လေကြောင်းရန် ကာကွယ်ရေး ငှက်ကင်စက် (၃)မျိုး

လေကြောင်းရန် ကာကွယ်ရေး ငှက်ကင်စက် (၃)မျိုးရှိတယ်။

(A) ပျံသန်းနေတဲ့ ငှက်ကို တိကျသေချာသော View Finder ကနေ ကြည့်ပြီး

ပစ်ခတ်ဖမ်းဆီးရသော ငှက်ကင်စက်”

(B) ငှက်၏ အပူထုတ်လွတ်မူကို ခြေရာခံပြီး လိုက်သော ခြေရာခံစနစ်ပါသည့် ငှက်ကင်စက်”

(င) ငှက်ကို လေဆာဖြင့် ထိုးပြီး ပစ်ခတ်ဖမ်းဆီးရသော ငှက်ကင်စက်”

ယခုခေတ်မှာ ဒီစက် (၃) မျိုးက အကောင်းဆုံး ရှယ်တွေပါ။

ဈေးနူန်းကလည်း ကြီးလွန်းသလို့ အလွယ်တကူ ဝယ်ယူရောင်းချမှု မပြုနိုင်အောင် စံနစ်တကျ တားဆီးပိတ်ပင်ထားတဲ့ စက်တွေလည်းဖြစ်ပါတယ်။

ဒီစက်တွေကို ရရင် ဘယ်လောက်ထိ ကာကွယ်နိုင်မှာလဲ?

တိကျစွာ ပစ်ခတ်နိုင်တဲ့ ဒီစက်မျိုးတွေဟာ စက်နှင့် ပေ ၅၀၀၀ ( ပေ ငါးထောင်) အကွာအဝေးရှိ ငှက်ကိုသာ ထိမှန်အောင်လုပ်နိုင်ပါတယ်။

ကရင်မှာ ရှိတဲ့စက်က ကချင်မှာ ပျံနေတဲ့ ငှက်ကို မဖမ်းနိုင်ပါဘူး’ ကချင်မှာရှိတဲ့စက်ကလည်း ချင်းမှာပျံနေတဲ့ ငှက်ကို ဖမ်းလို့မရပါဘူး။

ယုတ်စွအဆုံး ရွာကြီးလျှင် ရွာတောင်ပိုင်းက ငှက်ကို ရွာမြောက်ပိုင်းမှာရှိတဲ့ စက်က မဖမ်းနိုင်ပါဘူး။

တစ်နိုင်ငံလုံးကို လွမ်းခြုံစေချင်ရင်တော့ ငှက်ကင်စက် သိန်းနှင့်ချီပြီ ဝယ်ယူရပါလိမ့်မယ်။

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေမှာတောင် ရာဂဏန်း၊ အများဆုံးမှ ထောင်ဂဏန်းပဲရှိပါတယ်။

ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ?

တက်ကျိုးရင် လက်ထိုးလှော်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ပျံနေတဲ့ငှက်ကို ဖမ်းရမှာခက်နေရင်

အိပ်တန်းတက်နေတဲ့ ငှက်တွေကို လိမ္မာပါးနပ်စွာဖမ်းပြီး မီးဖုတ်လိုက်ပေါ့…လွယ်လွယ်လေး။

Soe Naung

24-10-2022

Unicode

Be the first to comment on "လေကြောင်းရန် ကာကွယ်ရေး ငှက်ကင်စက် (၃)မျိုး"

Leave a comment

Your email address will not be published.

*