှိရင် လဲလှယ်လို့ရတဲ့ တခုတည်းသော နေရာ"

Leave a comment

Your email address will not be published.

*