နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း (Black list) သတ်မှတ်လိုက် ပြီးနောက်ပိုင်း ဘာတွေဖြစ်လာနိုင်လဲဆိုတာ……

နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း (Black list) သတ်မှတ်လိုက်ပါတယ်။

ဘာ​တွေ ဖြစ်လာနိုင်ပါသလဲ?

တစ်ဖွဲ့က​တော့ ​ဒေါ်လာ​စျေး ကျမယ်တဲ့။

ကျွန်​တော်​တော့ အဲ့ဒါနဲ့ ကွဲပြားတဲ့ အမြင်​တွေ ပို​တွေ့ရပါတယ်။

FATF ရဲ့ အမည်မဲစာရင်းထဲ ထည့်တာနဲ့ မဆိုင်တဲ့ အခြား ကိစ္စ​တွေက စကြည့်ကြရ​အောင်ပါ။

နယူး​ယောက်က ကျွန်​တော့် မိတ်​ဆွေ ​ငွေ​ကြေး​စျေးကွက် ကျွမ်းကျင်သူ ကို​ဇော်​ဇော် ရဲ့ သုံးသပ်ချက်က​တော့…..

“၂၀၂၂ နှစ်အတွင်းမှာ အမေရိကန် ဒေါ်လာတန်ဖိုး ၁၅ ရာခိုင်နှုန်းလောက်တက်ပြီး ယူရို ၊ ဂျပန်ယန်း၊ ကနေဒါဒေါ်လာ ၊ ဗြိတိသျှစတာလင်ပေါင် စတာတွေဟာ တန်ဖိုး ၃၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းခဲ့ပါတယ်။

အမေရိကန် ဗဟိုဘဏ်ရဲ့ အချက်အလက်တွေအရ (Foreign Reserves) လို့ ခေါ်တဲ့ နိုင်ငံတကာ အစိုးရနဲ့ ဗဟိုဘဏ်တွေရဲ့ နိုင်ငံခြားအရန်ငွေတွေ ထားရှိတဲ့နေရာမှာ အမေရိကန် ဒေါ်လာက ၆၀ ရာခိုင်နှုန်းလောက် ထားရှိကြပါတယ်။ နိုင်ငံတကာ ကုန်သွယ်တဲ့နေရာမှာ (Invoicing) ပြေစာ လုပ်တဲ့နေရာမှာလည်း ၈၀ ရာခိုင်နှုန်းကို အမေရိကန် ဒေါ်လာနှင့် ပေးချေကြပါတယ်။

ကမ္ဘာ့ နိုင်ငံတွေကြားမှာ ငွေချေး ငွေယူ လုပ်တယ်ဆိုရင် စာရင်းဇယားလုပ်တဲ့ အချိန်မှာလည်း ၆၀ ရာခိုင်နှုန်းက အမေရိကန် ဒေါ်လာနဲ့ပဲ တွက်ချက်ကြပါတယ်။ ဒါ့​ကြောင့် နိုင်ငံတကာ ငွေရေးကြေးစျေးကွက်မှာ အမေရိကန်ဒေါ်လာ အင်မတန် အရေးပါပါတယ်။

ပိုပြီး အရေးပါသွားတာက နိုင်ငံတကာ့ ရွှေ၊ ရေနံ နဲ့ တခြား နိုင်ငံခြားငွေကြေးတွေကို အမေရိကန်ဒေါ်လာနဲ့ တွက်ပြီး ဝယ်ရောင်းကြလို့ပါ။ အမေရိကန်ဒေါ်လာကို ယူရို၊ ဂျပန်ယန်း၊ ကနေဒါဒေါ်လာ၊ ဗြိတိသျှစတာလင်ပေါင် ၊ ဆွီဒင်နဲ့ ဆွစ်ငွေတွေ Swedish krona (SEK), and Swiss franc (CHF) နိုင်ငံခြားငွေ ခြောက်မျိုးနဲ့ ပေါင်းတိုင်းတာပြီး အတက်အကျ ထိန်းညှိပါတယ်။

