နာမည်ပျက်သွားတဲ့ မြန်မာပြည် ရင်ဆိုင်ရမယ့် အချက် (၆) ချက်နဲ့ နောက်ဆက်တွဲ ဂယက်များ

နာမည်ပျက် စာရင်းထဲ ရောက်သွားရင် အောက်ပါ အချက်အလက်တွေကို မြန်မာနိုင်ငံ အနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ် – (၁) နိုင်ငံတကာငွေကြေး အဖွဲ့အစည်း၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးမှုဘဏ်တို့ ကနေပြီး စီးပွားရေး ပိတ်ဆို့ ပြစ်ဒါဏ်ချမှုတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ (၂) အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး။ အကူအညီ။ ရင်းနှီးမြုပ်နှံမှု နဲ့ အခြားသော နိုင်ငံတွင်း ကို စီးဝင်လာမယ့် Cash တွေ အကုန် တားဆီးခံရတာ ငြင်းပယ်ခံရတာမျိုးဖြစ်နိုင်ပါတယ်။

(၃) နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံပိုင် ပုဂ္ဂလိကပိုင် ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေး အဖွဲ့ အစည်းတွေ အပေါ် သူတို့ရဲ့ နိုင်ငံတကာမှာရှိတဲ့ သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ယုံကြည်မှု ကျနိုင်ပါတယ် (၄) ပို့ကုန်သွယ်မှု (Export Trade) တွေ ပိုက်ဆံရတာ ကြာပါမယ်။ (၅) နိုင်ငံတကာ ဘဏ်ဝန်ဆောင်ခတွေ မြင့်လာပါလိမ့်မယ်။ တွဲဖက်လုပ်ကိုင်လိုတဲ့ ဘဏ် ရှားလာပါမယ်။ (၆) နိုင်ငံရဲ့ Credit Rating ကျလာပါမယ်။ အကျိုးဆက်က ပုံသေဝင်ငွေ (Fx inflow) နှေးလာမယ်နည်းလာပါမယ်။

အကျိုးဆက်က ပို့ကုန်ကုမ္ပဏီတွေ တခြားကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်မှု စွမ်းရည်ကျလာပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ရှားလာပါမယ်။ သွင်းကုန်တွေ ဈေးတက်ပါမယ်။ ကုန်ဈေးနှုန်း ပိုတက်လာပါမယ်။ (Michael)

FATF က မြန်မာနိုင်ငံကို Black list စာရင်းထဲ ထည့်လိုက်ပြီတဲ့။ အရင်ကတည်းက ကြိုသိထားပေမယ့် တကယ်ဖြစ်သွားပြီဆိုတော့ အခြေအနေက ပိုဆိုးလာတော့မယ်။ အီရန် နဲ့ မြောက်ကိုးရီးယားပြီးရင် တတိယနိုင်ငံဖြစ်သွားပါပြီ။ အစကတည်းက ဒေါ်လာရှားပါးမှုပြဿနာနဲ့ နိုင်ငံတကာ သွင်းကုန်ပို့ကုန်ပြဿနာတွေ တန်းစီနေရတဲ့အထဲ ခု အမည်ပျက်စာရင်းသွင်းလိုက်တဲ့အတွက် နိုင်ငံတကာ ဘဏ်တွေ အချင်းချင်း မြန်မာနဲ့ လုံးဝ အဆက်ပြတ်သွားမယ့် အခြေအနေဖြစ်သွားပါပြီ။

ဒေါ်လာပြဿနာ ပိုကြီးလာနိုင်သလို၊ ပြည်ပ သွင်းကုန်ပစ္စည်းတွေ အဆမတန်ကြီးမြင့်လာနိုင်ပါတယ်။ နောက်တစ်ခုက မြန်မာလူမျိုးတွေ ပြည်ပထွက်ပြီး ရင်းနှီးမြုပ်နှံဖို့နဲ့ ဘဏ်အကောင့်ဖွင့်ဖို့တောင် ပိုခက်လာနိုင်ပါတယ်။ မြန်မာ ပတ်စ်ပို့မြင်တာနဲ့ အရင်ကတည်းက နှာခေါင်းရှုံ့နေကြပါတယ်ဆို ခုတော့ (Soe Naing)

FATF နာမည်ပျက် စာရင်းထဲ၀င်တာ နိုင်ငံတကာ ကုန်သွယ်ရေးတင်မကပဲ အဲ့ဒီနိုင်ငံက နိုင်ငံသားတစ်ယောက်ချင်းဆီပါ ပြည်ပရောက်တဲ့အခါကျရင် အတော်လေးအခက်ကြုံရပါတယ်။ နိုင်ငံတကာသုံး ဗီဇာကတ်၊ မာစတာကတ် တွေကို ဖွင့်ဖို့ ပိုခက်လာဖို့ရှိသလို ပြည်ပမှာဘဏ်အကောင့်ဖွင့်ရင်လည်း အချက်အလက်အကုန်စုံနေတောင် ကိုယ့်နောက်ကြောင်း ပြန်စစ်ရလို့ တစ်ခါတစ်ရံ လချီကြာတတ်ပါတယ်။

ကျနော်တရုတ်မှာတုန်းက အီရန်ကကျောင်းနေဖက်တစ်ယောက်က တရုတ်ဘဏ်အကောင့်ဖွင့်တာ သုံးလကြာပါတယ်။ တရုတ်ကအီရန်နဲ့ ရင်းနှီးလို့ ဒီလောက်ပဲကြာတာဖြစ်ပြီးတော့ အမေရိကားမှာဖွင့်တာဆို ဒီထက်ပိုဆိုးပြီး အကြိမ်ကြိမ်ငြင်းခံရတယ်ပြောပါတယ်။

ထူးခြားတာက ကျန်တဲ့ အမည်ပျက်တင်သွင်းခံရတဲ့ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေက ပြည်ပထွက်ခဲ၊ ထွက်ရလည်း ခက်‌တော့ ပြဿနာသိပ်မရှိပေမယ့် ရွေ့ပြောင်းလုပ်သားအလွန်များတဲ့ မြန်မာနိုင်ငံသားတွေကျ နိုင်ငံတွေက ဘယ်လိုဆက်‌ဆံမလဲမသိပါ။

ဆိုတော့ပြည်ပထွက်ကြရင် ဘဏ်အခက်ခဲတွေကြုံရနိုင်ချေရှိလို့ အကယ်၍ ကိုယ့်ကိုစကောလားရှစ်ပေးမယ့်ကျောင်း ဒါမှမဟုတ် အလုပ်က ဘဏ်အကောင့်မရမချင်း ငွေမပေးဘူးဆို သုံးနိုင်ဖို့ ငွေအပိုဆောင်သင့် ဆောင်သွားတာ ကြိုပြီးမေးထားတာ ပိုသင့်ပါလိမ့်မယ်။ (Kyi Sin)

Unicode

Be the first to comment on "နာမည်ပျက်သွားတဲ့ မြန်မာပြည် ရင်ဆိုင်ရမယ့် အချက် (၆) ချက်နဲ့ နောက်ဆက်တွဲ ဂယက်များ"

Leave a comment

Your email address will not be published.

*