စစ်ကောင်စီမှ KIO ကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးခဲ့သည့် အရာရှိများ၊ အနုပညာရှင်များနှင့် ပျက်စီးမှုများ(ရုပ်သံ)

စစ်ကောင်စီမှ KIO ကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးခဲ့သည့် အနုပညာရှင်များနှင့် ပျက်စီးမှုများ(ရုပ်သံ)

ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်…။

KIO ၆၂ နှစ်မြောက် အထိမ်းအမှတ်ပွဲကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ကချင် အနုပညာရှင်နှင့် ပြည်သူ ၅၀ ကျော်သေဆုံးပြီး အပျက်အစီးမြင်ကွင်း ဗီဒီယို(ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ ၂၄

အကြမ်းဖက်စစ်တပ်က ဖားကန့်တွင် ယမန်နေ့ ညပိုင်းပြုလုပ်သော KIO ၆၂ နှစ်မြောက် အထမ်းအမှတ် တေးဂီတ ဖျော်ဖြေပွဲကို

ယမန်နေ့ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူနှင့် အနုပညာရှင် ၅၀ ထိခိုက်သေဆုံးခဲ့ပြီး ယင်းတို့ထဲတွင်

နာမည်ကြီး အဆိုတော် Aurali ၊ အမျိုးသမီး အဆိုတော် Galau Yaw Lwi အပါအဝင် ဂီတသမားများပါ ကွယ် လွန်သွားကြောင်း ကချင်ဒေသသတင်းရင်း မြစ်များထံမှ သိရှိရသည်။

ကချင် နာမည်ကြီး အနုပညာရှင် သရုပ်ဆောင် ဇော်ဒိန် Zau Ding Lahtaw သေဆုံးသည်ဆိုသော သတင်းများထွက်ပေါ်သော်လည်း အတည်မပြုနိုင်သေးပေ။

တချို့သတင်းရင်းမြစ်များက ဒဏ်ရာအပြင်းအထန်ရရှိသည်ဟု ဆိုသည်။

လတ်တလော ရန်ကုန်ခေတ်သစ်က အတည်ပြုရရှိထားသော စာရင်းများအရ အနုပညာရှင်များတွင် အဆို တော် Aura Li ၊ အဆိုတော် Galau Yaw Lwi ၊ ကီးဘုတ်တီးခတ်သူ Ko King (Keyboard) အပါအဝင် ဂီတနှင့်တီးဝိုင်းသမားတချို့ သေဆုံးကြောင်း သိရှိရသည်။

” အလောင်းတွေက စိစစ်နေတုန်းလို့ ပြောတယ်။ ရုပ်အလောင်းချည်းပဲ ၅၀ လောက်ရှိမယ်ပြောတယ်။ ဒဏ်ရာရသူတွေလည်းများတယ်” ဟု ကချင် သတင်းရင်းမြစ်တစ်ခုက ပြောသည်။

လက်ရှိအနေအထား သေဆုံးသူများအနေဖြင့် ရုပ်အလောင်း ၅၀ ခန့်ရရှိထားပြီး အသေးစိတ် ဆက်လက် စိစစ်နေဆဲဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်တချို့က ဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က ဂျက်လေ ယာဉ်များဖြင့် ၆၂ နှစ်မြောက် KIO အထိမ်းအမှတ်နေ့ တေးဂီတ ဖျော်ဖြေပွဲအခမ်းအနားကျင်းပနေသည့်အပေါ် ဗုံးကျဲခြင်းဖြစ်ကြောင်း၊

တေးဂီတ ဖျော်ဖြေပွဲတွင် အနုပညာရှင်များ ပြည်သူများ တက်ရောက်နေချိန်လည်းဖြစ်ကြောင်း သိရှိရသည်။

” ဖားကန့် တပ်မဟာ ၉ မှာ သီချင်းဆိုပွဲလုပ်နေတာ။ မနေ့ ည ၉ နာရီလောက်က မအလ တပ်က လေယာဉ်နဲ့ဗုံးကျဲချတာ အနုပညာရှင်တွေ ပြည်သူတွေရော အပါအဝင် ၅၀ ကျော်တော့ ထိခိုက်သေဆုံးမှုရှိတယ်။

စာရင်းတော့ အတိအကျ မသိရသေးဘူး။ ဒဏ်ရာရတာရော၊ သေဆုံးတာရောက ၅၀ ကျော်တယ်လို့ သိရပါတယ်။

ပြည်သူတွေရော အနုပညာရှင်တွေကို အပေါ်က ဗုံးနဲ့ ကျဲချတာပါ ” ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက KIO ၏ ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းရန် အကြိမ်ကြိမ် ဖုန်းခေါ်ဆိုလျက်ရှိပြီး အဆက်အသွယ် မရရှိသေးပေ။

Unicode

source khit thit

Be the first to comment on "စစ်ကောင်စီမှ KIO ကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးခဲ့သည့် အရာရှိများ၊ အနုပညာရှင်များနှင့် ပျက်စီးမှုများ(ရုပ်သံ)"

Leave a comment

Your email address will not be published.

*