စတုတ္ထတန်း ကျောင်းသားသုံးဉီး ရေ-နစ်-၍-သေ-ဆုံး-သွားသည့်မြင်ကွင်း

ယခု CCTV တွင် မြင်တွေ့ရသည့် ရုပ်သံဖိုင်သည် စစ်တွေမှ ပျောက်ဆုံးနေသည့်ကျောင်းသား ၃ဦး ဟုယူဆရသူများဖြစ်ကြပြီး စစ်တွေကမ်းခြေတွင် ရေကစားနေစဉ် ရေနစ်သေဆုံးသွားသည်ကို မြင်တွေ့ရသည်။

ပျောက်ဆုံးနေသည့် ကျောင်းသား ၃ ဦးထဲမှ ၂ဦး၏ ရုပ်အလောင်းအား တွေ့ရှိ၊ နောက်ထပ် တစ်ဦးအား ဆက်လက်ရှာဖွေနေ

ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ ကတည်းက ပျောက်ဆုံးနေသော စတုတ္ထတန်းကျောင်းသား ၃ဦးထဲမှ ၂ဦး၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီနှင့် ၁၂ နာရီခွဲ အချိန်ခန့်တွင် တွေ့ရှိခဲ့ပြီး ကျန်ရှိသူ တစ်ဦးအား ဆက်လက်ရှာဖွေနေကြောင်း ကူညီဆောင်ရွက်နေသူများက ပြောသည်။

ပျောက်ဆုံးနေသည့် စတုတ္ထတန်းကျောင်းသား ၃ဦးထဲမှ မောင်ဇွဲဘုန်းခန့်၏ ရုပ်အလောင်းအား စစ်တွေမြို့နယ် ကျေးတောရွာမ ချောင်းနားတွင်တွေ့ရှိခဲ့ဖြစ်ပြီး

၎င်းမှာ ဝတ်ဆင်ထားသည့် အင်္ကျီအစိမ်းရောင်နှင့် ဘောင်းဘီခဲရောင် ဝတ်ဆင်ထားသည်ကိုတွေ့ရှိရကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း Western News ကိုပြောသည်။

မောင်ဇွဲဘုန်းခန့်၏ ရုပ်အလောင်းအားကို စစ်တွေမြို့ရင်ခွဲ ရုံးသို့ ပို့ဆောင်ထားပြီး နောက်ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ဥက္ကဌ ကိုလင်းလင်းက Western News ကို ပြောသည်။

“သူက လှိုင်းကြီးပြီးတော့ ဒီဖက်ကျေးတောဖက်ကို မျှောပါလာတာလို့ထင်တယ်။ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်မှာ အလောင်းကို တွေ့တာပါ။

တွေ့တဲ့သူကတော့ မောင်ဇွဲဘုန်းခန့်၏ ရုပ်အလောင်းကို တွေ့တာပါ။ အလောင်းကိုတော့ စစ်တွေရင်ခွဲရုံကို ပို့ထားပါတယ်” ဟုပြောသည်။

နောက်ထပ်ရုပ်အလောင်းကို စစ်တွေမြို့နယ် ကျေးတောရွာမ နေဗီဆိပ်ကမ်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အင်္ကျီအပြာရောင်ဝတ်ဆင်ထားကာ ဂျေဂျေဘောင်ဘီဝတ်ဆင်ထားကြောင်းနှင့်

တွေ့ရှိခဲ့သည့်ရုပ်အလောင်း၏ နာမည်ကို အတည်ပြုနေဆဲဖြစ်ကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော်ဖြိုးက ပြောသည်။

“နောက်ထပ် တစ်လောင်း ထပ်တွေ့ပါတယ်။ ၁၂ နာရီခွဲလောက်မှာ တွေ့တာပါ၊ နေဗီဆိပ်မှာ အလောင်းကိုတွေ့တာပါ။ ဘယ်သူဆိုတာကတော့ မသိရသေးပါဘူး။ အင်္ကျီ အပြာရောင်နှင့် ဝတ်ထားပြီး ဂျေဂျေဘောင်ဘီဝတ်ဆင်ထားတယ်”ဟုပြောသည်။

၎င်း ကလေးသုံးဦးမှာ ရခိုင်ပြည်၊ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂၂ ရက်နေ့ ကတည်းက နေအိမ်မှ ထွက်သွားခဲ့ရာကနေ ပျောက်ဆုံးနေခြင်းဖြစ်ကာ ယနေ့ မနက်ပိုင်းတွင် အဆိုပါ သုံးဦးထဲမှ ၂ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၂ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ ပွိုင့်အရှေ့ရှိ CCTV မှတ်တမ်းကိုWestern News က ကြည့်ရှုခွင့်ရရှိခဲ့ပြီး အဆိုပါ ကလေးငယ် ၃ဦးမှာ စစ်တွေမြို့ ပွိုင့်အရှေ့ရှိ ပွိုင့်အနီး ကျောက်ဆောင်တွင် ရေစကားနေရာ သူတို့ ၃ဦးမှ ၁ဦးရေနစ်၍ ကျန်၂ ဦးက လိုက်ဆွဲရာ ၃ဦးစလုံးရေထဲကျသွားကြောင်းကို တွေ့ရှိရသည်။

ပျောက်ဆုံးနေသည့် နောက်ထပ်တစ်ဦးကို ဆက်လက်ရှာဖွေနေပြီး ယနေ့ နေ့လယ်ပိုင်းအထိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း၊ ရွှေရောင်မေတ္တာ ဖောင်ဒေရှင်းတို့က ဆက်လက် ရှာဖွေမှုများ ပြုလုပ်နေကြသည်။

Unicode

Credit

Be the first to comment on "စတုတ္ထတန်း ကျောင်းသားသုံးဉီး ရေ-နစ်-၍-သေ-ဆုံး-သွားသည့်မြင်ကွင်း"

Leave a comment

Your email address will not be published.

*