အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ အခြားနိုင်ငံများသို့ တင်ပို့တော့မည် ( ဒေါက်တာခင်ခင်ကြီး)

နိုင်ငံမှ ကာကွယ်ဆေးနှစ်မျိုးအရေးပေါ်အသုံးပြုခွင့်ကို ဇန်နဝါရီ ၃ ရက်နေ့က အတည်ပြုထားပါသည်.. အဆိုပါကာကွယ်ဆေးနှစ်မျိုးမှာ Oxford University နှင့် AstraZeneca တို့ပူးပေါင်းထုတ်လုပ်သောကာကွယ်ဆေးကို မူပိုင်ခွင့်ယူပြီး Covishield အမည်ဖြင့် Serum Institute of India (SII) မှ ထုတ်လုပ်မည်ဖြစ်သော ကာကွယ်ဆေးနှင့် အိန္ဒိယနိုင်ငံ Bharat Biotech မှ Covaxin အမည်ဖြင့် ကိုယ်ပိုင်ထုတ်လုပ်သော ကာကွယ်ဆေး စုစုပေါင်း ကာကွယ်ဆေးနှစ်မျိုးကို ဆိုလိုပါသည်..

ကာကွယ်ဆေးများသည် အခြားတိုင်းပြည်များသို့ပေးပို့ရန် လမ်းကြောင်းပေါ် အသင့်ဖြစ်နေပြီ ဖြစ်ကြောင်းလည်း ပြောကြားထားပါသည်.. အိမ်နီးချင်း အာဆီယံနိုင်ငံအချို့သို့ ကာကွယ်ဆေးများ ပေးပို့ရန် ကိစ္စလည်း လာမည့်အပတ်အနည်းငယ်အတွင်း ဖြစ်နိုင်ချေရှိပါသည်.. တချို့တိုင်းပြည်များသို့ အစကနဦးလက်ဆောင် gift အဖြစ်လည်း ပေးပို့မှာဖြစ်ပြီး အခြားတိုင်းပြည်များသို့ ဈေးနှုန်းတူညီစွာဖြင့် ရောင်းချပေးမှာဖြစ်ပါသည်..

အိန္ဒိယအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ကျန်ကမ္ဘာ့နိုင်ငံများကို ပေးထားသည့် ကတိကဝတ်များအတွက် အမြဲတမ်း ဂရုပြုဆောင်ရွက်လျက်ရှိကြောင်းလဲ ပြောထားပါသည်.. အိန္ဒိယဖက်ဒရယ် ကျန်းမာရေးအတွင်းရေးမှူး Rajesh Bhushan က အိန္ဒိယသည် ကိုဗစ်ကာကွယ်ဆေးများကို ယခုလလယ်တွင် ပေးပို့ရန်စီစဉ်ဆောင်ရွက်ထားကြောင်း ပြောကြားပါသည်..

ဇန်နဝါရီလ ၃ ရက်နေ့က အရေးပေါ်ခွင့်ပြုချက်ရပြီး ၁၀ ရက်အတွင်း ပေးပို့နိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်.. ပြီးခဲ့သည့်ရက်ပိုင်းက Serum Institute of India မှ CEO က ကာကွယ်ဆေးများတင်ပို့ခြင်းကို အိန္ဒိယအစိုးရက တားမြစ်ကြောင်း ထို့ကြောင့် လပေါင်းများစွာနောက်ကျနိုင်ကြောင်း ပြောကြားထားချက်အပေါ် ၎င်းကိုယ်တိုင်က ဇန်နဝါရီလ ၅ ရက်နေ့က တွစ်တာမှနေ၍ ပြန်ရှင်းပါသည်..

SII နှင့် BharatBiotech တို့ ပူးတွဲထုတ်ပြန်ချက်ဖြစ်သည့် ကာကွယ်ဆေးကို အိန္ဒိယနှင့် တခြားနိုင်ငံများကို တင်ပို့မည်ဖြစ်ကြောင်းပြောထားသောပို့စ်ကို ရှဲရင်း နားလည်မှုလွဲမှားခြင်းဖြစ်သည့်အတွက် ပြန်လည်ရှင်းလင်းအောင် လုပ်သင့်သည်ဟု ပြောကြားထားသည်ကိုတွေ့ရပါသည်.. အဆိုပါပူးတွဲထုတ်ပြန်ချက်အရ ကာကွယ်ဆေးသည် တကမ္ဘာလုံးနှင့်ဆိုင်သော ပစ္စည်းဖြစ်သည် လူ့အသက်ပေါင်းများစွာကိုကယ်တင်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံး စတင်နိုင်ဖို့အတွက်လည်း အထူးအရေးပါကြောင်း ထို့ကြောင့် ကာကွယ်ဆေးဖြန့်ဖြူးမှုကို အလွန်ချောမွေ့စွာ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် ရေးသားထားသည်ကို တွေ့ရပါသည်..

အဆိုပါ SII မှ CEO Adar Poonawalla က မနေ့က အင်္ဂါနေ့ တွင် BBC နှင့်တွေ့ဆုံခန်းတွင် အိန္ဒိယမှထုတ်သည့် ကာကွယ်ဆေးများကို ပြည်ပနိုင်ငံများသို့ပေးပို့ရန် ခွင့်ပြုချက်ရပြီဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ် ဆော်ဒီ မိုရိုကိုနိုင်ငံများသို့ တင်ပို့မည်ဖြစ်ကြောင်း ဖြေကြားသွားပါသည် အဆိုပါကာကွယ်ဆေး သန်း ၁၀၀ ကို အိန္ဒိယအစိုးရကို ဆေးတစ်လုံးလျှင် အထူးဈေးနှုန်း ရူပီး ၂၀၀ နှုန်း ($ 2.74) ဖြင့် ရောင်းချမည်ဖြစ်ကြောင်းနှင့် ထပ်တိုးဆေးများကို ဈေးပိုမည်ဖြစ်ကြောင်း ပြောထားပါသည်..

ဘင်္ဂလားဒေ့ရှ်သည် ကာကွယ်ဆေးအလုံးရေ သန်း ၃၀ မှာကြားထားကြောင်း ရိုက်တာသတင်းအရ သိရပါသည်.. အဆိုပါဆေးများကို ဖေဖော်ဝါရီလတွင် ထိုးနှံနိုင်မည်ဖြစ်ကြောင်း အဆိုပါဝယ်ယူသည့်နိုင်ငံမှ ပြောထားပါသည်.. SII နှင့် Bharat ကုမ္ပဏီနှစ်ခုပေါင်းသည် လက်ရှိအချိန်တွင် ကာကွယ်ဆေးအလုံးရေ သန်း ၇၀ ကျော်စာရှိနေပြီး ထို့ထက်ပို၍ ထုတ်လုပ်နိုင်ရန်လည်း အထူးတလည်ဆောင်ရွက်လျက်ရှိပါသည်.. အချုပ်အားဖြင့်ဆိုရလျှင် အိန္ဒိယမှ ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီနှစ်ခု၏ ယမန်နေ့ (၅/၁/၂၀၂၁) ပူးတွဲထုတ်ပြန်ချက်အရ ၎င်းတို့၏ ကိုဗစ်ကာကွယ်ဆေးများကို တကမ္ဘာလုံး အသုံးပြုခွင့်ရရှိအောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်..

ဒေါက်တာခင်ခင်ကြီး

Be the first to comment on "အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးများ အခြားနိုင်ငံများသို့ တင်ပို့တော့မည် ( ဒေါက်တာခင်ခင်ကြီး)"

Leave a comment

Your email address will not be published.


*