အမေရိကန်ဒေါ်လာနဲ့ ဒီနိုင်ငံခြားငွေ ခြောက်မျိုးတို့ကြားမှာ (Inverse relationship) လို့ခေါ်တဲ့ ပြောင်းပြန်သက်ရောက်ခြင်းရှိပါတယ်။ အမေရိကန် ဒေါ်လာစျေးတက်ရင် ဒီနိုင်ငံခြားငွေ ခြောက်မျိုးလုံးရဲ့ စျေးကွက်တွေကျပြီး အမေရိကန်ဒေါ်လာစျေးကျရင် သူတို့တက်ပါတယ်။ အမေရိကန်ဒေါ်လာစျေးက အခြားနိုင်ငံခြားငွေတွေနဲ့ ချိတ်ထားပေမဲ့ အမေရိကန်ဒေါ်လာစျေးကပဲ သူတို့အပေါ်မှာ တရားဝင်စျေးကွက်မှာ စျေးအတက်အကျကို သက်ရောက်ပါတယ်။

ဘောဂေဗဒပညာရဲ့ အခြေခံအကျဆုံး ဝယ်/ရောင်း သီအီုရီမှာ ဝယ်လိုအားများလာလို့ အမေရိကန် ဒေါ်လာစျေးနှုံး တက်လာတာ ဖြစ်ပါတယ်။

အမေရိကန် ဗဟိုဘဏ်က အတိုးနှုံးတွေမြင့် လိုက်တော့ ဒေါ်လာကိုရင်းပြီး ငွေတိုက် အတိုးစာချုပ်တွေ ဝယ်ထားရင် အခြား နိုင်ငံခြားငွေတွေနဲ့ ယှဉ်ရင် အမြတ်များလို့ ဝယ်လိုအားများလာတာပါ။ တချိန်တည်းမှာပဲ အမေရိကန် ဗဟိုဘဏ်က ငွေဖေါင်းပွမှုကို ထိမ်းဖို့ (Money Supply) ငွေကြေးထုတ်​ဝေမှုကို လျှော့ချနေပါတယ်။ ဒီတော့ ဒေါ်လာတွေ ငွေကြေး စျေးကွက်ထဲမှာ ရှားပါးလာတယ်။ ရှားပါးတဲ့ ပစ္စည်းကို စျေးကြီးပေးဝယ်ကြရ​တော့ တန်ဖိုး တက်လာပါတယ်။

ဒီလို အမေရိကန်ဒေါ်လာစျေးတက်​တော့ မြန်မာပြည်အတွက် လာမည့်နှစ်တွေမှာ ကုန်စျေးနှုံးတွေ ဒီထက်ပိုတက်နိုင်ပါတယ်။ မြန်မာပြည်ရဲ့ သွင်းကုန်တွေထဲမှာ ကန်ဒေါ်လာစျေးနှင့် ဖြတ်တဲ့ ရေနံမျိုးတွေပါနေပြီး တိုင်းပြည်က ဆပ်နေရတဲ့ နိုင်ငံတကာ ကြွေးမြီတွေကိုလည်း ကန်ဒေါ်လာနှင့် ပေးချေရနေရတာကြောင့် ကာလတိုမှာ မြန်မာစီးပွားရေး အင်မတန်ကြပ်တည်း ပါလိမ့်မယ်။ ယူရို၊ ဂျပန်ယမ်း၊နဲ့ တခြား ခိုင်မာတဲ့ ငွေစျေးတွေတောင် ၃၀ ရာခိုင်နှုန်းလောက်ထိ ကျဆင်းသွားခဲ့ဆိုတော့ အမေရိကန်တစ်ဒေါ်လာ ($1.00) ကို မြန်မာငွေ ကျပ် ၄,၀၀၀-၅,၀၀၀ (MMK 4,000-5,000) လောက်ထိ နောက်နှစ်ဒီလို အချိန်မှာ ရောက်နိုင်မလား” ….

