၂၄နာရီအတွင်း ကျပ်(၅)သိန်းကျော်ပြန်လည်ပြုတ်ကျလာတဲ့ ရွှေဈေး

၂၄နာရီအတွင်း ကျပ်(၅)သိန်းကျော်ပြန်လည်ပြုတ်ကျလာတဲ့ ရွှေဈေး ( ဘာတွေဆက်ဖြစ်မယ် မသိပေမဲ့ ရွှေဈေးကတော့ ထိုးတက်ပါပြီ )

အောက်တိုဘာ ၂၁ရက်က ရွှေအသင်းက ၂၄သိန်းကျော်ဖြင့်ထုတ်ပြန်တဲ့ရည်ညွှန်းဈေးဟာဒီနေ့ အောက်တိုဘာ ၂၂ ရက် ရွှေရည်ညွှန်းဈေးနှုန်း အဖွင့်ဈေးထုတ်ပြန်ရာမှာတော့ ကျပ် ၁၉ သိန်းကျော်အထိ ပြန်လည်ပြုတ်ကျသွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။အောက်တိုဘာလတတိယပတ်အတွင်း YGEAက

ထုတ်ပြန်တဲ့ရွှေရည်ညွှန်းဈေးကမီးလင်းရွှေတစ်ကျပ်သားကိုကျပ်၁၉ သိန်းကျော်ဝန်းကျင်မှာရှိနေခဲ့ပေမယ့် မနေ့ကအောက်တိုဘာ ၂၁ ရက်နေ့ ရွှေအဖွင့်ဈေးထုတ်ပြန်ရာမှာတော့ တစ်ကျပ်သားကို ၂၄၇၅၆၆၅ ကျပ်နဲ့ထုတ်ပြန်လာပါတယ်။ယနေ့ အောက်တိုဘာ (၂၂)ရက် မနက် (၁၀:၀၀)နာရီ ဈေးအဖွင့်မှာတော့ YGEA အသင်းရဲ့ထုတ်ပြန်ချက်အရ

ရွှေဈေး ၁၉၅၂၀၀၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့တာပဲဖြစ်ပြီး မနေ့က ရွှေရည်ညွှန်းဈေး ကျပ်(၅)သိန်းလောက် ခုန်ပြန်မြင့်တက်သွားပြီး ယနေ့မှာတော့ ကျပ်(၅)သိန်းကျော် ပြန်လည် ပြုတ်ကျသွားတာပဲဖြစ်ပါသည်။ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၆၅၇ဒေါ်လာဖြင့်ဒီကနေ့မှာ အတက်ဘက်သို့ဦးတည်နေပါသည်။ မနေ့က အောက်တိုဘာ ၂၁ ရက် YGEAရဲ့ ရွှေအဖွင့်ဈေးကတော့

မီးလင်းရွှေတစ်ကျပ်သားကို ၂၄၇၅၆၆၅ ကျပ်ဖြစ်ပြီး ရွှေအပိတ်ဈေးကတော့ ၂၄၇၁၁၀၀ ကျပ်နဲ့ဈေးပိတ်ခဲ့တာဖြစ်ပါတယ်။

Unicode

Credit

Be the first to comment on "၂၄နာရီအတွင်း ကျပ်(၅)သိန်းကျော်ပြန်လည်ပြုတ်ကျလာတဲ့ ရွှေဈေး"

Leave a comment

Your email address will not be published.

*