မြန်မာသင်္ဘောသား (၁၁) ဦး ပါဝင်တဲ့ တောင်ကိုးရီးယား သင်္ဘောကို အီရန်က ဖမ်းဆီးထားခြင်း နောက်ဆက်တွဲ..
မြန်မာသင်္ဘောသား (၁၁) ဦး အပါအဝင် သင်္ဘောသား (၂၀) ပါဝင်တဲ့ တောင်ကိုးရီးယား Chemical tanker (အီသနော တန်ချိန် ၇၀၀၀ ကျော် တင်ဆောင်ထားတဲ့ သင်္ဘော) ကို အီရန်အစိုးရ စစ်ဖက်က ဖမ်းဆီးထားတဲ့ အတွက် တောင်ကိုးရီးယား က သူတို့ရဲ့ ပင်လယ်ဓားပြရန် ကာကွယ်ရေး အထူးတပ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း တောင်ကိုးရီးယား အစိုးရဟာ ဆိုးလ်မြို့တော်မှာ ရှိနေတဲ့ အီရန် သံအမတ်ကြီးကို ခေါ်တွေ့ပြီး ဖမ်းဆီးထားတဲ့ တောင်ကိုးရီးယား သင်္ဘောကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် တောင်ကိုးရီးယား အစိုးရဟာ သင်္ဘောကို ပြန်လွှတ်ပေးဖို့ အီရန် အစိုးရနဲ့ စကားပြောဖို့ သံတမန်အဖွဲ့ကို တီဟီရန်ကို စေလွှတ်မယ်လို့ ဆိုပါတယ်။
အီရန် အစိုးရက တောင်ကိုးရီးယား ဓာတ်ငွေ့ရည်တင် သင်္ဘောကို ဖမ်းဆီးထားတာဟာ သူတို့ ရေပိုင်နက်အတွင်းမှာ ရေထု ညစ်ညမ်းစေတဲ့အတွက် ဖမ်းဆီးလိုက်တာလို့ ဆိုပေမယ့် တကယ်တမ်းက ပြဿနာဟာ ထင်သလောက် မရိုးရှင်းပါဘူး။ အမေရိကန်နိုင်ငံက အီရန်ကို ပြစ်ဒဏ်ခတ် ပိတ်ဆို့ခြင်း Sanction လုပ်ခဲ့တဲ့ ကိစ္စနဲ့ ဆက်နွယ်ပြီး ကိုးရီးယားဘဏ် တွေမှာရှိတဲ့ အီရန်ရဲ့ ငွေ ၇ ဘီလီယံဒေါ်လာကို ငွေထုတ်ခွင့် ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့တာကို မကျေနပ်တာကြောင့် အီရန်က ယခုလို လက်တုန့်ပြန်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် တောင်ကိုးရီးယားရဲ့ Chemical tanker သင်္ဘောနဲ့ မြန်မာသင်္ဘောသားတွေ ပြန်လည် လွှတ်မြောက်ရေးဟာ မရေမရာ ဖြစ်နေသေးကြောင်း သိရပါတယ်ဗျာ။
(Than Lwin U)
———-

Be the first to comment on "မြန်မာသင်္ဘောသား (၁၁) ဦး ပါဝင်တဲ့ တောင်ကိုးရီးယား သင်္ဘောကို အီရန်က ဖမ်းဆီးထားခြင်း နောက်ဆက်တွဲ"