လို့ သုံးသပ်ထားပါတယ်။

ဒါက ကမ္ဘာ့ ​ငွေ​ကြေး ​စျေးကွက်​တွေရဲ့ အ​ခြေအ​နေ ​ကြောင့် မြန်မာ​ကျပ်​ငွေအ​ပေါ် ရိုက်ခတ်နိုင်မှုကို သုံးသပ်ထားတာပါ။

အခု FATF ရဲ့ အမည်မဲစာရင်းထဲ ထည့်တာနဲ့ဆိုင်တဲ့ ကိစ္စ​တွေကို ကြည့်ကြရ​အောင်ပါ။

သွင်းကုန်၊ ထုတ်ကုန်​တွေအတွက် ​ငွေလွှဲတာ​တွေမှာ အ​နှောက်အယှက် အတားအဆီး​တွေ ဖြစ်လာနိုင်လို့..

ပြည်တွင်းက မထုတ်တဲ့ ​လောင်စာဆီ အပါအဝင် သွင်းကုန်​တွေဖြစ်တဲ့ စက်ယန္တယားတွေ၊ လူသုံးကုန်​တွေ၊ ကား​တွေ ​စျေးတက်လာနိုင်ပါတယ်။

ပြည်တွင်းထွက်ကုန်​တွေကို ပြည်ပပို့ဖို့ ခက်ခဲလို့ ပြည်တွင်းထုတ်ကုန်​တွေ ​စျေးကျနိုင်ပါတယ်။ လယ်ယာ စိုက်ပျိုး​ရေး ထွက်ကုန်​တွေ၊ စက်မှုဇုန်​တွေက ထုတ်ကုန်​တွေ ​စျေးကျလို့ လယ်သမား​တွေ၊ ပြည်တွင်း လုပ်ငန်း​တွေ ​ငွေ​တွေ ကြပ်တည်း၊ စီးပွား​ရေး ​နှေးလို့ အ​ရောင်းအဝယ်​တွေ ပါးလာပါမယ်။

ဘဏ်​တွေမှာ ​ ပြန်မဆပ်နိုင်တဲ့ ချေး​ငွေ​တွေ ပိုများလာပါမယ်။

ကျွန်​တော် စဥ်းစား​နေမိတာက …

ဗီဇာ (Visa)၊ မာစတာ (Master) စတဲ့ နိုင်ငံတကာသုံး ​ငွေ​ပေး​ချေမှု ကတ်​တွေ များ ပြန်ထွက်သွားနိုင်သလား ​လို့ စဥ်းစား​နေမိပါတယ်။

ဗီဇာ (Visa)၊ မာစတာ (Master) ကတ်​တွေနဲ့ ပတ်သက်၍ ​သော်လည်း​ကောင်း၊ အခြား ဖြစ်နိုင်​ခြေရှိတဲ့ သက်​ရောက်မှု​ (impacts) တွေနဲ့ ပတ်သက်၍ ​သော်လည်း​ကောင်း မိတ်​ဆွေတို့ရဲ့ထင်မြင်ယူဆချက်​တွေကို ကြားချင်၊ ဖတ်ချင် ပါတယ်။

ထပ်တိုး သတင်း။ ။ ​

မြန်မာစံ​တော်ချိန် ည ၁၁:၃၀ ခန့်မှာ ငွေ​ကြေး ​စျေးကွက် ​တွေမှာ အ​မေရိကန်​ဒေါ်လာနဲ့ မြန်မာ​ငွေ လဲလှယ်နှုံး ၁၅% ခန့် တက်သွားတယ်လို့ သိရှိရပါတယ်။

Unicode

Zaw Naing

Be the first to comment on "နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း (Black list) သတ်မှတ်လိုက် ပြီးနောက်ပိုင်း ဘာတွေဖြစ်လာနိုင်လဲဆိုတာ……"

Leave a comment

Your email address will not be published.

*